တောင်ကြီး ဇူလိုင်-၁၄

Untitled 100
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊အဖွဲ့ဝင် ဒုတိယဗိုလ်မှူး ကြီးသက်ဦး၊ခရိုင်ရဲတပ်ဖွဲ့မှူး၊ပြည်နယ်ကြက်ခြေနီဒုတိယတပ်ခွဲမှူးတို့နှင့် အတူ ဇူလိုင်(၁၄)ရက်နံနက်(၁၁)နာရီက ကလောမြို့နယ် အောင်ပန်း ဟိုက်ဒရိုကွင်းမြို့ခန်းမ၌ အောင်ပန်းမြို့စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် covid-19ရောဂါ ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက် တွေ့ဆုံကြောင်းသိရသည်။
တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ဇူလိုင်(၁၃)ရက်ကရှမ်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၏အစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရာတွင်အောင်ပန်းမြို့တွင် covid-19ရောဂါပိုးတွေ့ရှိမှုပြန့်ပွားနေသဖြင့် ကုန်တင်ကုန်ချနှင့်ကားဝင်းများကိုနေရာနှင့်စည်းကမ်းချက်သတ်မှတ်နိုင်ရေး ၊ ပညာရေးကဏ္ဍတွင်လည်း မြို့နယ်ပညာရေးမှူးနှင့်ညှိနှိုင်းကာ ကျောင်းများပြန်လည်ဖွင့်နိုင်မှုရှိမရှိဆောင်ရွက်ရန် ယခင်ဒုတိယအကြိမ်လိုမျိုး မနက်ပိုင်းညနေပိုင်းခွဲခြားသတ်မှတ်မှုမျိုး ဆောင်ရွက်နိုင်မလား၊ ကျောင်းများပိတ်ထားလို့မရ ကျောင်းသား၊ကျောင်းသူများပညာရေးကဏ္ဍ နောက်ကျမည်ကို လည်းစိုးရိမ်ရပါကြောင်း ၊ယခုအချိန်တွင်ဝါတွင်းကာလ ရောက်တော့မည်ဖြစ်၍ဘုန်းကြီးကျောင်း တက်မည်သူများကို ရပ်ကွက်အလိုက် အချိန်သတ်မှတ်ပေးရန်၊စည်ပင်ကဏ္ဍ တွင်လည်းဈေးများကို ပျံကျဈေး တစ်နေရာသာသတ်မှတ်ရန်နှင့်Maskမ တပ်သူများကိုဒဏ်ကြေးအဖြစ် ငွေကျပ် (၅၀၀) ဒဏ်ငွေ ပေးဆောင်စေပြီး mask တပ်နိုင်အောင်ဆောင်ရွက်ပေးရန် စသည့်တို့ကို မှာကြားပြောကြားသွားကြောင်းသိရသည်။
ဆက်လက်၍တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခရိုင်ရဲတပ်ဖွဲ့မှူးမှလုံခြုံရေးကိစ္စရပ်များဆွေးနွေးပြီးကလော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးပြည့်ဖြိုးငြိမ်းမှဆွေးနွေးတင်ပြကာတက်ရောက်လာသူများမှအထွေထွေဆွေးနွေးကြ ပြီးတောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးကို ကိုလွင်ကနိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ