We have 131 guests and no members online

နောင်ချို စက်တင်ဘာ - ၉

102

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့တွင် စက်တင်ဘာ ၈ ရက် ညနေပိုင်းက နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် ပစ္စည်းများ ပေးအပ်လှူဒါန်းကြောင်း သိရသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုဗစ် - ၁၉ ရောဂါပိုးသည် ကူးစက် ပြန့်ပွားမှု များပြားနေသောကြောင့် တတိယလှိုင်းတွင်လည်း ကူးစက်မှုနှင့် သေဆုံးမှုများပြားနေပြီး နောင်ချိုမြို့ တွင်လည်း ရောဂါပိုး ကူးစက်မှုနှုန်း မြင့်မားနေသည်ကို သိရှိရပါကြောင်း ၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ် ကုသရေးစည်းကမ်းချက်များနှင့်အညီ နေထိုင်သွားကြရန်နှင့် မိမိတို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပစ္စည်းများဖြစ်သည့် Mask အခုရေ (၁) သောင်း၊ Surgical Grown (၂၀၀)၊ Surgical Cap (၂၀၀)၊ Hand Gel (၅၀)နှင့် ထောက်ပံ့ငွေ (၁၀) သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့မှ ပေးအပ်ရာ နောင်ချိုမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ကုသရေးအဖွဲ့မှ အသီးသီး လက်ခံရယူ ကြပြီး မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာကိုကိုနိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကြောင်းသိရသည်။
ထို့နောက် ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဌာန အစည်းအဝေးခန်းမတွင် ကိုဗစ် - ၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ် ကုသရေး ပစ္စည်းများ ပေးအပ်ပွဲနှင့် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုနှုန်း ထိုးနှက်မှုမှာ ၄၀ ရာခိုင်နှုန်းခံခဲ့ရပြီး နိုင်ငံတစ်ဝန်းတွင် Stay At Home (၁၂၉) မြို့နယ် သတ်မှတ်ပြီး ထိရောက် အောင်မြင်စွာ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ပထမပတ်တွင် (၁၀) ရာခိုင်နှုန်းကျဆင်းလာသဖြင့် ရောဂါ ထိန်းချုပ်မှု အောင်မြင် လာသည့် လက္ခဏာဖြစ်ပါကြောင်း ၊ သက်ဆိုင်ရာ ခရိုင် မြို့နယ်များက ထိန်းချုပ်နေမှုကို ဆက်လက်ပြီး ထိန်းချုပ် နိုင်ရန် လိုအပ်ပါကြောင်း ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများကလည်း ဝိုင်းဝန်း ကြိုးစားပေးကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့တစ်ခုတည်းသာမဟုတ်ဘဲ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဌာနဆိုင်ရာများတို့က အားလုံးဝိုင်းဝန်း ပူးပေါင်းကြိုးစားမှသာရမည်ဖြစ်ကြောင်း ၊ ပန်းခင်းစီမံချက်အနေဖြင့် မေလ (၃) ရက်နေ့မှစ၍ လာမည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ (၃) ရက်နေ့အထိ စုစုပေါင်း (၁၈)လ အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ မှာကြားချက်အရ တိုင်းရင်းသားအများစုသည် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရှိသေးပါ ကြောင်း၊ ယနေ့အခမ်းအနားတွင်လည်း နိုင်ငံသား စိစစ်ရေးကတ်ပြားများ (၅၈၄)ကတ်ကို နောင်ချို၊ ကျောက်မဲ၊ သီပေါ တို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောက်မဲ မြို့နယ်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ ပေးအပ်ရာ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဦးစိုင်းစံညွှန်မှ လက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ပေးအပ်ရာ ပလောင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးကျော်ခိုင်မှ လက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးအောင်မြင့်မှ ပေးအပ်ရာ အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်မှ လက်ခံရယူ၍လည်းကောင်း၊ နောင်ချိုမြို့နယ်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုမှ ပေးအပ်ရာ အိုတမာဝ် ပရဟိတအဖွဲ့မှ လက်ခံရယူ၍လည်းကောင်း၊ သီပေါမြို့နယ်အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှ ပေးအပ်ရာ နမ့်ခုံး ရှမ်းပရဟိတအဖွဲ့မှ အသီးအသီး လက်ခံရယူကြပြီး ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် ပစ္စည်းများပေးအပ်ရာ ထောက်ပံငွေ ကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ကျောက်မဲမြို့နယ် Oxygen Plant တည်ဆောက်ရန် အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ကျပ်သိန်း(၂၀၀)ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော Oxygen Concentrator နှင့် ဆက်စပ်ပစ္စည်းများကို ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ 40 Litre ဆန့် အောက်ဆီဂျင်အိုးများကို ရဲမှူးချုပ်တင်ကိုကို၊ ကျောက်မဲ မြို့နယ် ပရဟိတအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ်(၉၉)သိန်းအား ပြည်နယ် ဥပေဒေချုပ် ဦးစိုင်းကျော်ဇံတို့က အသီးအသီးပေးအပ်ရာ တာဝန်ရှိသူအသီးသီးတို့မှ လက်ခံရယူကြပြီး ကျောက်မဲခရိုင် ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးထွန်းမှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ကျောက်မဲခရိုင်အတွက် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် လှူဒါန်းခဲ့သော ပစ္စည်း များတွင် Mask အခုရေ (၁) သောင်း၊ Surgical grown (၂၀၀)၊ Surgical Cap (၂၀၀)၊ 40 Litre Oxygen Cylinder (၄၀)၊ Flow meter (၄၀)၊ Hand gel (၅၀)၊ Oxygen Concentrator (၉)၊ ဖြစ်ကြောင်းသိရသည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်း ပြသထားသော ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်မှု မှတ်တမ်းများအား ကြည့်ရူအားပေးခဲ့ကြပြီး သီပေါမြို့ သမိုင်းဝင် ပေါ်ကြိုမုဋ္ဌောစေတီတော်အား သွားရောက်ဖူးမြော်ကာ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့၍ အလှူတော်ငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့