We have 413 guests and no members online

တောင်ကြီး သြဂုတ်-၁၂

xx2
ရှမ်းပြည်နယ်Coronavirus Disease 2019(ကိုဗစ်-၁၉)ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေများ၊ကျန်း မာရေးသုံးပစ္စည်းနှင့်ဆေးဝါးများပေး အပ်လှူဒါန်းခြင်းကို သြဂုတ်(၁၂)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါသည် ပထမ၊ ဒုတိယလှိုင်း နှင့်ယခုတတိယလှိုင်းအဖြစ်ရောက်ရှိ ပြီးကမ္ဘာအနှံတွေ့ကြုံခံစားရကာ အသက်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရပါ ကြောင်း၊ ရှမ်းပြည်နယ်အတွင်း တတိယလှိုင်းကာလတွင် ၂၀၂၁ခုနှစ် ဇွန်လ (၁)ရက်နေ့မှ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း(၂၃၉၃၆)ဦး တွေ့ရှိခဲ့ရပြီး(၇၃၂)ဦး သေဆုံးခဲ့ပါကြောင်း၊ ရောဂါပိုးကင်းစင်သူ(၁၆၆၀၉)ဦး၊ရှိခဲ့ပြီးလက်ရှိ(၆၅၉၅)ဦးကို ကျန်းမာရေးစောင့်ရှောက်မှု များဆောင်ရွက်ပေး လျက်ရှိကြောင်း၊ယခုလိုရောဂါပိုးတွေ့ရှိရသည့်အတွက် ရှမ်းပြည်နယ်အတွင်းကုသရေးဆေးရုံ (၈၇)ခု၊Positive Center(၉၉)ခု၊ကုသရေးစင်တာ(၆၂)ခု၊စုစုပေါင်း (၂၀၇)ခုဖွင့်လှစ်ပြီးကျန်းမာရေးဝန်ထမ်းများ၊ပရဟိတအသင်းအဖွဲ့များ Volunteer များကသက်ဆိုင်ရာအုပ် ချုပ်ရေးအဖွဲ့များ၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဝင်များနှင့်ပူးပေါင်းပြီးကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ရှမ်းပြည်နယ် အစိုးရအဖွဲ့မှထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၁ခုနှစ်၊မေလမှယ ခုသြဂုတ်လအထိကျပ်သန်းပေါင်း (၄၅၀)ကျော်ထောက်ပံ့ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကုသရေးလုပ်ငန်းများမှာ ပါဝင် ဆောင်ရွက်လျက်ရှိကြသည့်စေတနာ့ ဝန်ထမ်း အဖွဲ့အစည်း Volunteer များ သို့စားသောစရိတ်နှင့်စက်သုံးဆီ ကုန်ကျစရိတ်ထောက်ပံ့ငွေကျပ်(၄၄၀.၇၆၀)သန်းကို ထောက်ပံ့နိုင်ရေးစီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ရှမ်းပြည်နယ်အတွင်းအစိုးရနှင့်ပုဂ္ဂလိကစက်ရုံ(၂၁)ခု မှ အောက်စီဂျင် တစ်ရက်လျှင်(၉၁၀၈၀)လီတာထုတ်လုပ်လျက်ရှိပြီးဆက်လက်၍တည်နေရာ(၁၅)ခုမှာတစ်ရက်လျှင်(၅၄၈၈၀)လီတာထပ်မံထုတ်လုပ်နိုင်ရေးစီစဉ်ထားပြီးဖြစ်ပါကြောင်း၊ အောက်စီဂျင်လုံလောက်စွာရရှိနိုင်ရေးဆောင်ရွက်ရာတွင် ရှမ်းပြည် နယ် အစိုးရမှ Oxygen plant များတည် ဆောက်ရေးအတွက်ငွေကျပ်(၄၂၆.၈ ၅၀)သန်းကို ထောက်ပံ့ပေးချေဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ယနေ့လှူဒါန်း သည့်အလှူငွေများ၊ကျန်းမာရေးအ ထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါးများကိုရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသ ရေးလုပ်ငန်းများမှ စနစ်တကျသုံးစွဲ ဆောင်ရွက်နိုင်ရေးအတွက်ကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားရှိုပြီးဖြစ်ပါ ကြောင်း၊ ရှမ်းပြည်နယ်အစိုးရ၏ လုပ်ငန်းကိုပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေးအတွက်ဝိုင်းဝန်းလှူဒါန်းပေးကြ သည့်အလှူရှင်များ၊ ဌာနဆိုင်ရာများ ကိုလည်းရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျေးဇူးတင်ရှိပါကြောင်းပြောကြား သွားသည်။
ဆက်လက်၍အလှူရှင်များမှအလှူ ငွေနှင့်ကျန်းမာရေးသုံးပစ္စည်းများပေးအပ်လှူဒါန်းရာေ မာရှမ်းအများပိုင် ကုမ္ပဏီလီမိတက်တောင်ကြီးမှ Oxygen 40Liter(၁၀၀)လုံးနှင့်Flow meter(၁၀၀)ခု၊ဦးတင်မြင့်(တင်မြင့်ရီ ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်)မှ ငွေကျပ်သိန်း(၃၀၀)၊ပြည်နယ်ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ငွေကျပ်(၁၇၁)သိန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှအလှူရှင်များမှစုပေါင်းလှူ ဒါန်းငွေကျပ်(၁၅၀)သိန်း၊ပြည်နယ် စည်ပင်သာယာရေးဌာနနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်သောကုမ္ပဏီများနှင့်အလှူရှင်များမှစုပေါင်းလှူဒါန်း ငွေကျပ်(၁၀၆.၅၀)သိန်း၊ IGE co;Lt d မှအလှူငွေကျပ်သိန်း(၁၀၀)တို့ကိုအ သီးသီးပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကလက်ခံရယူ ပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြည်လည်ပေးအပ်၍လည်းကောင်း၊ ဦးဘရန် မိုင်၊ဆဲဗင်းဟွာကျင့်အင်တာနေရှင်န ယ်ကုမ္ပဏီမှ အလှူငွေကျပ်သိန်း(၁၀၀) ၊ ဦးဖြိုးဝေသိန်းSmart &Style Constructiin Co;Ltd မှငွေကျပ်သိန်း(၁၀၀) ပြည်နယ်လမ်းဦးစီးဌာနမှငွေသား(၇၂)သိန်းနှင့်ဆေးဝါးပစ္စည်း(၁၈)သိန်း၊ ဦးစိုးလင်း(ရှမ်းချယ်ရီတောင်တန်းကု မ္ပဏီ)ငွေကျပ်သိန်း(၅၀)၊ တာချီလိတ် မီးလင်းရေးကော်မတီမှငွေကျပ်သိန်း (၅၀)၊DENKOကုမ္ပဏီမှငွေကျပ် သိန်း(၅၀)ပေးအပ်လှူဒါန်းရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်နီလင်းအောင်မှ လက်ခံရယူပေးပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေး အပ်၍လည်းကောင်း၊ဦးမောင်မောင် ဝင်း(ခ)ဦးအားချန် လွယ်မွေဆောက်လုပ်ရေး ကုမ္ပဏီမှငွေကျပ်သိန်း(၅၀)၊ ဦးသော်တာ(လျှံထူးအောင်ကုမ္ပဏီ)မှငွေကျပ်သိန်း(၃၀)၊ ဦးမောင်တိုး(ချယ် ကွင်းဟိုတယ်)မှငွေကျပ်သိန်း(၃၀)၊ ဒေါ်နန်းနှင်းနွယ်(ပြည့်ဖြိုးကြွယ်ကုမ္ပဏီ)မှ ငွေကျပ်သိန်း(၃၀)၊ နေမင်းရောင် ကုမ္ပဏီမှငွေကျပ်သိန်း(၃၀)တို့ကိုပေး အပ်လှူဒါန်းရာရှမ်းပြည်နယ်အစိုးရအ ဖွဲ့ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦးကလက်ခံ ရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန် လည်ပေးအပ်၍လည်းကောင်း၊ ဦးကျော်စိုး(အောင်ဘုန်းပြည့်ကုမ္ပဏီ)မှ ငွေကျပ်(၂၅)သိန်း၊ဦးအိုက်ဝေ(ထိန် သာကုမ္ပဏီ)မှငွေကျပ်(၂၅)သိန်း၊ဦး မောင်မောင်ထွန်း(သုခဂေဟာQCကုမ္ပဏီ)မှ ငွေကျပ်သိန်း(၂၀)၊ဦးဌေး အောင်(ရွိုင်ရယ်ကျေးသီး)ကုမ္ပဏီမှ ငွေကျပ်သိန်း(၂၀)၊ တောင်ကြီးတက္ကသိုလ်မှငွေကျပ်(၁၀)သိန်း၊ပြည်နယ်ဖွံ့ ဖြိုးမှုကြီးကြပ်ရေးရုံးမှငွေကျပ်(၁၀) သိန်း၊စိုင်းဆိုင်လင်း+နန်းလင်းသန္တာ အောင်ငွေကျပ်(၁၀)သိန်း၊စိုင်းရွက် ငွေကျပ်(၁၀)သိန်း၊ ဦးခွန်သိန်းမောင်+ဒေါ်နန်းမြရီ(ခ)ဒေါ်နန်းပွဲ ပြည်နယ်စီးပွားရေးရာဝန်ကြီး ရှမ်းပြည်နယ်အစိုး ရအဖွဲ့ (၅) သိန်း ၊၊မေသူဆွေ(ဝ.၅)သိန်းတို့ကိုပေး အပ်လှူဒါန်းပေးကြရာပြည်နယ်လူမှု ရေးဝန်ကြီးဦးအောင်မြင့်ကလက်ခံရ ယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန် လည်ပေးအပ်ခဲ့သည်။
ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့်ယနေ့ထည့်ဝင်လှူဒါန်းကြသည့် လှူဒါန်းငွေစုစုပေါင်းငွေကျပ်(၁၇၂၅)သိန်းဖြစ်ပြီး Oxygen Cylinder ၄၀လီတာ အိုး(၁၀၀)လုံး၊Flow Meter(၁၀၀)ခု နှင့်ငွေကျပ်(၁၈)သိန်း တန်ဖိုးရှိဆေးဝါးများဖြစ်ပါကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး