တောင်ကြီး ဇူလိုင်-၂၈

002
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကိုဗစ် -၁၉ ရောဂါကာကွယ်၊ထိန်းချုပ် ၊ ကုသနိုင်ရေးနှင့်ရောဂါပိုးပြန့်နှံ့မှုလျော့ကျစေရေးအတွက် ဇူလိုင်(၂၈)ရက် နံနက် (၁၀)နာရီက တောင်ကြီးမြို့ခရိုင်၊မြို့ နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ တောင်ကြီးခရိုင်၊မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ကော်မတီအဖွဲ့ဝင် များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုလွင်က ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကူးစက်ပြန့်နှံ့မှု အတွက် ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ရောဂါပိုးကူးစက်ပြန့်နှံ့မှု လျော့ကျနိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက်ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများကိုကော်မတီ အလိုက် တာဝန်ခွဲပေးမှုအား ရှင်းလင်း ခြင်းနှင့်တောင်ကြီးခရိုင်အတွင်းရှိမြို့ နယ်များတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးနိုင်ရေးလုပ်ငန်းစီမံချက်များကိုရှင်းလင်းပြောကြားသွားသည်။
ဆက်လက်၍ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးသက်ဦး၊တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ကြီးဇော်ဌေးဦးတို့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ့ပေးမှုတွင် တာဝန်ချထားပေးသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီးအစည်းအဝေးတက်ရောက်လာသူများမှအထွေထွေဆွေးနွေးတင်ပြကြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကို ကိုလွင်မှနိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်းသိရသည်။
ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊တာဝန်ရှိသူတို့သ ညကိုဗစ်-၁၉ ရောဂါပိုးPositive အတည်ပြုလူနာများထားရှိနိုင်ရန် ကလေးအထူးကုဆေးရုံအဆောင် နှင့်အမျိုးသမီးနှင့် သားဖွားမီးယပ်ကလေးအထူးကုသ ဆောင်သစ်နှင့်အောက်ဆီဂျင် ရရှိမှု အောက်ဆီဂျင်ဖြန့်ဝေနိုင်မှု တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ