တောင်ကြီး ဇူလိုင်-၃၁

09990

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့သို့ တိုင်းဒေသကြီး၊ပြည်နယ်များမှနေရပ်ပြန် အလုပ်သမားများသည် လာအိုနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ဇူလိုင်(၃၁)ရက်ညနေ့(၄)နာရီခွဲကတောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ T.B.C ကားကြီးသို့တာချီလိတ်မြို့မှ မော်တော်ယာဉ်(၃)စီးဖြင့်နေရပ်ပြန်များရောက်ရှိလာကြောင်းသိရသည်။

အဆိုပါနေရပ်ပြန်အလုပ်သမား များသည်လာအိုနိုင်ငံတွင် အလုပ်လုပ် ကိုင်ခဲ့ပြီးနေရပ်ပြန်ရန်(၃၃)ဦး ရှိကြောင်းနှင့် ရခိုင်ပြည်နယ်(၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီး(၁)ဦး၊မန္တလေးတိုင်းဒေသကြီး(၁၅)ဦး၊ပဲခူးတိုင်းဒေသကြီး (၆)ဦး၊မကွေးတိုင်းဒေသကြီး(၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီး(၁)ဦး၊ နေပြည်တော်(၃)ဦး၊ရှမ်းပြည်နယ်တွင် (၃)ဦး ၊စုစုပေါင်း(၃၃)ဦးဖြစ်ပြီး နေရပ် ပြန်အလုပ်သမားများကိုတောင်ကြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကို ကိုလွင်၊ ပြည်နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှဒုတိယပြည်နယ်တပ်ဖွဲ့မှူးဦး အောင်ကျော်မျိုးနှင့်တပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခွန်သက်နောင်၊သစ်တောရပ်ကွက်စီမံအုပ် ချုပ်ရေးမှူးဦးအောင်နိုင်တို့က နေရပ် ပြန်အလုပ်သမားများကို Hand Speaker ဖြင့် စည်းကမ်းချက်များမိမိဒေသ သို့ရောက်ရှိပါကနေထိုင်ရမည်စည်း ကမ်းချက်များ၊ရောက်ရှိသတင်းပို့ရန် စသည် အချက်များရှင်းလင်း ပြောကြားပြီးနေရပ်ပြန်အလုပ်သမားများ ကိုအပူချိန်တိုင်းတာခြင်းနှင့်စားစရာ များဝေဌပေးခဲ့ကြပြီး နေရပ်ပြန် အလုပ်သမားများကို ဒို့ညီနောင်ကားကြီးဖြင့် T.B.C ကားကြီးကွင်းမှအေးသာယာ အဝေးပြေးကားကြီးကွင်းသို့ပို့ဆောင် ပေးကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ