We have 410 guests and no members online

ရပ်စောက် စက်တင်ဘာ - ၈

99
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ(၈)ရက် နေ့လည်(၁၂)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင် ရပ်စောက်-အင်တော-ကျောက်ဂူ-တောင်ခမ်း-နောင်ချိုလမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ရွှေညောင်-အင်တော-ကျောက်ဂူ-တောင်ခမ်း-နောင်ချိုလမ်းမိုင် အရှည်မိုင် (၁၁၄/၂.၅-၁၄၃/၇.၅=၂၉မိုင်၅ဖာလုံ) လမ်းအကျယ်(၁၈)ပေ (၁၈/၅)မိုင်+၁၁၀´နှင့် ၁၂´အကျယ်(၁၀/၇)မိုင်+၅၅၀´လမ်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ငွေလုံး၊ ငွေရင်းနှင့် ပြင်ဆင်ထိန်းသိမ်း ခြင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်မှ ရှင်းလင်းပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ လွိုင်လင်-ပန်ကေတု-သီပေါ(ခိုလုံ)လမ်း၊ (မန်လီ-ခိုလုံ အထိ) လမ်းမိုင် အရှည်မိုင်(၁၀၂/၂-၁၄၉/၂ =၄၇မိုင်၀ဖာလုံ၊ လမ်းအကျယ်၂၃´အကျယ်(၅/၇မိုင်၊ ၁၈´အကျယ်(၈/၃)မိုင် ၁၂´အကျယ် (၃၂/၆)မိုင်၊ လမ်းသားမှာ ကတ္တရာလမ်း ၂၀၂၀-၂၀၂၁ခုနှစ် ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၁-၂၀၂၂ခုနှစ် (Mini) လျာထားချက်များ ပန်ညု-ဆောင် ကြဲ-မိုင်းရယ်လမ်းမိုင်(၄၇မိုင်၄ဖာလုံ) လမ်းသားအခြေအနေနှင့် အကျယ်မှာ ၁၈´အကျယ်ကတ္တရာလမ်း(၁၃/၅.၅မိုင်) ၁၂´အကျယ်ကတ္တရာလမ်း(၃၃/၆.၅)မိုင်၊ ကျောက်မဲခရိုင် သီပေါမြို့နယ် အပိုင်း(၂၉/၄)မိုင်၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် အပိုင်း(၁၈)မိုင် ဆောင်ရွက်နေမှုတို့ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဝင်းတို့မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နောင်ချိုမြို့နယ် လုံရုံးကျေးရွာရှိ သဖန်းကိုင် ပရဟိတ အကယ်ဒမီ ဝိပဿနာ ဓမ္မရိပ်သာတွင် ဆရာတော်အား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ပစ္စည်းနှင့် အလှူငွေ ကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းခဲ့ပြီး ငွေရည်ပုလဲမိုင်းနင်း ကုမ္ပဏီမှ Crown ဘိလပ်မြေစက်ရုံအား သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမ၌ ငွေရည်ပုလဲကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဦးစိန်မျိုးအောင်မှ ဘိလပ်မြေစက်ရုံ၊ သကြားစက်ရုံတို့နှင့် ပတ်သက်သည့် အချက်အလက် များအား ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက် အတိုင်း ဘိလပ်မြေများ နိုင်ငံခြားကို မှာယူသုံးစွဲမှုမျိုး မရှိရအောင် မိမိဒေသတွင် ဘိလပ်မြေများကို အင်ပြည့်အားပြည့် ထုတ်လုပ်ပေးနိုင်ကြရန်နှင့် ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လမ်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း ဖြည့်စွက်ပြောကြားသွားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ တို့သည် ဘိလပ်မြေစက်ရုံအတွင်းနှင့် တစ်ရက်တန်ချိန်(၁၂၀၀၀)ကြိတ်ဝါးနိုင်မည့် အမှတ်(၃)သကြားစက်ရုံ တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ ငွေရည်ပုလဲကုမ္ပဏီမှ ထုတ်လုပ်သော ဘိလပ်မြေမှာ တစ်ရက်တန်ချိန်(၁၀၀၀)+(၄၀၀၀)တန် (၅၀၀၀)ထွက်ရှိပြီး အထက်မြန်မာပြည်အနှံ့ ဖြန့်ချိကြောင်းနှင့် သကြားစက်ရုံတွင် တစ်ရက်တန်(၁၀၀၀)ကြိတ်ဝါး၍ ထွက်ရှိလာသော သဘာဝဓါတ်မြေသြဇာများကိုလည်း နောင်ချိုမြို့ ဒေသခံပြည်သူများအား ပြန်လည်ဖြန့်ချိ ရောင်းချ ပေးလျက်ရှိပြီး ဘိလပ်မြေစက်ရုံမှ လျှပ်စစ်ဓါတ်အား(၆၀)မဂ္ဂါဝပ် ထွက်ရှိကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့