We have 125 guests and no members online


တောင်ကြီး ဇူလိုင်-၃၀

005
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း ၊ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင် ၊ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရဲထွေးနှင့်တာဝန်ရှိသူများသည် ဇူလိုင်(၃၀)ရက်နံနက် (၉)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ဒေသဦးစီးအဖွဲ့ရုံးခန်းမ၌ (၆၅)နှစ် အထက်အဘိုး၊အဘွားများ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ Mask(၁)သောင်းကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်တို့မှ ပေးအပ်လှူဒါန်း ပေးရာ တာဝန်ရှိသူများကလက်ခံရယူကြကြောင်းသိရသည်။

006

ဆက်လက်၍ရှမ်းပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီက္ကဋ္ဌ ၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊တာဝန်ရှိသူများသည်တောင်ကြီးမြို့၊မြို့တော်ခန်းမ ၌အသက်(၆၅)နှစ်နှင့်အထက်အဘိုး အဘွားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုကို ကြည့်ရှုအားပေး ကြပြီးရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ Mask(၁)သောင်းကိုပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်တို့မှ ပေးအပ်ရာတောင်ကြီးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး အောင်မြင့်ဆွေမှလက်ခံရယူသည်။
ထို့နောက်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း နှင့်အဖွဲ့ဝင်များသည် တောင်ကြီးမြို့နယ်တောင်လေးလုံးကျေးရွာခေါင်တိုင်လမ်းခွဲတွင် ဖွင့်လှစ်ထားသောကိုဗစ် -၁၉ ရောဂါစစ်ဆေးရေးဂိတ်အား ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီးတာဝန်ကျ ဝန်ထမ်းများအားခေါက်ဆွဲခြောက်၊ ကြက်ဥ၊သောက်ရေသန့် ၊ထောက်ပံ့ ငွေကျပ်(၁၀)သိန်းထောက်ပံ့ပေးအပ် လှူဒါန်းပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများကလက်ခံရယူကြသည်။
ယင်းနောက်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတို့သည်တောင်ကြီးခရိုင် ကလောမြို့နယ် မြို့နယ်ခန်းမတွင် အသက်(၆၅)နှစ်နှင့် အထက်အဘိုး၊အဘွားများ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးများထိုးနှံနေမှုအား ကြည့်ရှုအားပေးပြီး Mask (၁) သောင်း ပေးအပ်လှူဒါန်းရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ လက်ခံရယူ၍ ၊ ကလောမြို့အဝင်ရေယားတွင်ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးဂိတ်သို့သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ကျဝန်ထမ်းများအားကြက်ဥ၊ခေါက်ဆွဲခြောက်နှင့် ထောက်ပံ့ေငွကျပ် (၁၀)သိန်းတို့ကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များက ပေးအပ်ရာ တာဝန်ကျဝန်ထမ်းများက လက်ခံရယူကြကြောင်းသိရသည်။

007

၄င်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ဒေသဦးစီးခန်းမနှင့် ဓနုမြေ ဘိုးဘွားရိပ်သာတို့တွင် အသက်(၆၅)နှစ်နှင့်အထက်အဘိုး၊အဘွားများ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံနေမှုများအား ကြည့်ရှုအားပေးပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပင်းတယမြို့အတွက် Mask(၁) သောင်းစီနှင့် ဓနုမြေ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ခြုံစောင်များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်ကျော်ထွန်း နှင့်အဖွဲ့ဝင်များကထောက်ပံ့ပေးအပ် ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဘိုးအဘွားများကအသီးသီးလက် ခံရယူကြသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို မနက် (၉) နာရီမှ (၄) နာရီအထိ ထိုးနှံပေးမည်ဖြစ်ပြီး အသက်(၆၅)နှစ်နှင့်အထက်အဘိုး၊အဘွားလာရောက်ထိုးနှံမှုတွင် ဇူလိုင်(၃၀)ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့တွင်စုစုပေါင်း (၄၇၄) ဦး၊တောင်ကြီးမြို့နယ်တွင် (၆၄၂ )ဦး၊ကလောမြို့နယ်တွင်စုစုပေါင်း (၂၀၄) ဦး ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့ဒေသဦးစီးခန်းမတွင် (၂၃၆)ဦး၊ဓနုမြေဘိုးဘွားရိပ်သာတွင်(၂၆)ဦး နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharmကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို(၁)လုံးလျှင် (၂)ဦးနှုန်းထိုးရကြောင်းနှင့် ဆေးထိုးပြီးပါက မိနစ်(၂၀) ခန့်နားနေစေ၍ ဆေးထိုးပြီး မူးမော်ပါက ဆေးကုသရန်အခန်းများလည်းပြင်ဆင်ထားရှိကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ