We have 127 guests and no members online

တောင်ကြီး ဇူလိုင်-၅

Untitled 7
ရှမ်းပြည်နယ်Coronavirus Disease 2019(COVID-19)ထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၅)ရက်နံနက်(၁၀)နာရီခွဲကတောင်ကြီးမြို့ရှမ်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှမ်းပြည်နယ်Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးနေလင်းက ယခုအစည်းအဝေးသည် အရေးပေါ်တုံ့ပြန်ရေးအစည်းအဝေး တတိယအ ကြိမ်ဖြစ်ပါကြောင်း၊လက်ရှိအခြေအ နေတွင်မိမိတို့အနေဖြင့်ကိုဗစ်-19ရောဂါကို မည်ကဲ့သို့ကာကွယ်ထိန်းချုပ် ကုသရမည်ကိုဆွေးနွေးတိုင်ပင်ရန်အတွက် ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် တောင်ကြီးမြို့ကိုအခြေခံဆွေး နွေးသွားမည်ဖြစ်ကြောင်း၊ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးကိုခြုံငုံဆွေးနွေး မည်ဖြစ်ကြောင်း၊ လိုအပ်ချက်များရှိ ပါကညှိနှိုင်းတိုင်ပင်ကာ အစည်းအဝေးဆုံးဖြတ်ချက်ကို အမြန်ဆုံးအကောင်အထည် ဖော်ရန်လိုအပ်ပါကြောင်း၊ယနေ့တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများကလည်း မိမိလက်အောက်ရှိခရိုင်အဆင့် များကိုထပ်ဆင့်ဆွေးနွေးပေးရန် လိုအပ်ပါကြောင်း၊ လိုအပ်ပါကပြည်နယ် အဆင့်မှ ကူညီဆောင်ရွက်ပေးရန် နှင့်ဒီထက်မကလိုအပ်ပါက ကိုဗစ်-၁၉ဗဟိုအ ဆင့်ကိုတင်ပြပေးသွားမည် ဖြစ်ပါကြောင်း၊ယခုလက်ရှိတွင်Quarantine Centerနှင့် ကုသရေးစင်တာများလို အပ်ပါကြောင်း၊ ခရိုင်နှင့်မြို့နယ်များ တွင် လုံလောက်မှုရှိသော်လည်း ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ပါကြောင်း၊ အချို့မြို့နယ်များတွင်Quarantine Center မရှိသေးသည့်မြို့နယ်များရှိ နေသေးပါကြောင်း၊ကုသရေးအပိုင်း တွင်နေရာရှာဖွေမှုရရှိထားသော်လည်း ယခင် စင်တာမျိုးမဟုတ်ဘဲ ကုသရေးအပိုင်းဖြစ်သောကြောင့် ဘာတွေ များလိုအပ်မည်နည်း၊လိုအပ်သည့် များရှိပါက ချက်ချင်းကြိုတင်ပြင်ဆင် ရန်လိုအပ်ပါကြောင်း၊ မိမိတို့ရုံးအဖွဲ့အ နေဖြင့်လည်းQuarantine Center စာရင်းထက်ကုသရေးဆိုင်ရာစာရင်း ကိုကောက်ယူရမည်ဖြစ်ကြောင်း၊ Mask ကမ်ပိန်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်နှင့် စစ်ဆေးရေး ဂိတ်များတွင်လိုအပ်မည့်ပစ္စည်းများလိုအပ်ပါကပြည်နယ်အဆင့်မှ ကူညီဆောင်ရွက် ပေးပြီး ယခုကာလတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားသွားသည်။
ဆက်လက်၍အစည်းအဝေးသို့တက်ရောက်လာသည့်ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ခရိုင်မြို့နယ်အဆင့်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ ဆွေးနွေးတင်ပြကြပြီးအထွေထွေဆွေးနွေး ကြကာ ရှမ်းပြည်နယ်Coronavirus Disease2019(COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတွဲဖက်အတွင်းရေးမှူးဦးနေလင်း မှနိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ