We have 150 guests and no members online

တောင်ကြီး ဇူလိုင်-၂၇

96
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုလွင်နှင့် အဖွဲ့ဝင်များ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌအောင်ပန်းမြို့နယ်အုပ်ချုပ်ရေးနှင့် တာဝန်ရှိသူတို့သည် ဇူလိုင်(၂၅) ညနေ့ပိုင်းက အောင်ပန်းမြို့ ဟိုက်ဒရိုကွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမပြန့်ပွားရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကုန်တင်ကုန်ချ မော်တော်ယာဉ်ကားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူတို့သည် အောင်ပန်းမြို့မိုးကုတ် ဝိပဿနာဓမ္မာရိပ်သာကျောင်း၌အောက် စီဂျင်စက်ရုံတည်ဆောက်မည့်နေရာနှင့် positive အတည်ပြုလူနာထားရှိ သည့် Quarantine Center တို့ကိုသွား ကြည့်ရှု၍လိုအပ်သည်များမှာကြားခဲ့သည်။ အောင်ပန်းမြို့ အတွက်အောက်စီဂျင်ကိုလုံလောက်စွာရရှိနိုင်ရန်အတွက် သြဂုတ်လ(၂၅)ရက်မှာစက်ရုံကိုအပြီး သတ် တည်ဆောက်၍ စက်လည်ပတ် နိုင်မှာပါအောက်စီဂျင်ကို(၁)ရက်လျှင် (၄၀)လီတာအိုး(၈၀)လုံးထွက်ရှ်မှာဖြစ်ပြီး (၁)ရက်ကိုစက်မောင်းချိန်(၃)နာရီလည်ပတ်ပြီးအောက်စီဂျင်ပစ္စည်းအစုံနှင့်အိုး(၁၀၀)ရှိပါတယ်၊စက်ကို တော့ ရန်ကုန်မှာထားပါကြောင်းနှင့် အောင်ပန်းမြို့အတွက်လုံလောက်မှုရ ရှိနိုင်ပါကြောင်း အောင်ပန်းမြို့ပရဟိတ ဥက္ကဋ္ဌဦးကိုလေးကပြောသည်။ အဆိုပါအောင်ပန်းမြို့မိုးကုတ်ဝိပဿ နာဓမ္မာရိပ်သာကျောင်းQuarantine Centerတွင် positive အတည်ပြုလူ နာ(၁၇၇)ဦးရှိကြောင်းနှင့် အောက်ဆီဂျင် စက်ရုံကို မိုးကုတ် ဝိပဿနာ ဓမ္မာရိပ်သာကျောင်းဝင်း၌ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ