We have 77 guests and no members online

တောင်ကြီး သြဂုတ်-၁၀

Untitled xx1
ကိုဗစ်-၁၉ရောဂါပိုးများသည် ကူးစက်နှုန်းများပြန့်ပွားလျက်ရှိပြီး ရောဂါဖြစ်ပွားသူဦးရေများပြားလာ၍ ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်းလျော့နည်းကျဆင်းစေရေးအတွက်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သတ်မှတ် မြို့နယ် များကို နိုင်ငံတော်မှ Stay at home များသတ်မှတ်ပေးခြင်းနှင့်အစိုးရဌာနများကိုလည်း ဇူလိုင်လနောက်ဆုံး ပတ်နှင့်သြဂုတ်လပထမပတ်များကို ရုံးပိတ်ရက်အဖြစ်ကြေငြာပြီးဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ကိုဗစ်-၁၉ရောဂါပိုးများကူးစက်မှုနှုန်းလျော့နည်းကျဆင်းစေရန် အစိုးရဌာနရုံးများပိတ်သော်လည်း မြန်မာ့စီးပွားရေးဘဏ်မှတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများက အစိုးရရုံးဌာနနှင့်အများပြည်သူများအတွက် အချိန်နှင့်တစ်ပြေးညီငွေသွင်း၊ငွေထုတ်ယူနိုင်ရန် နားရက်မရှိဆောင် ရွက်ပေးလျက်ရှိရာ ဝန်ထမ်းများအတွက် သြဂုတ်(၁၀)ရက်နံနက်(၁၁)နာရီ ကတောင်ကြီးမြို့မြန်မာ့စီးပွားရေးဘဏ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စားစရာနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ထမ်း ဆောင်နေသောဝန်ထမ်းများအား လာရောက်ပြီးစားစရာနှင့် ငွေများထောက်ပံ့ပေးနိုင်ရန်စီစဉ် ဆောင်ရွက်ထားမှုရှိ ခဲ့သော်လည်း မိမိတို့အနေဖြင့် ခရီးစဉ်များရှိနေ သောကြောင့် နောက်ကျ သွားရခြင်းဖြစ်ကြောင်း၊ဝန်ထမ်းများက ပိတ်ရက် နားရက်မရှိတာဝန်များကိုကျေပြွန်စွာ ထမ်းဆောင်ပေးတဲ့ အတွက်ကျေးဇူး တင်ရှိပါကြောင်း၊နောင်များတွင်လည်းယခုလိုလာရောက်၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြော ကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စားစရာနှင့်ထောက်ပံ့ငွေများပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ထောက်ပံ့ငွေကျပ် (၂၂)သိန်း(၄)သောင်းပေးအပ်ရာ မြန်မာ့စီးပွားရေးဘဏ် ပြည်နယ်မန်နေဂျာကလက်ရယူပြီးပြည်နယ်ဝန်ကြီး များကကြက်ဥ၊ခေါက်ဆွဲခြောက် ၊ Mask အခုရေ (၁) သောင်း ပေးအပ်ထောက်ပံ့ပေးရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့ သည် ဝန်ထမ်းများအား လိုက်လံကြည့်ရူ့ အားပေးခဲ့စကားပြောကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မြန်မာ့ စီးပွားရေးဘဏ်ဝန်ထမ်း(၁၁၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၂၂)သိန်း(၄) သောင်းနှင့်ကြက်ဥ၊ခေါက်ဆွဲခြောက် ၊ Mask အခုရေ (၁) သောင်း တို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိ ရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး