We have 71 guests and no members online

110
တောင်ကြီး အောက်တိုဘာ - ၇
ရှမ်းပြည်နယ် Coronavirus Disease 2019(ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ(၇)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲမှ မှာကြားချက်အရ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား (၅%)အောက်ရောက်နိုင်ရန် အားလုံး ဝိုင်းဝန်းကြိုးစားပေးကြရန် မှာကြားပါကြောင်း၊ မကြာခင်ကာလတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် အခြေခံ ပညာကျောင်းတွင် ပညာသင်ကြားနေသော အသက်(၁၂)ပြည့်ပြီးသူနှင့် အသက်(၁၈)နှစ်ကြား ကျောင်းသား၊ ကျောင်းသူ များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနိုင်ရန် နိုင်ငံတော်မှစီစဥ်နေပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်မည် ဆိုပါက ယနေ့ ကိုဗစ်-၁၉ရောဂါ အနေထားမှာ တောင်ကြီးမြို့တွင်(၇%)၊ ညောင်ရွှေမြို့တွင်(၁၇%)၊ ရပ်စောက် မြို့တွင် (၁၀%)၊ နောင်ချိုမြို့တွင် (၂၄%)၊ သီပေါမြို့တွင်(၁၁%)၊ လားရှိုးမြို့တွင်(၄%)၊ ကျိုင်းတုံမြို့တွင်(၁၆%)၊ တာချီလိတ် မြို့တွင်(၈%)၊ လောက်ကိုင်မြို့တွင်(၁၃%)၊ ချင်းရွှေဟော်မြို့တွင်(၅%)၊ မူဆယ်မြို့တွင်(၃%)၊ နမ့်ခမ်းမြို့တွင် (၃၅%) ဖြစ်ပြီး ရှမ်းပြည်နယ်တစ်ခုလုံးတွင် နမ့်ခမ်းမြို့သည်အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ နောင်ချိုမြို့နှင့် တတိယ အများဆုံးမှာ ကျိုင်းတုံမြို့တို့ဖြစ်ပါကြောင်း၊ တောင်ကြီးမြို့သည် အားလုံးခြုံ၍ ကြည့်ပါက (၇%)ရှိပြီး တောင်ကြီးမြို့ တစ်ခုထဲကြည့်ပါက (၅%)အောက် ရောက်နေပါကြောင်း၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်းလျော့နည်းနိုင်မှသာ ကျောင်းများ ပြန်လည်ဖွင့်သည့်အခါ အခြေနေကောင်းမည်ဖြစ်ပါကြောင်း၊ ကိုဗစ်- ၁၉ ရောဂါကို သတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်းလိုက်နာရန်လိုပါကြောင်းနှင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှင့် ရောဂါပိုးထိန်းချုပ်နိုင်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ ဆွေးနွေးတင်ပြ၍ တက်ရောက်လာကြသည့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များက ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး) 09-250132943