We have 497 guests and no members online

လားရှိုး စက်တင်ဘာ - ၁၂

104
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မြို့တော်ခန်းမတွင် စက်တင်ဘာ(၁၀)ရက် နံနက်(၉)နာရီက လားရှိုးမြို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော် ဝန်ကြီးချုပ်၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မှာကြားချက်တွင် ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်၍ (၁၂၉) မြို့နယ်တွင် Stay at home ကြေညာပြီး (၆၆) မြို့နယ်ကို ရောဂါ ဖော်ထုတ်ကာ ရန်ကုန်၊ မန္တလေးမြို့တွင် ရောဂါကျဆင်းသွားကြောင်းနှင့် ရှမ်းပြည်နယ်တွင် ရောဂါကူးစက်မှု မြင့်မားနေပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ရောဂါကူးစက်မှုများနေပါကြောင်း၊ လားရှိုးမြို့တွင် ရောဂါကူးစက်မှုနှုန်း ကျဆင်းနေပြီး ရှမ်းအရှေ့ ကျိုင်းတုံမြို့တွင် ကူးစက်မှုများနေသေးပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကျနေပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နေရပ်ပြန်များ တရားဝင် နည်းလမ်းရှိသလို တရားမဝင်ခိုးလမ်းကြောင်းမှ ပြန်လာသူများရှိသောကြောင့် ရောဂါဖြစ်ပွား ကူးစက်မှုများဖြစ်ကာမှ သိရပါကြောင်း၊ ရောဂါကူးစက်မှုများရှိနေသောကြောင့် ဌာနဆိုင်ရာများနှင့် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားပါကြောင်း၊ အသိ ပညာပေးရာတွင်လည်း တိုင်းရင်းသားများက မြန်မာစကား နားလည်မှုအားနည်းနေပါကြောင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် စာမဖတ်တတ်မှုလည်း ရှိနေသေး သောကြောင့် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့ကို မိမိတို့အနေဖြင့် တွေ့ဆုံ၍ အထောက်အကူ ဖြစ်စေရန် ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း ကိုဗစ်-၁၉ရောဂါများ ဖြစ်လာပြီဆိုပါက ကာကွယ်ဆေးများလည်း ထိုးရန်လိုအပ်ပြီး အချို့ဒေသများတွင် ဆေးထိုးထားခြင်းမရှိသေးပါကြောင်း၊ ရောဂါအခံရှိသူများ ပိုမိုထိုးထားသင့် ပါကြောင်း၊ ရောဂါပိုးဝင်ရောက်လာပါက ဦးစွာခံစားရပြီး ဆေးထိုးထားပါက အထိုက်အလျောက် ခံနိုင်ရည် ရှိပါကြောင်း ပါရဂူများက သတ်မှတ်ပါကြောင်း၊ ယနေ့ အခမ်းအနားတွင် ဒေသဦးစီးများဖြစ်သည့် ကိုးကန့်၊ ပလောင် နှင့် `ဝ´တိုင်းဦးစီးများကလည်း မိမိတို့တိုင်းရင်းသားများကို ပြန်လည်ပြောကြားပေးရန်နှင့် ဆေးများထိုးသင့် ပါကြောင်း၊ ကုန်ဈေးနှုန်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မှာကြားချက်တွင် မိမိတို့နိုင်ငံ သည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သည်နှင့်အညီ ဆန်၊ ပဲ၊ အာလူး၊ အသီးအနှံများ ပူပင်စရာမလိုကြောင်း၊ နိုင်ငံခြားမှ ပစ္စည်းများ တင်သွင်းစရာသိပ်မရှိကြောင်း၊ ကြက်ဥဈေးများ တက်နေသောကြောင့် မိမိတို့အနေဖြင့် ကြက်ခြံများကို ကွင်းဆင်းကြည့်ပြီး အစာဈေးနှုန်းတက်သောကြောင့် အရင်းမှာ(၁၀၀)နီးပါးကျ၍ အပြင်ရောက်ပါက တစ်လုံးကို (၁၅၀) (၁၇၀)တင်ရောင်းနေမှုကို တွေ့ရပါကြောင်း၊ ဈေးနှုန်းမတက်အောင် ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် မနေ့ကလည်း မိမိတို့ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း၊ ကုန်ဈေးနှုန်းများမတက်ရအောင်နှင့် နယ်စပ်ဒေသတွင်လည်း ဈေးနှုန်းများစွာဖြင့် ဝယ်ယူနေရသည့်အတွက် ထိထိမိမိဖြစ်အောင် မူဆယ်မြို့နယ် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး တက်ရောက်လာသည့်အတွက် မိမိတို့နယ်စပ်ဒေသတွင် ကုန်ဈေးနှုန်းမတက်အောင် ဝိုင်းဝန်းထိန်းပေးကြရန် လိုပါ ကြောင်း၊ မိမိတို့ဒေသထွက်သီးနှံများကို ထိုက်သင့်သောဈေးဖြင့် ဝယ်ယူနိုင်ရန် နိုင်ငံတော်ကလည်း မှာကြား လိုက်ပါကြောင်း၊ လုံခြုံရေးကိစ္စရပ်များတွင်လည်း စည်းမကျိုးရန်လိုပါကြောင်းနှင့် လုံခြုံရေးအဖွဲ့များဖြင့် ပူးပေါင်း လုပ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တင်ပြဆွေးနွေးရာ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးမှ ကျန်းမာရေးကိစ္စရပ်များ၊ လားရှိုးမြို့ စည်ပင်သာယာရေး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ကိုမှ ဘဏ္ဍာငွေ ကောက်ခံရရှိမှု ကိစ္စရပ်များ တင်ပြဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တင်ပြဆွေးနွေးမှုအပေါ် ဖြည့်စွက်ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အလှူငွေကျပ်သိန်း (၂၀၀)၊ (၄၀)လီတာဆံ့ အောက်ဆီဂျင်ဆလင်ဒါအိုးအလုံး(၃၀)နှင့် Flow meter(၃၀)ခုအား ထောက်ပံ့ပေးအပ် ခြင်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦးက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက် Oxygen Concentrator (၄)လုံးအား ပေးအပ်ရာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးတာသိန်းဇော်မှ လက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်က `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွက် Oxygen Concentrator (၄)လုံး အားထောက်ပံ့ပေးအပ်ရာ`ဝ´ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ဦးညီနပ်မှလက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုမှ လားရှိုးခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအတွက် အလှူငွေကျပ်(၁၀)သိန်းထောက်ပံ့ပေးအပ်ရာ လားရှိုးခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဦးမျိုးမင်းထွန်းမှ လက်ခံရယူ၍ လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှ လားရှိုးခရိုင်အတွင်းရှိ တိုက်နယ်ဆေးရုံ(၁၀)ခုအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲအောင်ထွန်းမှ လက်ခံရယူ၍လည်းကောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ လားရှိုးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအတွက် အလှူငွေ(၁၀)သိန်းကျပ် ထောက်ပံ့ပေးအပ်ရာ လားရှိုးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားရှိ ပတ္တမြားမျက်ရှင်အား ပန်း၊ ရေချမ်း၊ ဆီမီးပူဇော်ကာ ဘုရားအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းပေးကြပြီး ရန်တိုင်းအောင်ဘုရားရှိ ဗုဒ္ဓဥယျာဉ်တော် ဆောက်လုပ်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှုကာ ဗုဒ္ဓ ခြေတော်ရာနှင့် ကမ္ဗည်းမော်ကွန်းတို့အား အမွေးနံ့သာရည် ပက်ဖျန်းပေးကြ၍ ဗုဒ္ဓဥယျာဉ်တော်အတွက် အလှူတော် ငွေများကို အလှူရှင်များမှ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ဘုရားဂေါပက တာဝန်ရှိသူတစ်ဦးတို့က လက်ခံရယူပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် လားရှိုးမြို့ ပညာရေးဒီဂရီ ကောလိပ် ကိုဗစ်-၁၉ ရောဂါ ကြပ်မတ်ကုသဆောင်အား သွားရောက်ကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပညာရေးဒီဂရီကောလိပ် ကိုဗစ်-၁၉ ရောဂါ ကြပ်မတ် ကုသဆောင် အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌမှ ကိုဗစ်-၁၉ ရောဂါ လူနာများအား ကုသစောင့်ရှောက်မှုပေးသည့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကြပ်မတ် ကုသဆောင်နှင့် Positive Center တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဘက်စုံခြံ(ရမခ)ရှိ Oxygen စက်ရုံ၌ အောက်စီဂျင်ထုတ်လုပ်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ အဆိုပါ စက်ရုံတွင် (၁)ရက်လျှင် (၂၀)လီတာအိုး (၄၀)နှင့် စက်ကြီး(၁)ရက်လျှင် (၄၀)လီတာအိုး(၂၀၀)ထွက်ရှိပြီး လားရှိုးမြို့ဝန်းကျင်ကို အခမဲ့ဖြန့်ချိ ပေးလျက်ရှိကြောင်းနှင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံရှိ Oxygen စက်ရုံ၌ အောက်စီဂျင်ထုတ်လုပ်မှု အခြေအနေ ကိုလည်း သွားရောက်ကြည့်ရှုရာ စက်ရုံမှ (၁)ရက်လျှင် (၄၀)လီတာအိုး (၃၂)ထွက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ပေးမည့် PCR စက်ထားရှိမည့် နေရာတို့ကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့