We have 66 guests and no members online

တောင်ကြီး အောက်တိုဘာ - ၈

112
ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကို အောက်တိုဘာ(၈)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တောင်သူလယ်သမားများ၏ လက်ရှိစိုက်ပျိုး လုပ်ကိုင်လျက်ရှိသော လယ်ယာမြေများအား သားစဉ်မြေးဆက် အဆက်ဆက် ဘဝအာမခံရရှိရေးနှင့် ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရရှိရေး အတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၀)များတို့ ပြဋ္ဌာန်းပြီး လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ထုတ်ပေးခြင်းလုပ်ငန်းကို ခရိုင်/ မြို့နယ်/ရပ်/ကျေး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ မှ စီမံချက်ရေးဆွဲ၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျန်ထုတ်ပေးရန် လျာထားချက်အပေါ် ၈၇% ပြီးစီးပြီး ကျန်ရှိသည့် လယ်ယာမြေများကိုလည်း အမြန်ဆုံးမှတ်ပုံတင်နိုင်ရေး ဆက်လက်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုကိစ္စရပ်များနှင့် ပတ်သက်၍ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင် နေသော မူလပိုင်ရှင်တောင်သူများအား နစ်နာမှုမရှိစေရေး ဘက်မလိုက်ဘဲ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က မှန်မှန်ကန်ကန် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းပေးနိုင်ရေးအတွက် ရပ်/ကျေး အုပ်စုနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များတွင် တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ ဒေသခံရပ်မိရပ်ဖများကိုလည်း ပိုမိုတိုးချဲ့ ထည့်သွင်း ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာစနစ်မှ ခေတ်မီစက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းရာတွင် လိုအပ်သည့် လယ်ယာသုံးစက်နှင့် စက်ကိရိယာများထားရှိခြင်း၊ ဆန်စက်များ၊ ဆီစက်များ၊ ပဲခွဲစက်များစသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သောစက်ရုံများ၊ သီးနှံသိုလှောင်သည့်ဂိုဒေါင်များ၊ လိုအပ်သော ကုန်ထုတ်လမ်းများနှင့် အခြေခံအဆောက်အဦများ တည်ဆောက်သည့် ကိစ္စရပ်များကိုလည်း အလေးထားဆောင်ရွက်ရန်၊ စားနပ်ရိက္ခာဖူလုံရေးအတွက် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးရန် လိုအပ်ပါ ကြောင်းပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းက လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၁) ဆုံးဖြတ်ချက်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၁) ဆုံးဖြတ်ချက်များအား အတည်ပြုခြင်းဆောင်ရွက်ပြီး ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁) တင်ပြချက်များနှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
၀၉-၂၅၀၁၃၂၉၄၃