We have 634 guests and no members online

တောင်ကြီး အောက်တိုဘာ - ၂၇

126
ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ(၂၆)ရက် နေ့လည်(၁၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်(ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ မှာကြားချက်အရ ရှမ်းပြည်နယ်သည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုသည် ရာခိုင်နှုန်းအားဖြင့် မြို့ပေါ်တွင် ကျနေပါကြောင်းနှင့် မြို့အပြင်ဘက်တွင် ကူးစက်မှုရာခိုင်နှုန်း တက်နေပါ ကြောင်း၊ အားလုံးဝိုင်းဝန်း၍ ရောဂါကူးစက်မှုများကို ဖော်ထုတ်ရှာဖွေကာ သေချာစစ်ဆေးရန် မှာကြားပါကြောင်း၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် တိုင်းမှူးများနှင့် ညှိနှိုင်းကာ ဆောင်ရွက်ရန် မှာကြားပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး (၃)ရာခိုင်နှုန်းအောက် ရောက်မှသာ နိုဝင်ဘာလတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးသည် (၂%)ရာခိုင်နှုန်းသာရှိပြီး ညောင်ရွှေမြို့၊ ရပ်စောက်မြို့တို့တွင် ရောဂါပိုးကူးစက်မှု မြင့်နေပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှင့် လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ဆွေးနွေးတင်ပြ၍ တက်ရောက်လာ ကြသည့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားကြောင်း သိရှိရသည်။
ထို့နောက် တောင်ကြီးမြို့ (၄)မိုင်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့များနှင့် ရှမ်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အာလူး၊ ထောက်ပံ့ငွေများတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တာဝန်ရှိသူတို့မှ အသီးသီးလက်ခံရယူကြ ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943