We have 665 guests and no members online

တောင်ကြီး အောက်တိုဘာ - ၂၂

121
ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသမယ သီတင်းကျွတ်လပြည့်နေ့တွင် အများပြည်သူများ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ စိတ်အေးချမ်းသာကြည်လင်စွာ ကုသိုလ်ယူနိုင်ရန်အတွက် အောက်တိုဘာ(၁၉)ရက် အဖိတ်နေ့ရက် နံနက်(၇)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ စူဠာမုနိလောက ချမ်းသာစေတီ ရင်ပြင်တော်နှင့် ဘုရားစေတီ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကုသိုလ်ယူကြသည်။
ဆက်လက်၍ တောင်ကြီးမြို့ ရွှေဘုန်းပွင့်စေတီတော်ရင်ပြင်တွင်လည်း သန့်ရှင်းဆောင်ရွက် ကုသိုလ်ယူ ကြသည်။
အဆိုပါ ဝါလကင်းလွတ် သီတင်းကျွတ်အဖိတ်နေ့တွင် စူဠာမုနိစေတီတော်ရင်ပြင်နှင့် ရွှေဘုန်းပွင့်ဘုရားစေတီ ရင်ပြင်တော်ပေါ်၌ တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် ဦးဆောင်၍ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့မှ သန့်ရှင်းဆောင်ရွက် ကုသိုလ်ယူ ကြကြောင်း သိရှိရသည် ။
မောင်မောင်သန်း(တောင်ကြီး)
09-250132943