We have 632 guests and no members online

တောင်ကြီး အောက်တိုဘာ - ၂၆

125
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှမ်းပြည်နယ်သို့ လာရောက်ခဲ့သည့် ခရီးစဥ်များအတွင်း လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည် ဖော်ဆောင်နိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ(၂၆)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှမ်းပြည်နယ်သို့ လာရောက်ခဲ့သည့် ခရီးစဥ်များအတွင်း လမ်းညွှန်မှာကြားချက်များ ထပ်ဆင့် ရှင်းလင်းပြောကြားရာ ရှမ်းပြည်နယ်အနေဖြင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့်မတူဘဲ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းမှုကောင်းစွာ ရရှိနေမှုကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု လက္ခဏာကောင်း ရရှိခဲ့သည့်အတွက် အချိန်တိုကာလအတွင်း နိုင်ငံတော်ဝန်ကြီးချုပ်၏ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုးမြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်များသို့လည်းကောင်း၊ (၂)ကြိမ်တိတိ နယ်မြေဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှမ်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းလမ်းညွှန်ချက်များနှင့် လိုအပ်သည့် ပံ့ပိုးမှုများဆောင်ရွက်ပေးခဲ့သည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဥ်အတွင်း လမ်းညွှန်ချက်(၃၁)ချက်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ခရီးစဥ်အတွင်း လမ်းညွှန်ချက်(၇၂)ချက် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ လမ်းညွှန်ချက်များသည် မိမိတို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် ဆောင်ရွက် ရန်လိုအပ်သော လမ်းညွှန်ချက်များ ဖြစ်သည့်အတွက် ပြည်နယ်အဆင့် ဌာဆိုင်ရာများအနေဖြင့် လမ်းညွှန်ချက်များကို စနစ်တကျ အောင်မြင်အကောင်အထည် ဖော်ဆောင်ကြရန်ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း ပြည်နယ်အစိုးရ အဖွဲ့သို့ အပတ်စဥ်၊ လစဥ်တင်ပြရန်နှင့် မိမိတို့ပြည်နယ်အစိုးရအဖွဲ့မှလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ပြန်လည် တင်ပြပေးသွားမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များအပေါ် အလေးထား ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ပြီး လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ပြောကြားကြောင်း သိရ သည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးက လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သော ပြည်နယ် စည်ပင် သာယာရေးဌာန၊ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ဆည်မြောင်းဦးစီးဌာန၊ ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးဦးစီးဌာန၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ် ပညာရေး ဦးစီးဌာန၊ ပြည်နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူးတို့မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြပြီး အထွေထွေဆွေးနွေးကြကာ ဆွေးနွေးတင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ပြောကြား၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943