We have 587 guests and no members online

တောင်ကြီး ဇူလိုင် − ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင် (၂၀)ရက်၊ နံနက် (၁၀) နာရီက ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ အမှူးပြုသော ဧည့််ပရိတ်သတ်တို့က နမော တဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါ စရိယအဂ္ဂ မဟာပဏ္ဍိတ၊ အဂ္ဂမဟာကဓ္မဌာနစရိယ တောင်ကြီးမြို့၊ စွန်းလွန်းဂူကမ္မဌာန်းကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဆရာတော် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ တေဇဝန္တထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ