We have 62 guests and no members online

တောင်ကြီး နိုဝင်ဘာ - ၉

134

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ(၇)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းသည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အဆင့်ဆင့်သော အရာထမ်း အမှုထမ်းများသည် ခေတ်ကာလအုပ်ချုပ်ရေးနှင့်အတူ ပေးအပ်လာသော တာဝန်များကို ကျရာအခန်းကဏ္ဍတွင် ကျေပွန်စွာ ပါဝင် ဆောင်ရွက်ခဲ့သည်မှာ အားလုံးသိရှိကြပြီးဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ရည်မှန်းချက်(၄)ရပ် စံတန်ဖိုး(၆)ရပ်၊ လုပ်ငန်းစဉ်(၃)ရပ် ချမှတ်ပြီး ဌာန၏ ရည်မှန်းချက်ဖြစ်သည့် “ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေး” ဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “ပြုပြင်ပြောင်းလဲမှုအစထွေအုပ်က” ဆိုသည့်အချက်တွေ ချမှတ်ပြီး ဌာနလုပ်ငန်းများ ဆောင်ရွက်နေမှုကို သိရပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ကြသလို ခရိုင်၊ မြို့နယ်အဆင့်မှာလည်း ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများကို တာဝန်ပေးအပ်ပြီး အုပ်ချုပ်ရေးကဏ္ဍ၏ အဓိကတာဝန်ကို ပေးအပ်ခြင်းခံရသူများဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရား၏ အစိတ်အပိုင်းတစ်ခုအဖြစ် လည်ပတ်အောင် မောင်းနှင်ပေးနေသည့် ဌာနတစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ မူဝါဒ၊ မိမိဌာနမှ ကျင့်သုံးလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် နှစ်ပတ်လည်နေ့တွင် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးနိုင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်း များအား ဝတ်စုံများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနေလင်း၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စိမ်းစိမ်းစိုးတို့က ပေးအပ်ရာ တာဝန်ရှိ ဝန်ထမ်းများမှ အသီးသီးလက်ခံရယူကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့