တောင်ကြီး ဇူလိုင် - ၁၄

91
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးရုံးချုပ်(လေ)အစီအစဥ် ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်အတွင်း သစ်ပင်ပေါက်ရောက်မှုမရှိသည့် အင်းလေး အရှေ့ကြိုးဝိုင်းနှင့် အင်းလေးအနောက်ကြိုးပြင် ကာကွယ်တောအတွင်း သစ်စေ့မြေလုံး (seed Ball)များကို ဇူလိုင် (၁၄)ရက်၊ နံနက်(၉)နာရီခွဲက ဟဲဟိုးမြို့၊ လေယာဥ်ကွင်းမှ ရဟတ်ယာဥ်ဖြင့် ကြဲချပေးကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်၊ အင်းလေးအရှေ့ကြိုးဝိုင်းအတွင်း (၆၃၄၆)ပေရှိ တောင်ကတုံး၊ အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောအတွင်း (၄၈၆၂)ပေရှိ တောင်ကတုံးများပေါ်တွင် Seed Ball အလုံးပေါင်း (၂၀၀၀၀၀)လုံး (၆)ပြည်ဝင် ပီနံအိတ်ပေါင်း (၂၀၀)လုံး ပါဝင်သည့် သစ်မျိုးပေါင်း ဒေသမျိုး အပါအဝင် သစ်မျိုး (၈)မျိုးဖြစ်သည့် မယ်ဇလီ၊ ထင်းရှူး၊ ကယ်ရီရားနား၊ ဘောစကိုင်း၊ မန်းကျည်း၊ ရေသင်းဝင်၊ မျောက်ငို၊ ပင်စိမ်းတို့ကို ကြဲချစိုက်ပျိုး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အင်းလေးကန် ရေဝေရေလဲ ဒေသများတွင် ရဟတ်ယာဥ်ဖြင့် ကြဲချစိုက်ပျိုးခြင်းကို အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး၊ တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင် သစ်တောဦးစီးဌာန၊ ခရိုင်မှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

ရှမ်းပည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ