တောင်ကြီး ဇူလိုင်-၂၉

004
ကိုဗစ်-၁၉ရောဂါပိုးများသည် ယခုအ ချိန်တွင်တတိယလှိုင်းအဖြစ်နိုင်ငံအနှံ့ ကူးစက်ဖြစ်ပွားလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးများကူးစက်ပြန့်နှံ့မှုလျော့ကျရေးနှင့်ကာကွယ်၊ထိန်းချုပ်၊ကုသ နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ဆေးများသည်ဇူလိုင်( ၂၉)ရက်နံနက်ပိုင်းကရှမ်းပြည်နယ် (တောင်ပိုင်း)အတွက်အလုံး(၂၆၄၀၀) လုံးကိုရန်ကုန်မြို့မှ တပ်မတော်လေယာဉ်ဖြင့် ဟဲဟိုးလေဆိပ်သို့ရောက်ရှိလာပြီး ဟဲဟိုးလေဆိပ်မှမော်တော်ယာဉ်ဖြင့် တောင်ကြီးမြို့သို့သယ်ဆောင်လာ ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို (၆၅) နှစ်အထက်အဘိုး၊အဘွားများကိုစတင်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးခန်းမ ၊ ဓနု ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင် ဘိုးဘွားရိပ်သာနှင့် အ.ထ.က ကျောင်း ၊ ကလောမြို့နယ်တို့ တွင်မြို့နယ်ခန်းမတို့ ၌ နံနက်(၈)နာရီမှညနေ(၄)နာထိဆေးများကို ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ