We have 593 guests and no members online

တောင်ကြီး အောက်တိုဘာ - ၁၇

122
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် အောက်တိုဘာ (၁၇)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SinoVac ထိုးနှံနေမှုကို ကြည့်ရှုအားပေး ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ အသက်(၁၂)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများ သွေးပေါင်ချိန်နေမှု၊ အမည်စာရင်းသွင်းနေမှုနှင့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနေမှုတို့ကို ကြည့်ရှု အားပေးကြသည်။
အဆိုပါ Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တောင်ကြီးမြို့နယ်ရှိ အထက(၁)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၁၃၆၅)ဦး၊ အထက(၁၀)ကျောင်းတွင် (၁၂၄၀)ဦး၊ အထက (ရွှေညောင်)တွင် (၁၂၉၇)ဦး၊ အထက(အေးသာယာ)တွင် (၃၃၆၀)ဦး၊ အထက(ထီသိမ်)ကျောင်းတွင် (၅၁၂)ဦး၊ အထက(စလဲ)တွင်(၁၂၇၆)ဦး၊ အထက(တောင်နီ)တွင်(၁၀၅၉)ဦး၊ အထက(သံတဲ)ကျောင်းတွင်(၁၄၆)ဦး၊ အထက(တောင်လေးလုံး)ကျောင်းတွင် (၂၆၈)ဦး၊ အထက(ပန်သခွား)ကျောင်းတွင် (၈၄၂)ဦး၊ အထက(ခွဲ) နမ့်ဆီးကျောင်းတွင် (၄၄၈)ဦး၊ အထက(ဟမ်းဆီး) ကျောင်းတွင်(၄၃၄)ဦး၊ အထက(ကျောက်တလုံးကြီး)ကျောင်းတွင် (၁၃၇၁)ဦး၊ အထက(လုံကား)ကျောင်းတွင် (၃၁၁)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၃၉၂၉)ဦး ကာကွယ်ဆေးထိုးကြကြောင်းသိရှိရသည်။
Sinovac ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို အသက် (၁၂) မပြည့်သေးသူများ၊ ဓါတ်မတည့်သူများ၊ သွေးဥမွှာလျော့နည်းသူများနှင့် သွေးမတိတ်ရောဂါရှိသူများ၊ ခန္ဓာကိုယ်ခုခံအားစနစ် အားနည်းနေသူများနှင့် ဆီးချို ရောဂါ၊ အတက်ရောဂါ၊ ဦးနှောက်အာရုံကြောရောဂါ တစ်ခုခုရှိသူများကို ကာကွယ်ဆေးထိုးနှံပေးမည် မဟုတ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943