We have 204 guests and no members online

တောင်ကြီး စက်တင်ဘာ - ၂၄

107
(၁/၂၀၂၁)ကြိမ်မြောက် ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးကို စက်တင်ဘာ (၂၄)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်သိန်းမောင်ကယနေ့ကျင်းပသောအစည်းအဝေးသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးစု (၃၃)မျိုးစု မှီတင်းနေထိုင်လျက် ရှိပါကြောင်းနှင့် တိုင်းရင်းသားများ၏ ရိုးရာဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးတမ်း၊ လူမှုဘဝနေထိုင်မှုများသည် မတူကွဲပြားစွာ တည်ရှိနေပါကြောင်း၊ မတူကွဲပြားမှုများသည် ခရီးသွားလုပ်ငန်းအတွက် စိတ်ဝင်စားစွာ ဆွဲဆောင်နိုင်မည့် အရင်းအမြစ်တစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၌ အကျယ်အဝန်းဆုံးပြည်နယ်တစ်ခုဖြစ်ပြီး နယ်မြေ၏အများစုသည် တောင်ကုန်း တောင်တန်းများဖြင့် တည်ရှိနေသော ပြည်နယ်တစ်ခုဖြစ်ကာ တောင်ကုန်းတောင်တန်းများ ဖြစ်တည်မှုအရ သဘာဝ လှိုဏ်ဂူများ၊ အလွန်လှပသည့် သဘာဝရေတံခွန်များ၊ ပေ(၇၀၀၀)အထက်မြင့်သော တောင်ထိပ်များတွင် ရာသီချိန် ပွင့်သည့် တောင်ဇလပ်ပန်းများသည်လည်း ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၏ နယ်နိမိတ်ထိစပ်မှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့တည်ရှိပြီး နှစ်နိုင်ငံ နယ်စပ်ပေါက် များမှ ဝင်ရောက်လည်ပတ်နိုင်သည့် ခရီးသွားဆိုင်ရာ အခွင့်အလမ်းများလည်းရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အဓိက ခရီးစဉ်ဒေသကြီး(၄)ခုဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးတို့အနက် အင်းလေးကန် ခရီးစဉ်ဒေသသည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ပါဝင်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါမဖြစ်ခင် အခြေအနေတွင် ရှမ်းပြည်နယ်အတွင်း ပြည်တွင်းဧည့်သည်(၈)သိန်းနီးပါး၊ ပြည်ပဧည့်သည်(၄)သိန်းကျော် လာရောက်လည်ပတ်ကြပြီး နယ်စပ်ဒေသများမှ နေ့ချင်းပြန် ဝင်ရောက်လည်ပတ်သော ပြည်ပဧည့်သည်(၂)သန်းခန့် ရှိပါကြောင်း၊ နိုင်ငံတော်၏ ပြောင်းလဲလာသည့် ဖွဲ့စည်းပုံနှင့်အညီ တိုင်းဒေသကြီး/ပြည်နယ် ခရီးသွားလုပ်ငန်း ကော်မတီများကို ပြင်ဆင်ဖွဲ့စည်းကာ ကော်မတီ မှာလည်း အဖွဲ့ဝင်ပြောင်းလဲမှုရှိသလို ကော်မတီ၏ လုပ်ငန်းတာဝန်များကို အဖွဲ့ဝင်အသစ်များ နားလည် သဘောပေါက်စေရန် အနည်းငယ်ရှင်းလင်း ပြောကြားလိုပါကြောင်း၊ ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များ အနေဖြင့်လည်း ယခုအစည်းအဝေးတွင် ရှမ်းပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အကြံဉာဏ်ကောင်းများရှိပါက ဆွေးနွေးအကြံပြုပေးကြပါရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးထင်အောင်နိုင်က ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ရယူရမည့် ကိစ္စရပ် များကို ရှင်းလင်းတင်ပြပြီး အစည်းအဝေး တင်ပြချက်များအပေါ် တက်ရောက်လာသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြ၍ တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြကာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်သိန်းမောင်က နိဂုံးချုပ်စကားပြောကြား ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

တောင်ကြီး စက်တင်ဘာ - ၁၇

106
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ Royal Taunggyi Hotel ၌ စက်တင်ဘာ(၁၇)ရက် နံနက်(၁၀)နာရီက HSP Certified Business အသိအမှတ်ပြုလက်မှတ်‌ ပေးအပ်ပွဲကျင်းပကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ကျန်းမာရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် Enchanting Myanmar Health and Safety Protocol စွဲမက်ဖွယ်ရာပြည်မြန်မာ - ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်းအစီအစဉ်တစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၀ နှစ်ဆန်းပိုင်းကစခဲ့သည့် ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလုပ်ငန်းများသည် အများကြီးထိခိုက်နစ်နာဆုံးရှုံးခဲ့ရပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး Enchanting Myanmar Health and Safety Protocol ကိုရေးဆွဲကာ အကောင်အထည်ဖော်မှုအနေဖြင့် COVID Safe Service လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဆရာဖြစ်သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းဆင်း ဆရာများမှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆင့်ပွားသင်တန်းဖွင့်လှစ်၍ ကိုဗစ် ကာကွယ်ရေးနည်းလမ်းများ ဖြန့်ဝေပေးခဲ့ပါကြောင်း၊ သင်တန်းတက်ရောက်ပြီး Vaccine ထိုးပြီးသည့် ဝန်ထမ်းများရှိသည့် ဟိုတယ်၊ ဧည့်လမ်းညွှန်၊ ခရီးသွားဆက်စပ်လုပ်ငန်းများကို HSP Certified Business/ HSP Certified Trainers တံဆိပ်များ ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအသိအမှတ်ပြု HSP Certified Business လက်မှတ် များပေးအပ်မှာဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်(၄၀၉)လုံးရှိသည့်အနက် (၂၇၆)လုံးကို ဌာန(၃)ခုက စစ်ဆေးပြီး ကိုဗစ် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြင်ဆင်ဖွင့်လှစ်ထားသည့် ဟိုတယ်များကို ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ တံဆိပ်များကို သက်ဆိုင်ရာဟိုတယ်၏ Lobby, Reception နေရာမျိုးတွင် ချိတ်ဆွဲထားခြင်းဖြင့် COVID Safe Service ဝန်ဆောင်မှုပြုသည့် နေရာတစ်ခုအဖြစ် ဂုဏ်ယူနိုင်မှာဖြစ်သလို ဧည့်သည်များ၏ ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ရှေ့ဆက်ပြီး National အဆင့်၊ International အဆင့် အသိအမှတ်ပြုလက်မှတ်များကိုလည်း လျှောက်ထားရယူနိုင်ကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထက်အောင်နိုင်က HSP Health and Safety Protocol အကောင်အထည်ဖော်နေသည့် အစီအစဉ်များကိုရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ဟိုတယ်လုပ်ငန်းရှင်များအား HSP Certified Business အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
၀၉-၂၅၀၁၃၂၉၄၃

တောင်ကြီး စက်တင်ဘာ - ၁၆

1002
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ အစားအသောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် အလှူရှင်များမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေများပေးအပ်လှူဒါန်းခြင်းကို စက်တင်ဘာလ(၁၆) ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တတ်နိုင် သလောက် မိတ်ဖက်ညီအစ်ကိုသဖွယ်ကူညီစောင့်ရှောက်ပေးသည့် PNOအသွင်ပြောင်းပြည်သူ့စစ်ကို ထောက်ပံ့ရခြင်း ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ အေးချမ်းတည်ငြိမ်မှုတွင်လည်း PNO ပြည်သူ့စစ်မှ စောင့်ရှောက်မှုများလည်း ပါဝင် ပါကြောင်း၊ လုံခြုံရေးလုပ်ငန်းများတွင်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး၏ ကွပ်ကဲမှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးသည့် PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့များသို့ အစားအသောက် ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ PNOအသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့မှတာဝန်ရှိသူများကလက်ခံရယူ၍လည်းကောင်း၊အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ကြက်ဥ၊ဆား၊ငါးခြောက်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက mask အခုရေ(၂)သောင်းတို့ကိုအသီးသီးပေးအပ်ရာPNOအသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) အဖွဲ့တာဝန်ရှိသူများက လက်ခံရယူပြီး ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှမ်း(တောင်)သတ္တုလုပ်ငန်းရှင်များအသင်းမှငွေကျပ်သိန်း (၁၀၀)၊ PNOအသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့မှငွေကျပ်(၁၀)သိန်းပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNOအသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ ဆန်(၅၁)အိတ်၊ ဆီ(၁၃၅)ပိဿာ၊ ငါးခြောက်(၁၃၅)ပိဿာ၊ ကြက်ဥ(၅၄၀၀)လုံး၊ စုစုပေါင်းတန်ဖိုး(၆၇၅၀၀၀၀)ကျပ်နှင့် mask အခုရေ(၂)သောင်း တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး

တောင်ကြီး စက်တင်ဘာ - ၁၆

1003
ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ(၁၆)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်၏ လမ်းညွှန်ချက်အတိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်း ပြန်လည်မြှင့်မားလာသောကြောင့် သီပေါမြို့ကို သေချာစွာပြန်လည် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ဖယ်ခုံမြို့တွင် ရောဂါကူးစက်မှုနှုန်းမြှင့်နေကြောင်း၊ နိုင်ငံတော်၏ မှာကြားချက်အတိုင်း ကာကွယ်ဆေးများကို မိမိရရ ထိုးပေးကြရန်နှင့် အသစ် ထပ်ထိုးရန် ဆေးများလည်း ရောက်ရှိလာပြီဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လူဦးရေ(၈)သောင်းအတွက် ဆေး အလုံးရေ(၁၆၀၀၀)နှင့် ဆေး(၁)လုံးကို (၅)ယောက်ထိုးသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွက် အလုံးရေ (၁၄၀၀၀) လူဦးရေ (၇)သောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွက် အလုံးရေ(၄)ထောင်၊ လူဦးရေ (၂)သောင်း၊ ရှမ်း(၃)ရှမ်း အတွက် အားလုံး ပေါင်း လူဦးရေ (၁)သိန်း(၇)သောင်း ဆေးထက်ထိုးမည် ဖြစ်ကြောင်း၊ စက်တင်ဘာ(၁၉)ရက်နေ့ စတင်ထိုးနိုင်ရန် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်း ၊ယနေ့တက်ရောက်လာသည့် ကော်မတီအဖွဲ့များကလည်း ဝိုင်းဝန်းပူးပေါင်းပေးကြရန် ဆေးထိုးရာတွင်လည်း QR ကုတ်များ မှန်ကန်စွာ သွင်းရမည်ဖြစ်၍ မှားယွင်းမှုမရှိစေရန် ဆေးထပ်ထိုးမည် ဆိုပါက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါရှိမှသာ ထိုးပေးရန် မပါရှိပါက မထိုးပေးရန် ကော်မတီမှ ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးလာရောက်ထိုးပါကနိုင်ငံသားစိစစ်ရေးကတ်ပြား ယူလာရန်နှင့် မရှိပါက ပန်းခင်း စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မှာကြားချက်အရ ပန်းခင်းစီမံချက်လည်း ဆောင်ရွက်ပြီးဆေး လည်းထိုးပြီးဖြစ်၍ ယနေ့ တက်ရောက်လာ သည့် ကော်မတီများကို တင်ပြသွားမည့်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ပန်းခင်း စီမံချက်အောင်မြင်မှုများ ရှိပါကြောင်း၊ အောက်စီဂျင်နှင့်ပတ်သက်၍ လိုအပ်ချက်များ မရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း မှာယူမှုများ ရှိပြီး အလှူရှင်များမှလည်း လာရောက်လှူဒါန်းမှုများရှိပါကြောင်း၊ ဆေးရုံများကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထားရှိ ပေးရန်နှင့် ဆေးထိုးရာတွင်လည်း သေချာစိစစ်ပေးရန် နိုင်ငံသားစိစစ်ရေးကတ်ပြား မပါရှိပါက ပြန်ယူခိုင်းရန်၊ အသက် အပိုင်းအခြားစာရင်း သေချာသွင်းရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိပါက ပန်းခင်း စီမံချက်တွင် စာရင်းသွင်းရန်၊ QR ကုတ် စာရင်းသွင်းသည့်အခါ မှန်မှန်ကန်ကန်ဖြစ်ရမည် ဖြစ်ကြောင်း၊ ယနေ့ကော်မတီများ အားလုံးသည်လို အပ်ချက် များ ရှိပါကဝိုင်းဝန်းဆွေးနွေး ပေးကြရန်ပြောကြားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှု နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ရှမ်းပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ ဆွေးနွေး တင်ပြပြီး အခမ်းအနားတက်ရောက်လာသည့် ကော်မတီဝင်များမှ ဆွေးနွေးတင်ပြကြကာ အထွေထွေဆွေးနွေး၍ ရှမ်း ပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး

တောင်ကြီး စက်တင်ဘာ - ၁၆

1001

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်၊ရွှေညောင်မြို့တွင်ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်း ပိုမိုတိုးပွား လာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းကတောင်ကြီးမြို့နယ် ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုလွင်က ရွှေညောင်မြို့၌ Positive လူနာများ တစ်နေ့တစ်ခြား နေစဥ် ပိုမိုတိုးပွားလာမှုကိုတွေ့ရပါကြောင်း၊ ဤကဲ့သို့ ဖြစ်ရခြင်းမှာ လုပ်ငန်းဆောင်ရွက် ရာတွင် ဆက်သွယ်မှု အားနည်း၍ ဖြစ်ပါကြောင်း၊ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့မှုကွင်း ဆက်ကိုတိတိကျကျ ဖော်ထုတ်ရန် လိုအပ်ပါကြောင်း၊ ကူးစက်သူလူနာများ ထိန်ချန်ထား၍ မရပါကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည်မဟုတ်ပါကြောင်း၊ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့မှု ကွင်းဆက်ဖော်ထုတ်ရာတွင် ပြည်သူများ အားလုံး ပူးပေါင်းပါဝင်ပေးကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ကျန်းမာရေးနင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းမော်ဦးက ပုဂ္ဂလိကဆေးရုံ များတွင် ဆေးကုသမှုခံယူပြီးကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိပါက ရောဂါပိုးတွေ့ရှိသူ၏ အချက်အလက်နှင့် နေရပ်လိပ်စာ များကို မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့သို့ သတင်းပေးရန် လိုပါကြောင်း၊ နေအိမ်များတွင် ကိုဗစ်-၁၉ ရောဂါသံသယဖြင့် သေဆုံး ပါက အတူနေ မိသားစု အားလုံး ရောဂါပိုးရှိ/ မရှိ မဖြစ်မနေ စစ်ဆေးရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ နှင့် လိုအပ်ချက်များကိုတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီး ရွှေညောင်မြို့ တောင်ဦးတောင်ချေ မူလတန်းကျောင်းတွင် ဖွင့်လှစ်ထားသော Positive Center သို့ သွားရောက် ကြည့်ရှု၍ လူနာများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး

နောက်ထပ်သတင်းများဖတ်မည်