We have 99 guests and no members online

တောင်ကြီး ဇူလိုင်-၂၈

002
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကိုဗစ် -၁၉ ရောဂါကာကွယ်၊ထိန်းချုပ် ၊ ကုသနိုင်ရေးနှင့်ရောဂါပိုးပြန့်နှံ့မှုလျော့ကျစေရေးအတွက် ဇူလိုင်(၂၈)ရက် နံနက် (၁၀)နာရီက တောင်ကြီးမြို့ခရိုင်၊မြို့ နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ တောင်ကြီးခရိုင်၊မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ကော်မတီအဖွဲ့ဝင် များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုလွင်က ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကူးစက်ပြန့်နှံ့မှု အတွက် ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ရောဂါပိုးကူးစက်ပြန့်နှံ့မှု လျော့ကျနိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက်ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများကိုကော်မတီ အလိုက် တာဝန်ခွဲပေးမှုအား ရှင်းလင်း ခြင်းနှင့်တောင်ကြီးခရိုင်အတွင်းရှိမြို့ နယ်များတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးနိုင်ရေးလုပ်ငန်းစီမံချက်များကိုရှင်းလင်းပြောကြားသွားသည်။
ဆက်လက်၍ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးသက်ဦး၊တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ကြီးဇော်ဌေးဦးတို့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ့ပေးမှုတွင် တာဝန်ချထားပေးသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီးအစည်းအဝေးတက်ရောက်လာသူများမှအထွေထွေဆွေးနွေးတင်ပြကြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကို ကိုလွင်မှနိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်းသိရသည်။
ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊တာဝန်ရှိသူတို့သ ညကိုဗစ်-၁၉ ရောဂါပိုးPositive အတည်ပြုလူနာများထားရှိနိုင်ရန် ကလေးအထူးကုဆေးရုံအဆောင် နှင့်အမျိုးသမီးနှင့် သားဖွားမီးယပ်ကလေးအထူးကုသ ဆောင်သစ်နှင့်အောက်ဆီဂျင် ရရှိမှု အောက်ဆီဂျင်ဖြန့်ဝေနိုင်မှု တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇူလိုင်-၂၇

Untitled 1
ကိုဗစ် -၁၉ရောဂါပိုးများကူးစက်ပြန့်နှံ့မှုလျော့ကျနိုင်ရေးအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တောင်ကြီးမြို့ပေါ်ရှိ ပရဟိတအဖွဲ့များနှင့် ဇူလိုင်(၂၆)ရက်နံနက်(၁၀)နာရီက တောင်ကြီးမြို့ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးအ စည်းအဝေးခန်းမ၌တွေ့ဆုံကြောင်းသိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးလှဦးက တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ ရပ်စောက်မြို့ တို့ကို Stay at home အဖြစ်ကြေငြာပြီးဖြစ်၍ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များပြားလာသဖြင့် တက်ရောက်လာသည့် ပရဟိတအဖွဲ့များနှင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါက ရှမ်းပြည်နယ်အတွင်း ရောဂါပိုးကူးစက်မှုနှုန်းလျော့ကျသွားမည်ဖြစ်ပါကြောင်း၊လူနာသယ်ယူပို့ဆောင်ရာတွင်လည်း Quarantine Centerများ တွင် သွား ရောက်သယ်ဆောင်ရာတွင် ပရဟိတအဖွဲ့များပါဝင်ဆောင်ရွက် ပေးပါကြောင်း၊ယခုလက်ရှိတွင်ကျန်းမာရေးဝန်ထမ်းအင်အားနည်းပါးနေသဖြင့် ပရဟိတအဖွဲ့ကို အကူအညီရယူပြီး အတွေ့အကြုံများနှင့်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ယနေ့ပရဟိတအဖွဲ့ကိုခေါ်ယူတွေ့ဆုံ၍ ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသွားသည်။
ဆက်လက်၍ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးစိုင်းလိတ်နှင့် အတွင်းရေးမှူးဦးနေလင်းတို့က ကိုဗစ် -၁၉ ရောဂါပိုးကူးစက်ပြန့်နှံ့မှုလျော့ကျနိုင်ရေးအတွက်ထိန်းချုပ်၊ကုသမှု ဆောင်ရွက်နိုင်ရန်နှင့်ပတ်သက်၍ရှင်း လင်းဆွေးနွေးသွားကြပြီးတက်ရောက်လာသည့်တောင်ကြီးမြို့ပေါ်ရှိပရဟိတအဖွဲ့များကတစ်ဦးချင်းမိတ်ဆက်ကြကာလုပ်ငန်းအတွေ့အကြုံနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းကိစ္စရပ်များကိုဆွေးနွေးပြောကြားကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ


တောင်ကြီး ဇူလိုင်-၂၄

94
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူတို့သည် ဇူလိုင်(၂၄)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့ပေါ်ရှိပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်းများအားဝါဆိုသင်္ကန်းဆက်ကပ်လှူဒန်းပေးကြ ကြောင်းသိရသည်။
အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်မှုတွင်တောင်ကြီးမြို့ပေါ်ရှိ မူလမင်းကွန်းဘုန်းကြီးကျောင်း၊ ဘုရားကြီး အနောက်ကျောင်း၊ ဘုရားကြီးအတွင်းကျောင်း၊ တောင်ကျောင်းကြီးဘုန်းတော်ကြီးကျောင်းတို့အား ဝါဆိုသင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းပေးကြကြောင်း နှင့် တောင်ကြီး မြို့ပေါ်ရှိပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီး ကျောင်း (၁၉)ကျောင်းရှိ သံဃာတော်များ အတွက်သင်္ကန်း(၇၁၆)စုံ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇူလိုင် - ၂၆

95

ရှမ်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် (၂၆)ရက်၊ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပသည့် ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ လုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်နှင့် ယနေ့နံနက်(၁၀)နာရီက zoom meeting ဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးက ယနေ့မှစ၍ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို စတင်ဖြန့်ဝေပေးနေပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး(၈)သောင်း၊ ရှမ်းမြောက်အတွက် (၆)သောင်း (၈)ထောင်၊ ရှမ်းရှေ့အတွက် (၃)သောင်း (၂)ထောင်အရေအတွက် ရရှိမည်ဖြစ်ကြောင်း၊ ဇွန်လ(၁)ရက်နေ့မှစ၍ ဇူလိုင်လ(၂၅)ရက်နေ့အထိ စာရင်းအရ ရှမ်းပြည်နယ်တွင် ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှာ (၁၃၁၂၁)ဦးရှိပြီး ရောဂါပိုး ပြန်လည်ကင်းစင်သူ (၆၅၀၀၉)ယောက်၊ သေဆုံးသူ(၃၁၂)ဦး၊ ကျန်ရှိရောဂါပိုးတွေ့ရှိ အတည်ပြု(၆၀၃၂)ဦးတို့သည် သက်ဆိုင်ရာမြို့နယ် ပြည်သူ့ဆေးရုံတွင် အသီးသီး ဆေးကုသလျက်ရှိပါကြောင်း၊ တတိယလှိုင်းကာလတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ(၂၁)ရက် စာရင်းအရ တတိယလှိုင်းတွင် ရောဂါဖြစ်ပွားသူ (၁၂၁၁၉)ဦး၊ ဇူလိုင်လ(၂၅)ရက်နေ့တွင်(၁၃၈၂၂)ဦး၊ ရောဂါဖြစ်ပွားသူ အနည်းငယ်တိုးလာပေမဲ့ ရောဂါပိုး ကင်းစင်သူမှာ (၂၁)ရက်နေ့တွင် (၅၅၀၈)ဦး၊ (၂၅)ရက်နေ့အထိ ရောဂါပိုးကင်းစင်သူ (၇၀၁၈)ဦးဖြစ်ပြီး ရောဂါပိုးကင်းစင်သူများ တိုးတက်လာမှုကို တွေ့ရပါကြောင်း၊ ဇူလိုင်လ(၂၅)ရက်နေ့အထိ တောင်ကြီးမြို့နယ်တွင် ရောဂါပိုးတွေ့သူ(၉၄)ဦး၊ သေဆုံးသူ (၆)ဦး၊ ညောင်ရွှေမြို့နယ်တွင် ရောဂါပိုးတွေ့သူ(၇၀)ဦး၊ သေဆုံးသူ(၅)ဦး၊ ကလောမြို့တွင် ပိုးတွေ့သူ(၃၉)ဦး၊ လောက်ကိုင်မြို့ တွင် ပိုးတွေ့သူ(၇၁)ဦး၊ လားရှိုးမြို့တွင် ပိုးတွေ့သူ(၅၉)ဦး၊ သေဆုံးသူ(၄)ဦး၊ ကျောက်မဲမြို့နယ်တွင် ပိုးတွေ့သူ(၃၅)ဦး၊ နောင် ချိုမြို့နယ်တွင်(၄၂)ဦး၊ သေဆုံးသူ(၁)ဦး၊ မူဆယ်မြို့နယ်တွင် ပိုးတွေ့သူ(၂၂)ဦး၊ သေဆုံးသူ(၃)ဦး၊ တာချီလိတ်မြို့နယ်တွင် ပိုးတွေ့သူ(၄၆)ဦး၊ သေဆုံးသူ(၂)ဦး အသီးသီးတွေ့ရှိရသဖြင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းရန်အတွက် နည်းလမ်းရှာဖွေနိုင်ရန် ယနေ့အစည်းအဝေးကို ထပ်မံခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ လောက်ကိုင်၊ လားရှိုး၊ မူဆယ်၊ တာချီလိတ်၊ နောင်ချို၊ သီပေါမြို့နယ်များကို stay at home အစီအစဥ်ဖြင့် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ကြောင်း၊ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်မြို့များကို ရောဂါပိုး ကူးစက်ပြန့်နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရန် stay at home အကျုံးဝင်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ(၂၅)ရက်နေ့က ထပ်မံကြေညာထားပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ရောဂါပိုးတွေ့ရှိပြီး ပြင်းထန်နေသည့် လူနာများကို အောက်စီဂျင်သုံး၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ကျန်းမာရေးနှင့်ပတ်သက်သည့် ဆရာဝန်များ၏ ညွှန်ကြားမှုဖြင့် သုံးစွဲရန် မှာကြားလိုပါကြောင်း၊ အောက်စီဂျင် လိုအပ်ချက်ဖြင့် ဒေသအလိုက် ရှမ်းပြည်နယ်အတွင်း အောက်စီဂျင်များကို ဝိုင်းဝန်းပူးပေါင်း ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ လူဦးရေထူထပ်သည့် မြို့ကြီးများတွင် အောက်စီဂျင်လိုအပ်မှုမရှိစေရေး ဖြည့်ဆည်းပေးနိုင်ရေးလုပ်ငန်း ကြိုတင်ပြင်ဆင်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းပေးကြရန် လိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ တိုင်းဒေသကြီး၊ ပြည်နယ် မြို့တော်အပြင် လူနေထူထပ်သည့် မြို့ကြီးများကို ဂရုစိုက်ပေးရန် လိုအပ်ပါကြောင်း၊ ဥပမာ ညောင်ရွှေမြို့သည် မြို့တော်မဟုတ်ပေမယ့် ဂရုစိုက်ပေးရန် မှာကြားလိုက်ပါကြောင်း၊ အောက်စီဂျင်လိုအပ်ချက်သည် တိုင်းပြည် တစ်ပြည်လုံး (၁)ရက်ကို (၁၇၀၀)ရှိပါကြောင်း၊ အားလုံး လိုအပ်ချက်များကို သြဂုတ်လတွင် ပြည့်မီသွားမည်ဖြစ်ကြောင်း မှာကြားပါကြောင်း၊ ကာကွယ်ဆေးတွင်လည်း ဝါတွင်းကာလဖြစ်သည့်အတွက် ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်၊ သီလရှင်ကျောင်း၊ ဘိုးဘွားရိပ်သာ၊ ပုဂ္ဂလိကဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို ဦးစားပေးထိုးပေးရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ မှာကြားပါကြောင်း၊ ယနေ့တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများကလည်း မိမိကိုယ်ကို ကျန်းမာရေးဂရုစိုက်ကြရန်နှင့် ရှေ့ဆက်လုပ်ငန်းများလုပ်ကိုင်ရန်နှင့် ယနေ့အစည်းအဝေးတွင်လည်း ဝိုင်းဝန်း ပူးပေါင်းဆွေးနွေးပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်မှ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးရရှိမှုနှင့် ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးလှဦး၊ တွဲဖက်အတွင်းရေးမှူး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဆွေးနွေးတင်ပြ၍ အစည်းအဝေးတက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြကာ အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းဦးစီးဌာန၊ ကာယဉာဏလုပ်သားများမှ လှူဒါန်းသည့် ကိုဗစ် - ၁၉ ကာကွယ်ရေးပစ္စည်းများကို တောင်ကြီးမြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်နှင့် လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးတို့မှ ပေးအပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇူလိုင်-၂၃

93
တောင်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့်တောင်ကြီးမြို့ ပေါ်ရှိရပ်ကွက်နေ ဒေသခံပြည်သူများအတွက် အန္တရာယ်ကင်းရှင်းစေရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု အန္တရာယ်ကင်းဝေးနိုင်စေရေးတို့ အတွက်ရည်ရွယ်၍ ဇူလိုင်(၂၃)ရက် ဝါဆိုလပြည့်နေ့ ညနေ(၃)နာရီခွဲက တောင်ကြီးမြို့၊မြို့လယ်ဓမ္မာရုံရှေ့မှ စတင်ကာမော်တော်ယာဉ်(၇)စီးဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖက်ပွားများပေးကြကြောင်းသိရသည်။
တောင်ကြီးမြို့ပေါ်၌အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖက်ခြင်းကို တောင်ကြီးမြို့နယ် သံဃာ့ နာယက ဥက္ကဋ္ဌ ဘုရားကြီးအတွင်းကျောင်း ဆရာတော် ဦးကဝိန္ဒ ဦးဆောင်သော နှင့် တောင်ကြီးမြို့ပေါ် ရှိဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးတို့မှ ဆရာတော်သံဃာတော်များစုစုပေါင်း(၂၀)ပါးတို့သည် တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းအတိုင်းမြောက်မှတောင်သို့လည်းကောင်း၊ကျောင်းကြီးစုရပ် ကွက်၊အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်းထောင့် တက္ကသိုလ်မီးပွိုင့်မှ အနောက်မြို့ပတ်လမ်းတစ်လျောက် တောင်မှမြောက်သို့လည်းကောင်း၊ စဝ်စံထွန်းရပ်ကွက် အနောက်မြို့ပတ်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ တောင်ကြီးမြို့အဝင်ဆိုင်းဘုတ်မှဗိုလ်ချုပ်လမ်းအတိုင်းစဝ်စံထွန်းရပ်ကွက်၊ကရင်မရေထွက်သို့အရှေ့မှအနောက်သို့လည်းကောင်း၊ဗိုလ်ချုပ်လမ်းအတိုင်းအနောက်မှအရှေ့သို့လည်းကောင်း၊မင်္ဂလာဦးရပ်ကွက်၊ဗိုလ်ချုပ်လမ်းနှင့်အရှေ့မြို့ပတ်လမ်းထောင့်မြင်းရုပ်မီးပွိုင့်မှအရှေ့မြို့ပတ်လမ်းအတိုင်းမြောက်မှတောင်သို့လည်းကောင်း၊သစ်တောရပ်ကွက်၊ကျောင်းကြီးစုရပ်ကွက်၊အရှေုမြို့ပတ်လမ်းနှင့်ဗိုလ်ချုပ်လမ်းဠာမုနိဘုရားစေတီတော်မှဗိုလ်ချုပ်လမ်းအတိုင်းတောင်မှမြောက်သို့လည်းကောင်း၊ညောင်ဖြူစခန်းရပ်ကွက်အကြားလှည့်လည်၍အန္တရာယ်ကင်းပရိတ်တရားတော်များအားတောင်ကြီးမြို့ပေါ်ရှိရပ်ကွက်များသို့လိုက်လံရွတ်ဖက်ပွားများပေးကြကြောင်းသိရသည်။
အဆိုပါအန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖက်ခြင်းကို ရှမ်းပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးနေဝင်းတောင်ကြီးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဦးစီးမှူးဦးဘိုဘိုဇော်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများစုစုပေါင်း(၁၅)ဦးလိုက်ပါလျက် ဇူလိုင်(၂၃)ရက်မှ(၂၅)ရက်အထိနေ့စဉ် ညနေ (၃)နာရီခွဲမှည(၅)နာရီအထိရွတ်ဖက်ပွားများသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

နောက်ထပ်သတင်းများဖတ်မည်