တောင်ကြီး ဇူလိုင်-၂၁

Untitled 1
ရှမ်းပြည်နယ် Coronavirus Dissease2019 ကိုဗစ် - (၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ် - (၁၉) ရောဂါကာကွယ်၊ထိန်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို ဇူလိုင်(၂၀)ရက်ညနေ (၃)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှမ်းပြည်နယ်Coronavirus Disease 2019 ကိုဗစ် - (၁၉) ထိန်း ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်းမှာ ကိုဗစ် - (၁၉) ရောဂါတတိယလှိုင်းဖြစ်ပွားသည့် ကာလအတွင်းရှမ်းပြည်နယ်အတွင်းရှိမြို့နယ်များ တွင် ၂၀၂၁ခုနှစ်ဇွန်လ(၁)ရက်နေ့မှစ၍ရောဂါကူးစက်ပျံနှံ့မှုများပြားလာပြီးယနေ့အထိရောဂါပိုးကူးစက်သူ (၉၉၇၉)ဦး ကူးစက်ပျံနှံ့ခဲ့ပြီးရောဂါပိုး ပြန်လည်ကင်းစင်လာသူ(၄၂၉၅)ဦး သေဆုံးသူ(၂၁၁)ဦးရှိပြီး ကျန်ရှိသည့် ရောဂါပိုးတွေ့အတည်ပြုလူနာ(၅၄၇၃)ဦးအား သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ယနေ့အချိန်ထိလောက်ကိုင်မြို့တွင် ရောဂါပိုးတွေ့ရှိသူ(၂၂၃)ဦး အထိကူးစက်ပျံ့နှံ့ခဲ့ပါကြောင်း ၊ တောင်ကြီး မြို့တွင်လည်းရောဂါကူးစက်ဖြစ်ပွားမှုမြင့်မားလာရာ ၂၀၂၁ခုနှစ်ဇွန်လ(၁) ရက်နေ့မှဇူလိုင်(၁၉)ရက်နေ့အထိ(၈၆၄)ဦးအထိကူးစက်ပျံ့နှံ့ခဲ့ပြီး သေဆုံးသူ(၂၂)ဦး၊ပိုးကင်းစင်(၂၀၀)ဦးရှိပါ ကြောင်း၊ဇူလိုင်(၁၉)ရက်နေ့ပြည်နယ် စာရင်းအရ ရောဂါပိုးတွေ့ရှိသူ(၁၄၈)ဦးဖြစ်ပြီး သေဆုံးသူ(၂)ဦး တွေ့ရှိရသည့်အတွက်တောင်ကြီးမြို့အတွင်းရောဂါကူးစက်ပြန့်ပွားမှုနှုန်းလျော့နည်းကျဆင်းစေရေးဆောင်ရွက်နိုင်ရန် နည်းလမ်းလမ်းများရှာဖွေ၍ဝိုင်းဝန်း ကိုဗစ် - (၁၉) ရောဂါကူးစက်ဖြစ်ပွားလျက်ရှိရာရောဂါပိုးတွေ့ပြင်းထန်လူ နာများအားOxygenသုံးစွဲ၍ကျန်းမာ ရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဆရာဝန်များ၏ ညွှန်ကြားချက်နှင့်အညီ သာသုံးစွဲသင့်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းလိုအပ်လျက်ရှိသည့် Oxygen များအားဖြည့်ဆည်းနိုင်ရေးအတွက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှတောင်ကြီးမြို့တွင် Mobile Oxygen Plant တစ်ခုနှင့် အောက်စီဂျင်(၄၀)လီတာအိုး(၁၀၀)လုံးဝယ်ယူရေးဆောင်ရွက်ထားရှိရာ (၃၅)လုံးရရှိပြီးဖြစ်ပါကြောင်း၊ လွိုင်လင်၊နမ့်စန်မြို့တွင်လည်းOxygen Plant(၁)လုံး၊ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်မြို့နှင့်ရှမ်းပြည်နယ်(အရှေ့ ပိုင်း)မိုင်းဆက်မြို့များတွင်လည်းOxygen Plantများတပ်ဆင်ရေးစီစဉ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ အလားတူOxygen Plant များအား ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ရှမ်းတောင်ပရဟိတလူမှု ကွန်ရက်(တောင်ကြီး)မှဖာမွန်းကျေးရွာရှိ သဲအင်းဂူကျောင်းတိုက်တွင် Oxygen Plant (၁)ခု အားလည်းကောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး၊ လောင်ကိုင်၊ကျောက်မဲမြို့နှင့်မိုးမိတ် မြို့များတွင်Oxygen Plant(၄)ခုအား လည်းကောင်း၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နှင့်တာချီလိတ်မြို့များတွင်Oxygen Plant(၂)ခုအား လည်းကောင်း၊ အသီးသီးတပ်ဆင် အသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိ ပြီးတောင်ကြီးမြို့ နိုင်ရတနာဆိုင်နှင့် နိုင်ငံခြားငွေလဲလှယ်ရေးမိသားစုမှ တစ်ရက်လျှင်(၁၅)လီတာအောက်စီဂျင် အိုး(၂၀၀)လုံးထုတ်လုပ်ပေးနိုင်သော Oxygen Mobile Plantအားလှူဒါန်း ပေးသွားမည်ဖြစ်ပြီးသြဂုတ်လပထမ ပတ်တွင်တောင်ကြီးမြို့သို့ရောက်ရှိနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ကိုဗစ် - (၁၉) ရောဂါတတိယလှိုင်း ဖြစ်ပွားသည့်ကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိမြို့နယ်များတွင်Community Bassed Facility Quarantine Center စုစုပေါင်း(၁၆၁)ခုဖွင့်လှစ်၍ ဌာနဆိုင်ရာများ၊ကျန်းမာရေးဝန် ထမ်းများ၊Volunteer များ၊အထော က်အကူပြုအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့စုစု ပေါင်းအင်အား(၁၅၈၁)ဦး နှင့်ပရဟိတအသင်းအဖွဲ့(၁၆၉)ဖွဲ့မှအင်အား(၁၈၄၆)ဦး၊စုစုပေါင်း(၃၄၂၇)ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါ ကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှလည်းမြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် ကိုဗစ် - (၁၉) ရောဂါကူးစက်ပျံ့နှံ့မှုအားကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများထပ်မံမှာယူထားရှိပြီး၂၀၂၁ ခုနှစ်အတွင်း လူဦးရေ၏ (၅၀)ရာခိုင်နှုန်းထိုးနှံပြီးစီးရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း ၊ယနေ့အစည်း အဝေးကိုတက်ရောက်လာကြသော တာဝန်ရှိသူများအနေဖြင့် ရှမ်းပြည်နယ်အတွင်းရောဂါကူးစက်ပြန့်ပွားမှုဟန့်တားထိန်းချုပ်နိုင်ရေးအတွက်ကိုယ် စွမ်းဉာဏ်စွမ်းရှိသလောက် ဆောင်ရွက်ပေးကြရန်ပြောကြားသွားသည်။
ဆက်လက်၍အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ရှမ်းပြည်နယ်Coronavirus Disease 2019 ကိုဗစ် - (၁၉) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတွဲဖက်အတွင်းရေးမှူးရှမ်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဦးနေလင်းတို့မှဆွေးနွေး တင်ပြကြပြီး အစည်းအဝေး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြ၍ အထွေထွေဆွေးနွေးကြပြီး ကိုဗစ် - (၁၉) ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့်အလှူငွေများ ပေးအပ်လှူဒါန်းရာ ငွေရည်ပုလဲကုမ္ပဏီမှOxygen Plant(၁)လုံးနှင့်သိန်း(၂၀၀)၊ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ PPEနှင့်Mask တို့ကိုပေးအပ်လှူဒါန်းပေးရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းမှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ် - (၁၉) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ