We have 67 guests and no members online

ခိုလမ် သြဂုတ် - ၇

345
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိတို့သည် သြဂုတ်(၇)ရက်နံနက်(၈)နာရီက လွိုင်လင် ခရိုင်၊နမ့်စန်မြို့နယ်၊ ခိုလမ်မြို့ရပ်ကွက်(၂)ရှိ သောက်သုံးရေကန်နှင့် ရပ်ကွက်(၁)ရှိပန်းခြံနှင့် မြို့တော်ခန်းမ တည်ဆောက်မည့် နေရာအား သွားကြည့်ရှုရာ ခိုလမ်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းကြောင်းသိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေ ချုပ်နှင့်တာဝန်ရှိသူတို့သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဘက်စုံမွေးမြူရေးခြံတွင်မွေးမြူထားသော ဝက်မွေးမြူရေးခြံ၊ ဥစားကြက် ခြံ၊နို့စားနွားခြံအစာစပ်ရုံနှင့် ဒေသကြက်မွေးခြံ၊ ငါးမွေးမြူရေးကန်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကလေးအားကစားတည်ဆောက်မည်နေရာသို့ သွားရောက်ကြည့်ရှု ကြကြောင်းသိရသည်။

678

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမတွင် ကျင်းပသော သဘာဝဘေးအန္တရာယ်ကာ ကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါကျဆင်းရေးညှိနှိုင်းအစည်းအဝေး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ သဘာဝဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ရောဂါကျဆင်းရေး နှင့်ပတ်သက်၍မှာကြားချက် များကိုထပ်ဆင့်ရှင်းလင်းရာကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးပြီးသူများအမည်စာရင်းမကျန်ရအောင် သက်ဆိုင်ရာအကြီးအကဲ များကတာဝန် ယူဆောင်ရွက်ပေးရန်၊ ကာကွယ်ဆေးများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရရှား၊ အိန္ဒိယနိုင်ငံတို့ကိုမှာယူပြီး မြန်မာနိုင်ငံ၌ နှစ်ကုန်ပိုင်းလောက်တွင်လူဦး (၅၀)ရာခိုင်နှုန်းဆေးထိုးနှံပြီးမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးတွင်လည်းမိမိတို့ ဒေသ၌ ဖြစ်ပွားတတ်သော သဘာဝဘေးများကို ကြိုတင်ပြင်ဆင်ထားရန်၊ ရုတ်တစ်ရက်ဖြစ်လာပါက မည်ကဲ့သို့ဆောင်ရွက် ရမည်ကို မသိသောကြောင့် ကြိုတင်ပြင်ဆင်ထားရန်လိုပါကြောင်း၊ရှမ်းပြည် နယ်တွင်လည်းလိုအပ်ချက်မရှိအောင် ခေါ်ယူ ကြိုတင်ညှိနှိုင်းမှုများ ဆောင်ရွက်နေပါကြောင်း၊ အရှေ့အလယ်ပိုင်း တိုင်းတွင်လည်းသဘာဝဘေးဖြစ်တတ်သည့်အတွက် ဤဒေသရှိ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအရာရှိများလည်း သိရှိနိုင်ရန်မှာကြားလိုက်ပါကြောင်း ၊ရှမ်း ပြည်နယ်တွင် ရေကြီးမှု မရှိသော်လည်း မိုးတွင်းကာလဖြစ်သည့်အတွက် မြေပြိုမှုသာရှိပြီး လမ်းပန်းဆက်သွယ်မှု အခက်အခဲမရှိစေရန် ကြိုတင်ပြင်ဆင် ထားရန်လိုပါကြောင်းပြောကြားသွားသည်။
၎င်းနောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် လှမိုးက သဘာဝဘေးအန္တရာယ်ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များဆွေး နွေးပြောကြားပြီး အခမ်းအနားတက် ရောက်လာသူများမှဆွေးနွေးတင်ပြ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က နိဂုံးချုပ်စကားပြောကြားကြောင်းသိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်တာ ဝန်ရှိသူတို့သည် ဒေသဖွံ့ဖြိုးရေးအတွက် လဲချား-ခိုလမ်လမ်း၊ ၃၁/၄မိုင်အား ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင်တင်ရေးဆောင်ရွက်နိုင်ရန် သွားရောက် ကြည့်ရှုရာ ရှမ်းပြည်နယ်(တောင်ပိုင်း)လမ်းဦးစီးဌာနမှညွှန် ကြားရေးမှူးဦးသူရဇော်မှလဲချား- ခိုလမ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းသည်။
အဆိုပါ ခိုလမ်- လဲချားလမ်းသည် ခိုလမ်မြို့မှ လဲချားမြို့သို့ သွားရောက်ရာတွင်နမ့်စန်မြို့နှင့်လွိုင်လင်မြို့တို့ကို ဖြတ်သန်းသွားလာမှုမှ ရှောင်ရှားနိုင်ခြင်း ၊အချိန်တိုအတွင်း တစ်မြို့နှင့်တစ်မြို့ဆက်သွယ်သွားလာနိုင်ခြင်း၊ ဒေသ ဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်ရေးအတွက် များစွာအထောက်အကူပြုပြီး အချက်အချာကျသည့်လမ်းကြောင်းတစ်ခုဖြစ်ပေါ် လာနိုင်ခြင်း၊ လဲချား- ခိုလမ်လမ်းပေါ်ရှိ လဲချားမြို့ ရပ်ကွက်(၅)ရပ်ကွက်နှင့် ဝမ်ဆန်း၊ ဟဲဆိုင်၊ နော်ကော်၊ နားမန်း၊ နားပွဲ ၊ တုန်ဟုန်း ကျေးရွာအုပ်စု(၆)စု၏ကျေးရွာပေါင်း(၃၆)ရွာ စုစုပေါင်းအိမ်ခြေ(၄၄၆၃)စု၊ လူဦးရေ(၂၇၀၉၄)ဦးအတွက် တိုက်ရိုက်အကျိုးပြုပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုလည်းဆက်သွယ်ပေး၍ဒေသခံပြည်သူများ၏ဒေသဝမ်းစာဖုံလုံနိုင်ရန်နှင့်ကုန်စည်စီးဆင်းမှုအဆင်ပြေ ချောမွေ့နိုင်ရန်လမ်းဖြစ် ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး