We have 106 guests and no members online

တောင်ကြီး သြဂုတ်-၁၂

xx3
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ ၊ပြည်နယ်အ ဆင့်ဌာနဆိုင်ရာများဖြင့် သြဂုတ်(၁၂) ရက်နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကျင်းပသည်။
ရှမ်းပြည်နယ် (ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားသည့် ကာလအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်ရောဂါ ပိုးတွေ့ရှိသူ(၈၇၉၈)ဦး၊(မြောက်ပိုင်း) တွင်ပိုးတွေ့ရှိသူ(၁၂၃၄၆)ဦး၊(အရှေ့ ပိုင်း)တွင်ပိုးတွေ့ရှိသူ(၂၇၉၂)ဦး၊စုစု ပေါင်း(၂၃၉၃၆)ဦးတွေ့ရှိပြီးပြန်လည် ကင်းစင်လာသူ(၁၆၆၀၉)ဦး၊သေဆုံး သူ(၇၃၂)ဦးရှိပြီးကျန်ရှိသည့်ပိုးတွေ့ရှိ သူ(၆၅၉၅)ဦးအား သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကုသရေးဆေးရုံ(၈၇)ခု၊ကုသရေးCenter(၂၁)ခု၊Positive Center (၉၉)ခုနှင့်Quarantine Center (၁၇၇)ခုတွင်(၇၇၅၅)ဦးတို့အား စောင့်ရှောက်ကုသမှုပေးလျက်ရှိပြီး အဆိုပါCenterများတွင်ကျန်းမာရေး ဝန်ထမ်း(၂၃၆၅)ဦးနှင့် အရန်မီးသတ် ကြက်ခြေနီ၊Volunteerအင်အား(၂၄၀၂)ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ရှမ်းပြည်နယ်အတွင်း ရှိမြို့နယ်များတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်ကာကွယ်ဆေး(၁)လုံးလျှင် (၂)ဦးနှုန်းဖြင့် ကာကွယ်ဆေးရရှိမှုအနေဖြင့်ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ (Sinopharm)(၄၀၀၀၀)၊Sinovac (၁၁၇၄)လုံး၊ (မြောက်ပိုင်း)(Sinopharm)(၂၄၀၀၀)လုံး၊Sinovac(၁၁၆၀)လုံး၊(အရှေ့ပိုင်း)သို့Sinopharm (၁၆၀၀၀)လုံး၊ Sinovac(၇၃၀)လုံးစုစု ပေါင်းSinopharm(၈၀၀၀၀)လုံး နှင့် Sinovac(၃၀၆၄)လုံး ခွဲဝေရှိပြီးမြို့နယ်များတွင်၂၀၂၁ခုနှစ်ဇူလိုင်လ(၃၀) ရက်နေ့မှစတင်၍ ဦးစားပေးအုပ်စုများအလိုက် ဆေးထိုးနှံရေးအဖွဲ့များ ဖွဲ့စည်း၍ထိုးနှံဆောင်ရွက်ပေးခဲ့ရာ ၂၀၂၁ခုနှစ် သြဂုတ်လ(၁၁)ရက်နေ့အထိ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၇၇၁၃၈)ဦး၊(မြောက်ပိုင်း)တွင်(၄၉၄၀၇)ဦး၊(အရှေ့ပိုင်း)တွင်(၃၀၁၉၂)ဦး စုစုပေါင်း(၁၅၆၇၃၇)ဦး ထိုးနှံဆောင် ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ရှမ်းပြည်နယ်အစိုးရအဖွဲ့အစီအစဥ်ဖြင့်ရှမ်းပြည် နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် Oxygen Plant စက် တပ်ဆင် ဆောင်ရွက်ပြီးစီးခဲ့ပြီး တစ်ရက်လျှင်(၄၀)လီတာ(၈၀)လုံးနှင့်လောက်ကိုင်မြို့တွင်တပ်ဆင်အသုံးပြုလျက်ရှိသည့် Oxygen Plant စက်မှတစ် နေ့လျှင်(၄၀)လီတာ(၁၀၀)လုံးထုတ်လုပ်ပေးလျက်ရှိပြီးရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင်မိုးမိတ်မြို့နှင့်ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ် ခရိုင်မိုင်းဆတ်မြို့တွင်လည်းOxygen Plant စက်တပ်ဆင်နိုင်ရေးစီစဥ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းOxygen ထုတ် လုပ်မှုအနေဖြင့်အစိုးရဌာန(၁၄)ခုမှ (၄၇၄၈၀)လီတာနှင့်ပုဂ္ဂလိကစက်ရုံ(၇)ခုမှ(၄၃၆၀၀)လီတာ၊စုစုပေါင်း(၉၁၀ ၈၀)လီတာနေ့စဥ်ထုတ်လုပ်ရရှိပါသဖြင့် လိုအပ်ချက်ထက်ပိုမိုထုတ်လုပ်နိုင်၍ရှမ်းပြည်နယ်အနေဖြင့်အောက်စီဂျင်လုံလောက်မှုရှိကြောင်းပြောကြား သွားသည်။ ဆက်လက်၍အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးဗိုလ်မှူးချုပ်နီလင်းအောင်က ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှုနှင့် ပတ်သက်၍ဆွေးနွေးပြောကြားပြီး ရှမ်းပြည်နယ်(ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန့်ရေးကော်မတီအ တွင်းရေးမှူးရှမ်းပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုုလ်မှူးကြီးလှဦးနှင့်တွဲဖက်အတွင်းရေး မှူး ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးနေလင်းတို့မှ ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက်အစည်းဝေးတက်ရောက်လာသူများမှဆွေးနွေးတင်ပြကြပြီးအ ထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာကျော်ထွန်းကနိဂုံးချုပ် စကားပြောကြားခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့