We have 111 guests and no members online

တောင်ကြီး သြဂုတ် - ၁

77777 7
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဒေါက်တာကျော်ထွန်း ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ပြည်နယ်ဥပဒေချုပ် ပြည်နယ်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင် များနှင့်တာဝန်ရှိသူတို့သည် သြဂုတ် (၁) ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များဖြစ်သော တပ်ဦး ဥတ္တရရုံ စာသင် တိုက်၊ရှမ်းပိဋကတ်စာသင်တိုက်၊ဓမ္မ သုခစာသင်တိုက်၊ရတနာပုံအောင်သုခစာသင်တိုက်သို့ ဆွမ်းဆန်တော်များ လှူဒါန်းပေးကြကြောင်းသိရသည်။
အဆိုပါ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်(၅၄)တိုက်ရှိ သံဃာ(၃၇၀၈)ပါး၊သီလရှင်(၄၅၉)ပါး အတွက်ဆွမ်းဆန်တော်အိတ်(၁၃၉၀) အိတ်လှူဒါန်းပေးကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ