We have 391 guests and no members online

လားရှိုး စက်တင်ဘာ - ၉

103
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် စက်တင်ဘာ(၉)ရက် နံနက်(၉)နာရီက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး ခရိုင်အတွင်းရှိ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံမြို့နယ်များအပြင် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်များမှ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၄၉၁)ကတ်ကို ပြည်သူများ လက်ဝယ် အရောက် ပေးအပ်ပွဲဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးရေး ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ စီမံချက်ကြီးတစ်ခုဖြစ်သလို ပြည်သူလူထုများအတွက် အမှန်တကယ် လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ပြည်သူ့အကျိုးပြု စီမံချက်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး တာဝန်ယူပြီး မိမိတို့အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ရာ ၂၀၂၁ခုနှစ် မေလ(၉)ရက်နေ့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၁၄၂၁) ကတ်၊ မေလ(၂၄)ရက်နေ့တွင် (၁၄၂၇)ကတ်၊ ဇွန်လ(၁၄)ရက်နေ့တွင် (၂၆၉၈)ကတ်၊ ယခု စက်တင်ဘာလ (၉)ရက် နေ့တွင် နိုင်ငံသားစိစစ်ရေး ကတ်ပေါင်း(၃၄၉၁)ကတ်၊ စုစုပေါင်း(၉၀၃၇)ကတ်ကို ပေးအပ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် ပြည်သူလူထုကို အကျိုးပြုဆောင်ရွက်ပေးနေသည့် နိုင်ငံတော်၏ စီမံချက်ဖြစ်သည့် ပန်းခင်း စီမံချက်၏ ဆောင်ပုဒ်မှာ လူမှုဘဝပြည်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဖော်ပြထားသည့်အတွက် ပြည်သူများအားလုံး၊ ဌာနဆိုင်ရာများအားလုံး၊ တိုင်းရင်းသား အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြား သည်။
ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ တန့်ယန်းမြို့နယ် လွယ်ပန်ကျေးရွာနေ ပလောင် တိုင်းရင်းသားများနှင့် နမ့်ဖလင်းကျေးရွာနေ `ဝ´ တိုင်းရင်းသားများတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပေးအပ်၍လည်းကောင်း၊ တန့်ယန်းမြို့နယ် နမ့်ဟူးလွယ်ကာရွာမှ ရှမ်းတိုင်းရင်းသား၊ သိန္နီမြို့နယ် နောင်ညောင်ကောင်း ဆာခမရတိုင်းရင်းသားများ၊ လားရှိုးမြို့နယ် ရပ်ကွက်(၁)၊ ရပ်ကွက်(၉)၊ ရပ်ကွက်(၄)၊ ရပ်ကွက် (၁၀)၊ ရပ်ကွက်(၁၁) (၁၂)ရှိ တိုင်းရင်းသားများကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပေးအပ်၍ လည်းကောင်း၊ တဆရ(၉/၁၀) လားရှိုး၊ ပလောင်တိုင်းရင်းသား၊ နမ့်ပေါင်းရပ်ကွက်ရှိ ကချင်တိုင်းရင်းသားများ၊ မိုင်းရယ်ရှိ ရှမ်းတိုင်းရင်းသားများ၊ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု၊ နမ့်ပူကျေးရွာအုပ်စု၊ မန်အိုင်ကျေးရွာအုပ်စု ဆုံကွယ်ကျေးရွာအုပ်စုမှ တိုင်းရင်းသားများ၊ ကွတ်ခိုင်မြို့နယ် မုန်းဝန်းတိုင်းရင်းသားများ၊ ပလောင်တိုင်းရင်းသားများ၊ မန်ကျယ်ကျေးရွာအုပ်စုမှ ကချင်တိုင်းရင်းသားများ၊ လားရှိုးမြို့နယ် ရမခနှင့် လက်အောက်ခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မိုင်းရယ်မြို့နယ်ရှိ ဗမာတိုင်းရင်းသားများ၊ တန့်ယန်းမြို့နယ်ရှိ တပ်ရင်း တပ်ဖွဲ့ဝင်များ၊ ကွမ်းလုံမြို့နယ်ရှိ `ဝ´ တိုင်းရင်းသားများ တို့အား `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီး ဥက္ကဋ္ဌ၊ ပင်လောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် လားရှိုးမြို့နယ် နောင်ရုန်းရပ်ကွက်တွင် တောင်သူဦးလှသိန်း စိုက်ပျိုးသော အစေ့ထုတ်ပြောင်း သိပ္ပံနည်းကျ စံပြကွက်အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကွင်းဆင်းကြည့်ရှုရာ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ရိုးမ ရတနာ ဥစားကြက်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုရာ ခြံပိုင်ရှင်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ကြက်ခြံ အတွင်း လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ရိုးမရတနာ ဥစားကြက်ခြံတွင် ကြက်ကောင်ရေ(၃)သောင်းခန့် ထည့်သွင်းမွေးမြူထားပြီး (၁)ရက် လျှင်ကြက်ဥလုံးရေ (၂)သောင်းခွဲလုံးခန့် ထွက်ရှိကာ ကြက်ဥများကို (၁)လုံးကို(၁၀၀)ကျပ်ဖြင့် ရောင်းချပေးလျက် ရှိကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခမ်းရွှေကုမ္ပဏီ ယုံခမ်းတိရစ္ဆာန် အစာ ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုကြကြောင်းနှင့် မယ်ဟန်ကျေးရွာအုပ်စုရှိ ရတနာ့ဂုဏ်ရည် ကျောင်းတိုက် သို့သွားရောက်ကာ ယောဆရာတော်ဦးဝိလသအား သာသနာရေးဆိုင်ရာ လိုအပ်သည်များ လျှောက်ထားပြီး ဝါတွင်း ကာလ ဆွမ်းဆန်တော်များ အခက်အခဲမရှိစေရန် လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်တော်၊ ဆီများတို့ကို ဆရာတော်ထံ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆက်ကပ်လှူဒါန်းပေးပြီး ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မစကူး တက်ရောက်မည့် ကျောင်းသားများအတွက် အားကစားပစ္စည်းများလည်း ပေးအပ် လှူဒါန်းခဲ့ကြောင်းနှင့် မယ်ဟန် ကျေးရွာအုပ်စု ရတနာဂုဏ်ရည် ကျောင်းတိုက်ရှိ ဝါဆို ရဟန်းသံဃာတော် အပါး(၁၀၀)နှင့် ကျေးရွာရှိ အိမ်ခြေ (၅၃၅) အိမ်အတွက် သောက်သုံးရေ ဖူလုံစွာရရှိရေးကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လူဒါန်းပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သောက်သုံးရေကန်အား သွားရောက်ကြည့်ရူစစ်ဆေးကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာသနာ(၂၅၀၀) ပြည်လုံးချမ်းသာ ဘုရားကြီး ကျောင်းတိုက်သို့ သွားရောက်၍ ပြည်နယ်သံဃာ့ဝန်ဆောင် ဦးကေသရအား သွားရောက်ဖူးမျှော်ကာ ဆွမ်းဆန်တော်၊ ဆီနှင့် ဝတ္ထုငွေ(၅)သိန်း လှူဒါန်းပေးခဲ့ကြပြီး၊ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ သွားရောက်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေ ကျပ်သိန်း(၁၀၀)ကို မန်ဆူဆရာတော်ထံ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီးနောက် နိုင်ငံတော် သြဝါဒစရိယ နိုင်ငံတော် ဗဟိုသံဃ ဝန်ဆောင် ပြည်နယ်၊ မြို့နယ် သံဃာဆရာတော်ကြီးများအား အမှူးထား၍ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစု များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာရှင် ဒါယကာ၊ ဒါယိကာမများမှ ဆရာတော် သံဃာတော်၊ သီလရှင်များအတွက် ဒုတိယအကြိမ် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများတို့က နိုင်ငံတော်ဗဟို သံဃာ့ ဝန်ဆောင် အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ မြို့မကျောင်း ဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် တရားတော် ချီးမြှင့်တော်မူကာ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးဗိုလ်မှူးချုပ် နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပေးကြကာ နိုင်ငံတော် ဗဟို သံဃ့ာဝန်ဆောင် အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ မြို့မကျောင်း ဆရာတော်ထံ လှူဒါန်းမှု အစုစု အတွက် အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို " ဗုဒ္ဓသာသနံ စိရံ တိဋတု" သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် (၇၀)အိတ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌမှ လက်ခံရယူကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့