We have 347 guests and no members online

တောင်ကြီး ဇူလိုင် - ၆

Untitled 9

ကမ္ဘာနှင့်တစ်ဝှမ်း COVID-19 ရောဂါများ ကူးစက်ပြန့်နှံ့ခံစားလျက်ရှိရာ ယခု တတိယအကြိမ်တွင် ပိုမိုကူးစက် ပြန့်နှံ့လျက်ရှိနေသောကြောင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် Mask campaign ပြုလုပ်ခြင်းများကို ဇူလိုင် ၆ ရက် နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ တောင်ကြီး- ကျောက်တစ်လုံး သွား ကားလမ်း အဝေရာမီးပုံးပျံကွင်းထိပ်နေရာ၌ တောင်ကြီးမြို့တွင်း ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ် မောင်းများ၊ ဆိုင်ကယ်စီးနင်းသူများ၊ ဈေးလာရောက်ဝယ်ယူသူ ဒေသခံပြည်သူများအား Mask များကို အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ COVID-19 ရောဂါ အသိပညာ‌ပေးဟောပြောခြင်း Mask campaign ပြုလုပ်ရာတွင် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းထွေးနှင့်အဖွဲ့ဝင်များ၊ တောာင်ကြီးမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဒေါ်ခင်မို့နှင့် တပ်ဖွဲ့ဝင်များမှ Mask အခုရေ (၅၀၀)အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ