We have 513 guests and no members online

တောင်ကြီး ဇူလိုင်-၂၇

Untitled 1
ကိုဗစ် -၁၉ရောဂါပိုးများကူးစက်ပြန့်နှံ့မှုလျော့ကျနိုင်ရေးအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တောင်ကြီးမြို့ပေါ်ရှိ ပရဟိတအဖွဲ့များနှင့် ဇူလိုင်(၂၆)ရက်နံနက်(၁၀)နာရီက တောင်ကြီးမြို့ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးအ စည်းအဝေးခန်းမ၌တွေ့ဆုံကြောင်းသိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးလှဦးက တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ ရပ်စောက်မြို့ တို့ကို Stay at home အဖြစ်ကြေငြာပြီးဖြစ်၍ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များပြားလာသဖြင့် တက်ရောက်လာသည့် ပရဟိတအဖွဲ့များနှင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါက ရှမ်းပြည်နယ်အတွင်း ရောဂါပိုးကူးစက်မှုနှုန်းလျော့ကျသွားမည်ဖြစ်ပါကြောင်း၊လူနာသယ်ယူပို့ဆောင်ရာတွင်လည်း Quarantine Centerများ တွင် သွား ရောက်သယ်ဆောင်ရာတွင် ပရဟိတအဖွဲ့များပါဝင်ဆောင်ရွက် ပေးပါကြောင်း၊ယခုလက်ရှိတွင်ကျန်းမာရေးဝန်ထမ်းအင်အားနည်းပါးနေသဖြင့် ပရဟိတအဖွဲ့ကို အကူအညီရယူပြီး အတွေ့အကြုံများနှင့်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ယနေ့ပရဟိတအဖွဲ့ကိုခေါ်ယူတွေ့ဆုံ၍ ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသွားသည်။
ဆက်လက်၍ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးစိုင်းလိတ်နှင့် အတွင်းရေးမှူးဦးနေလင်းတို့က ကိုဗစ် -၁၉ ရောဂါပိုးကူးစက်ပြန့်နှံ့မှုလျော့ကျနိုင်ရေးအတွက်ထိန်းချုပ်၊ကုသမှု ဆောင်ရွက်နိုင်ရန်နှင့်ပတ်သက်၍ရှင်း လင်းဆွေးနွေးသွားကြပြီးတက်ရောက်လာသည့်တောင်ကြီးမြို့ပေါ်ရှိပရဟိတအဖွဲ့များကတစ်ဦးချင်းမိတ်ဆက်ကြကာလုပ်ငန်းအတွေ့အကြုံနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းကိစ္စရပ်များကိုဆွေးနွေးပြောကြားကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ