We have 121 guests and no members online

နမ့်စန် သြဂုတ် - ၈

799
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုး ၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူတို့သည် သြဂုတ်(၇)ရက်နေ့လည်(၁၂) နာရီခွဲက လွိုင်လင်ခရိုင်နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်စီဂျင်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ် ဆေးရာတာဝန်ရှိသူတစ်ဦးမှရှင်းလင်း ပြီး စက်ရုံဖြစ်မြောက်ရေးတွင်ပါဝင် ဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိလ်(၈)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော် ထွန်းနှင့်တိုင်းမှူးဗိုလ်မှူးချုပ်လှမိုးတို့ကပေးအပ်ကြပြီး နမ့်စန်မြို့၊ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ(၄)ခန်း တွဲ(၄)ထပ်ဆောင်၌ Positive Centerသို့ သွားရောက်၍တာဝန်ကျဝန်ထမ်းများအား ရေသန့်၊ကြက်ဥ၊ခေါက် ဆွဲခြောက်နှင့် ထောက်ပံ့ငွေကျပ်(၅)သိန်းတိူ့ကို ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူး၊ပြည်နယ်ဝန်ကြီးများတို့မှထောက်ပံ့ပေးအပ်ခဲ့ကြသည်။
နမ့်စန်မြို့နယ်တွင်တည်ထောင်ထားသောအောက်စီဂျင်စက်ရုံကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ခွဲဝေချထားငွေ ကျပ်သိန်း(၉၀၀) အလှူရှင်များမှ လှူဒါန်းငွေကျပ်သိန်း(၄၀၀)နှင့်၂၀၂၁ခုနှစ် သြဂုတ်လ(၃)ရက်နေ့တွင်စတင်စက် လည်ပတ်ပြီး(၂၄)နာရီအတွင်းထွက်ရှိ သောပမာဏမှာ(၄၀)လီတာအိုး(၈၀) လုံးထွက်ရှိပြီး အောက်စီဂျင်အိုးများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ(၁၈၀)လုံး၊ယခင်လက်ရှိအိုး(၁၂၀)အိုးစုစု ပေါင်း(၄၀)လီတာအိုး (၃၀၀) ရှိကြောင်း သိရသည်။

800

ဆက်လက်၍ နမ့်စန်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်း အဝေးခန်းမတွင် ခရိုင်၊မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့နှင့်တွေ့ဆုံရာပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ လွိုင် လင်ခရိုင် အတွင်းရှိမသန်စွမ်းသူ(၈၂၂)ဦးအတွက်(၁)ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့်ထောက်ပံ့ငွေကျပ် (၂၄၆.၆)သိန်းနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်းစီကိုရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ပေးရာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကံစောလှိုင်၊နမ့်စန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မိုးတို့မှလက်ခံရယူကြသည်။
ထို့နောက်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်လှမိုး၊ပြည် နယ်ဝန်ကြီးများ ၊ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးနေလင်း တို့မှကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးတွင် အသုံးပြုရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ပေးသော ငွေကျပ်(၁၀)သိန်းများကို ပေးအပ်ရာ လွိုင်လင်မြို့နယ်၊ လဲချားမြို့နယ်၊ကျေးသီးမြို့နယ်၊မိုင်းရှူးမြို့နယ်၊မိုင်း ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ များက အသီးသီးလက်ခံ ရယူပြီးပြည် နယ်အစိုးရအဖွဲ့မှထောက်ပံ့သည့် ကာကွယ်ရေးပစ္စည်း(၆)မျိုးကိုပြည်နယ် ဥပဒေချုပ်ဦးစိုင်းကျော်စံမှ ထောက်ပံ့ ပေးအပ်ခြင်းနှင့်လွိုင်လင်ခရိုင်အတွင်းရှိ ကိုဗစ်-၁၉ပိုးတွေ့လူနာများအတွက် ထောက်ပံ့သည့်ကြက်ဥအလုံးရေ (၃၈၉၄) လုံး အားပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကပေးအပ်ရာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကံလှိုင်မှလက်ခံရယူသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူး၊ပြည်နယ်ဝန်ကြီးတို့သည် လွိုင်လင်ခရိုင်၊ နည်းပညာတက္ကသိုလ်(ပင်လုံ)၌ Positive Centerတွင်တာဝန် ကျဝန်ထမ်းများအတွက် ရေသန့်၊ကြက်ဥ၊ခေါက်ဆွဲခြောက်၊ ထောက်ပံ့ ငွေကျပ်(၅)သိန်းတို့ကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး လွိုင်လင်မြို့ ဓါတ်တော်ကျောင်းတိုက်တွင်သံဃာ တော်များအားဆွမ်းဆန်တော်၊ဝါဆို သင်္ကန်းတို့ကို သွားရောက်ဆက်ကပ် လှူဒါန်းပေးကြပြီး နောက်မိုင်းပွန်မြို့တွင် မိုးစပါးစိုက်ခင်းအားကြည့်ရှုစစ် ဆေး၍ တောင်သူများအားနေကြာမျိုးစေ့များပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး