တောင်ကြီး ဇူလိုင် - ၃၁

008
ရှမ်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများတို့နှင့် ဇူလိုင် (၃၁) ရက် နံနက် (၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
ရှမ်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ကိုဗစ် - ၁၉ နှင့် ပတ်သက်၍ တတိယလှိုင်းဖြစ်ပွားမှုတွင် ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်များ၌ ဇွန်လ - ၁ ရက်နေ့မှ စတင်၍ ရောဂါပိုး ကူးစက်ပြန့်နှံမှုသည် ယနေထိ ပိုးကူးစက်သူ (၁၆၁၅၃) အထိ ကူးစက်ပြန့်ပွားခဲ့ပြီး ရောဂါပိုးကင်းစင်သူ (၉၁၅၇) ဦး သေဆုံးသူ (၄၆၉) ဦးရှိပြီး ကျန်ရှိသည့် ရောဂါပိုး မတွေ့အတည်ပြုသူ ၊ ၆၅၁၇ ဦးကို သက်ဆိုင်ရာ မြို့နယ်ရှိ ကုသရေး ဆေးရုံ ၊ ကုသရေး Center ၊ Quaratine Center တွင် ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူလျက်ရှိပါကြောင်း ၊ ရှမ်းပြည်နယ် အတွင်း ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ဇူလိုင် - ၂၅ ရက်စာရင်းအရ ရောဂါဖြစ်ပွားသူ (၁၃၈၂၁) ဦး ဇူလိုင် - ၃၀ ရက်နေ့တွင် (၁၆၁၅၃) ဦး ရောဂါပိုး ပြန်လည်ကင်းစင်သူ ဇူလိုင် - (၂၅) ရက်နေ့ စာရင်းအရ (၇၀၁၈) ဦးနှင့် ဇူလိုင် (၃၀) ရက်နေ့တွင် ရောဂါ ကင်းစင်သူ (၉၁၅၇) ဦး ၊တို့ ပိုးကင်စင် ဦးရေများ တိုးတက်လာမှုကို တွေ့ရှိရပါကြောင်း တောင်ကြီးမြို့တွင် ရောဂါပိုးတွေ့ရှိသူ ဇူလိုင် - (၃၀) ရက်နေ့စာရင်းအရ (၂၀) ဦး သေဆုံးသူ (၅) ဦး ၊ ညောင်ရွှေမြို့နယ်တွင် ပိုးတွေ့ရှိသူ (၁၁) ဦး ၊ သေဆုံး (၁)ဦး ၊ ကလောမြို့နယ်တွင် ပိုးတွေ့သူ (၁၅) ဦး ၊ သေဆုံး (၂) ဦး ၊ လောက်ကိုင်မြို့နယ်တွင် ပိုးတွေ့သူ (၄၀) ဦး ၊ လားရှိူးမြို့တွင် ပိုးတွေ့သူ (၂၀) ဦး ၊ သေဆုံးသူ (၂) ဦး ၊ ကျောက်မဲမြို့နယ်တွင် ပိုးတွေ့သူ (၁၆) ဦး ၊နောင်ချိုမြို့နယ်တွင် ပိုးတွေ့သူ (၃၈) ဦး ၊ သေဆုံး (၁) ဦး ၊ မူဆယ်မြို့နယ်တွင် ပိုးတွေ့သူ (၄၁) ဦး ၊ တာချီလိတ်မြို့နယ်တွင် ပိုးတွေ့သူ (၃၈) ဦး ၊ အသီးသီး တွေ့ရှိရသည့်အတွက် ဇူလိုင်လ (၃၀) ရက်အတွင်း စာရင်းအရ ကူးစက်မှု လျော့နည်းကျဆင်းလာသည့် အနေအထားများ ပြန်လည်တွေ့ရှိရပါကြောင်း ၊ ရှမ်းပြည်နယ် အတွင်း လောက်ကိုင် ၊ လားရှိူး ၊ မူဆယ် ၊ တာချီလိတ် ၊ နောင်ချို ၊ သီပေါ ၊ တောင်ကြီး ၊ ညောင်ရွှေ ၊ ရပ်စောက်မြို့များ ကို Stay At Home အစီအစဉ်ဖြင့် ထုတ်ပြန်ကြေညာပြီး ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ကလော နှင့် အောင်ပန်းမြို့နယ်ကို ပြည်နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဇူလိုင် - ၂၈ ရက်မှ စတင်၍ ပြည်သူများ နေအိမ်ထဲတွင် Stay At Home အစီအစဉ် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါကြောင်း ၊ ရှမ်းပြည်နယ် အတွင်း ပိုးတွေ့လူနာများ ပြင်းထန်ပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် လိုအပ်သော အောက်ဆီဂျင် ပမာဏ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန် အတွက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ပူးပေါင်းပြီး အောက်ဆီဂျင် Plant စက်ရုံများ တပ်ဆင်နိုင်ရန် အစီအစဉ် ဆောင်ရွက်လျက်ရှိသည့်နေရာတွင် ဇူလိုင် - ၃၀ ရက်နေ့၌ လောက်ကိုင်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ လွိုင်လင် ခရိုင် နမ့်စန်မြို့တွင် တပ်ဆင်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း ၊ ရှမ်းပြည်နယ် အတွင်းရှိ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ၊ ထိုင်းနိုင်ငံနှင့် ဆက်စပ်နေသည့် ၊ လောက်ကိုင် ၊ မူဆယ် ၊ တာချီလိတ်တို့တွင် နယ်စပ် ဝင်ထွက် ဂိတ်မှ တဆင့် သွားရောက် အလုပ်လုပ်ကိုင်ပြီး ၊ ပစ်ဒဏ် ကျခံ လွှတ်မြောက်လာသည့် နေရပ်ပြန် အလုပ်သမားများကို နေ့စဉ် လွှဲပြောင်းပေးလျက်ရှိသည့်နေရာတွင် ဇွန်လ - (၃၀) ရက်ထိ (၆၇၆၆၆) ဦး လွှဲပြောင်းလက်ခံ ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း ၊ ရှမ်းပြည်နယ် မှ တစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များကို ၊ မော်တော်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်စေပြီး ၊ အစားအသောက်များတို့ကို ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ကိုဗစ် - ၁၉ တတိယလှိုင်းဖြစ်ပွားသည့် ကာလတွင် ထိုင်းနိုင်ငံ ၊ လာအိုနိုင်ငံ ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတွင် ရောဂါ ဖြစ်ပွားမှု များပြားလာသဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ဗဟို ကော်မတီမှ လမ်းညွှန်မှုဖြင့် လွှဲပြောင်းလက်ခံ ဆောင်ရွက်နေမှုကို ဇွန်လ ၃၀ ရက်နေ့တွင် ယာယီ ရပ်ဆိုင်းထားရပြီး ၊ ပြည်ပ နိုင်ငံမှ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အခက်အခဲများ များစွာ ကြုံတွေ့နေရကြောင်း ၊ နယ်စပ်ဂိတ်တွင် ပြန်လည်ဝင်ရောက်မှုကို စနစ်တကျ ပြန်လည် လက်ခံနိုင်မှု ညှိနှိုင်းဆောင်ရွက်သွားရန် လမ်းညွှန်မှု ပေးသည့်အတွက် စတင်လွှဲပြောင်းလက်ခံသည့် နေရာတွင် မူဆယ်ဂိတ်တွင် ဇူလိုင် (၂၆) ရက်နေ့ (၄၇) ဦး ၊ (၂၇) ရက်နေ့တွင် (၁၆၂) ဦး ၊ (၂၈) ရက်နေ့တွင် (၁၅၂) ဦး ၊ (၂၉) ရက်နေ့တွင် (၃၇၂) ဦး ၊ (၃၀) ရက်နေ့တွင် (၁၀၀၉) ဦး ၊ လောက်ကိုင်နယ်စပ်ဂိတ်တွင် ဇူလိုင် (၂၈) ရက်နေ့တွင် (၁၀) ဦး ၊ တာချီလိတ် ဝမ်ပုံ ဆိပ်ကမ်း ဇူလိုင် (၃၀) ရက်နေ့တွင် (၃၃) ဦး ၊ စုစုပေါင်း (၁၇၈၅) ဦး စနစ်တကျ လွှဲပြောင်း လက်ခံရယူပြီး ၊ တိုင်းဒေသကြီး ပြည်နယ်များသို့ မော်တော်ယာဉ်ဖြင့် စနစ်တကျ ပြန်လည်ပေးပို့ ဆောင်ရွက်စေပြီး အစားအသောက်များကိုလည်း ထောက်ပံပေး၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသွားသည်။

009

ဆက်လက်၍ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်က Stay At Home ကိစ္စရပ်များ ၊ ကိုဗစ် - ၁၉ ရောဂါပိုး လျော့နည်းကျဆင်းမှုနှင့် ကာကွယ်ဆေးထိုးနှံနေမှုနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီး ရှမ်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ အတွင်းရေးမှူး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး လှဦးနှင့် တွဲဖက် အတွင်းရေးမှူး ဦးနေလင်း တို့မှ ဆွေးနွေးတင်ပြကြ၍ အစည်းအဝေး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြကာ အထွေထွေဆွေးနွေးကြကြောင်းနှင့် ရှမ်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ