We have 389 guests and no members online

သီပေါ စက်တင်ဘာ - ၁၂

105
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့တွင် စက်တင်ဘာ(၁၁)ရက် နံနက်ပိုင်းက သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သီပေါမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေး ကော်မတီအဖွဲ့သို့ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် mask ခုရေ (၁)သောင်း၊ Surgical grown(၂၀၀)၊ Surgical cap(၂၀၀)၊ Handgel(၅၀) ထောက်ပံ့ငွေကျပ်(၁၀)သိန်းတို့ကို ပေးအပ်လှူဒါန်းပေးရာ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်၊ ကုသရေးကော်မတီအဖွဲ့များမှ လက်ခံရယူကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့