We have 162 guests and no members online

ကျိုင်းတုံ ဧပြီ-၂၇

40
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် တာဝန်ရှိသူတို့သည် ဧပြီ(၂၆)ရက် မွန်းလွဲ(၂)နာရီက သာသနာ့ဗိမ္မာန်သို့ သွားရောက်ကာ ကျိုင်းတုံမြို့ပေါ်ရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် သာသနာပြုကျောင်းများသို့ ဆွမ်းဆန်တော်လှူဒါန်း ပေးကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မျး၊ တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့တော်ခန်းမတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားတက်ရောက်ကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများ ပေးအပ်ရာ စေတနာ့ဝန်ထမ်းအဖွဲ့များလက်ခံရယူပြီး ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားကြောင်းသိရသည်။
ထို့နောက် ယန်းလှဝက်မွှေးမြူရေးခြံနှင့် ယန်းလောတွင် ဦးစိုင်းရီတစ်၊ ဦးရီမုန့် ဒေါ်နန်းရှဲန်အင်းစိုက်ပျိုးထားသည့် နွေစပါး၊ ရွှေရင်အေးစပါးမြေသြဇာကြဲပက်ခြင်းနှင့် မျိုးကွဲနှုတ်ပယ်ခြင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေး၍ ကျိုင်းတုံရေတံခွန်သို့ သွားရောက်ကာ ရေတံခွန်အနီးတစ်ဝိုက်တွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေသော သခွာမွှေးခြံ၊ စပျစ်ခြံတို့ကို ကြည့်ရှုပြီး ကျိုင်းတုံရေတံခွန်သို့ သွားရောက်လေ့လာကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး

ကျိုင်းတုံ ဧပြီ-၂၆

39
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဧပြီ(၂၅)ရက်ညနေ(၃)နာရီကကျိုင်းတုံမြို့ခေမရဌ်ရိပ်သာ၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အပြန်အလှန်မိတ်ဆက်ကြပြီး ရှမ်းပြည် နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းသည်။ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကာလတွင် မပြီးပြတ်သေးသည့်လုပ်ငန်းများ ဆောင်ရွက်နေရပါကြောင်း၊ န်ုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မှာကြားချက်ဖြစ်သည့် လျှပ်စစ်၊ လမ်းပန်း၊ ဆက်သွယ်ရေး၊ လူစွမ်းအားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အဓိက ထားဆောင်ရွက်ရန်နှင့် အဓိကကျသည့်စိုက်ပျိုးရေးနှင့်မွေးမြူရေးသည်မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ကို အရေးပေါ်ကာလတွင် လုပ်ငန်းများကို မြန်မြန်ဆောင်ရွက်ရန် လိုကြောင်း၊ အဓိက စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းဖွင့်ရန် လိုအပ်ပါကြောင်း၊ ဟိုတယ်ခရီးများလည်း မကြာခင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တိုင်းရင်းသားဒေသများကို စိတ်ဝင်စားပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏ မှာကြားချက်အရ ကျေးလက်နှင့်မြို့ပြကွာဟာမှု အတတ်နိုင်ဆုံးနည်းရန်နှင့် လျှပ်စစ်ကဏ္ဍကို ဦးစားပေးဆောင်ရွက် နေကြောင်း၊ အချို့ရွာများ လည်းမြို့နှင့်မခြားလျှပ်စစ်မီးများရရှိနေပြီဖြစ်ကြောင်း၊ ကျေးလက်က ဆင်းရဲပြီး မြို့ပြက ချမ်းသာနေလျှင် ကွာဟမှုမရှိအောင် ပေါင်းစပ်ပေးရမည် ဒါကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များကို အမြန်ဆုံးတင်ပြပေးရန်နှင့် မိမိတို့အနေဖြင့် အစည်းအဝေးပြုလုပ်က အမြန်ဆုံး ဆောင်ရွက်ပေးပါကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တိုင်းရင်းသားကဏ္ဍများသည်လည်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသွားသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး

တောင်ကြီး ဧပြီ - ၂၄

38
အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အင်းလေးဇုန်ဝင်ခွင့် ကောက်ခံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ (၂၃)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အင်းလေးကန်နှင့်ပတ်သက်၍ ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရန် အခြေအနေအတွက် အားလုံးကောင်းမွန်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မှာကြား လိုက်ပါကြောင်း၊ မိမိအနေဖြင့် အင်းလေးကန်ကို သွားရောက်ခဲ့စဥ် အင်းလေးကန်တွင် သန့်ရှင်းမှု အများလိုအပ်ကြောင်းနှင့် ဒိုက်အများဆုံးတွေ့ရပါကြောင်း၊ မိမိအနေဖြင့် ဆည်မြောင်းဦးစီးဌာန၊ သစ်တောဦးစီးဌာနများကို ခေါ်ယူတွေ့ဆုံခဲ့ပါကြောင်း၊ ဆည်မြောင်းနှင့်တွေ့ဆုံရာ ဒိုက်များဆယ်ယူရန်အတွက် လုပ်ငန်းများ ရပ်ဆိုင်းထားပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ဌာနဆိုင်ရာများအနေဖြင့် မည်ကဲ့သို့ဆောင်ရွက်မည်နည်း၊ နိုင်ငံတော်အကြီးအကဲ စိတ်ဝင်စားသည့် ဒေသဖြစ်ပြီး မကြာမည် ခရီးစဥ်ရောက်ရှိလာနိုင်ပါကြောင်း၊ အင်းလေးကန်သည် နှုန်းကျဆင်းလာသဖြင့် တစ်ဖြည်းဖြည်းတိမ်ကောလာပါကြောင်း၊ ရေဝေရေလဲတွင် သစ်ပင်မစိုက်ပျိုးနိုင်ပါက မိုးရွာပါကနှုန်းများ ကျဆင်းလာနိုင်ပါကြောင်း၊ ရေဝေရေလဲတွင် သစ်ပင် စိုက်ပျိုးနိုင်ရန် သစ်တောဌာနကို မှာကြားခဲ့ကြောင်း၊ ဒိုက်များကိုဆယ်ယူပြီး မြေသြဇာပြုလုပ်ပေမဲ့ မြေသြဇာလုပ်ငန်းကို မဆောင်ရွက်ဘဲ တစ်ခြားနည်းလမ်းကိုသာ အသုံးချနေပါကြောင်း၊ ဒါကြောင့်ဒိုက်များကို မည်ကဲ့သို့ ဆယ်ယူနိုင်ရန် ဆောင်ရွက် ရမည်ဆိုတာ အကြံပေးစေလိုကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ လုပ်ငန်းကို အမြန်ဆုံးဆောင်ရွက်နိုင်ရန် မည်သည့် ဘက်တွင် အသုံးပြုနိုင်မည်နည်း၊ ယခုအစည်းအဝေးပြီးပါက လုပ်ငန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အင်းလေးဇုန်နှင့်ပတ်သက်၍ ကော်မတီကို အမြန်ဆုံးပြန်ဖွဲ့ရန်လိုကြောင်း၊ ကော်မတီကြီးကြပ်မှုအောက်၌ ဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ကြောင်း၊ မည်ကဲ့သို့ဖွဲ့စည်းနိုင်ရန်အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြား သွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးနေလင်း၊ တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ အထွေထွေဆွေးနွေး ရှင်းလင်းကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

ကျိုင်းတုံ ဧပြီ-၂၆

38
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ဧပြီ(၂၆)ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ကျိုင်းတုံတက္ကသိုလ်ကို လာရောက် တွေ့ဆုံရခြင်းမှာ တက္ကသိုလ်၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးရန်နှင့် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှု ကို လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း၊ ကျိုင်းတုံတက္ကသိုလ်ရှိကျောင်းသား/သူများသည် စည်းကမ်းရှိမှုကို တွေ့ရပါကြောင်း၊ အထူးမှာကြားလိုသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မှာကြားချက်တွင် ဝန်ထမ်းများ အလုပ်ကြိုးစားပါက ရာထူးအဆင့်တန်း ခံစားခွင့်များကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပညာ ရေးကဏ္ဍတွင် ဘတ်ဂျက်များ ဖြတ်တောက်ခြင်းမရှိကြောင်း၊ မကြာခင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်၍ လိုအပ်ချက်များရှိပါက တင်ပြရန်နှင့် ပါမောက္ခချုပ်နှင့် ဝန်ထမ်းများစည်းလုံးညီညွှတ်မှုရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီမှ တက္ကသိုလ်ရှိဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ကြက်ဥ၊ ဆီ တို့ကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ ထောက်ပံ့ပေး အပ်ရာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်စမ်းစမ်းက လက်ခံရယူပြီး တက္ကသိုလ်၏ လိုအပ်ချက် များနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ တြိဂံဒေသတိုင်း စစ်ဌာချုပ် တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်း ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့၏ ပထမဆုံး နိုင်ငံတကာ အဆင့်မှီ နောင်တုံအဆင့်မြင့် HYPER MARKET စျေးတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြ ကြောင်းသိရသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု ပန်ဝိုင်(အောက်)ကျေးရွာရှိ ဦးဝေါလ်တာ စိုက်ပျိုးထားသည့် လက်ဖက်ခြံသို့ သွားရောက်ကာ လက်ဖက်ခြောက် ပြုလုပ်ပုံအဆင့်ဆင့် ကြည့်ရှုအားပေးပြီး ကုန်းမြင့်လယ်ယာမြေဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကုန်းမြင့်လယ်ယာ ထုတ်ဖော်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြီး လွယ်မွေကျေးရွာအုပ်စုရှိပန်ဝိုင်(အောက်)ပန်ဝိုင်(အထက်)ခွန်ဆိုင်း ကျေးရွာရှိ ဒေသခံပြည်သူများမှ လျှပ်စစ်မီး၊ လမ်း၊ လယ်ယာမြေပုံစံခွန်၊ ရေရရှိရေးကိစ္စရပ်များ တင်ပြတောင်းဆို လွယ်မွေတောင်တန်းနှစ်(၁၀၀)အိမ်သို့သွားရောက်ကြည့်ရှုကြကြောင်း သိရှိရသည်။

တောင်ကြီး ဧပြီ-၂၃

37
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် တိုင်းစီယမ်ကုမ္ပဏီနှင့် ချစ်ကြည်ရေးကုမ္ပဏီလီမိတက်တို့ အကြား တွေ့ဆုံဆွေးနွေးခြင်းကို ဧပြီ (၂၃)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက တိုင်းစီယမ်ကုမ္ပဏီသည် လင်းခေးခရိုင်၊ ဟိုမိန်းမြို့အတွင်းရှိ RCSS ၏ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းဒေသအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့်ကိစ္စကို လာရောက်ရှင်းလင်းသည့်အတွက် မိမိတို့အနေဖြင့် လက်ကမ်းကြိုဆိုပါကြောင်း၊ နိုင်ငံတော် ၏ လမ်းညွှန်ချက်တွင် ရှေ့ဆက်မည့် လုပ်ငန်းစဉ်၌ လျှပ်စစ်ကဏ္ဍ၊ လမ်းပန်း၊ ဆက်သွယ်ရေး၊ လူ့စွမ်းအားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် (၄)ရပ်ကို ဦးစားပေးဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ မှာကြားချက်ဖြစ်ကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် တိုင်းစီယမ်ကုမ္ပဏီမှ တာဝန်ယူဖြန့်ချီပေးမည်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အနေဖြင့် ဂုဏ်ယူလက်ကမ်းကြိုဆိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များသည် ကျေးလက်ဒေသ နှင့် မြို့ပြ ကွာဟမှုမရှိစေရန် နိုင်ငံတော်အကြီးအကဲများမှ မှာကြားလိုက်ကြောင်း၊ လွယ်တိုင်းလျဲန်း ဒေသတွင် လျှပ်စစ်ဓာတ်အားရရှိပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ဒေသသည် တည်ငြိမ်အေးချမ်းပါ က ဒီထက်မက ပိုမိုသွားလာရေးလွယ်ကူပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်ရှိ အဖွဲ့အစည်း များကို ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့တိုင်းစီယမ်ကုမ္ပဏီမှ လာရောက်ရှင်းပြသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ လွိုင်တိုင်းလျဲန်းဒေသသည် ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည်များရှိပါက အမြန်ဆုံးတင်ပြရန် နှင့် မိမိတို့အနေဖြင့် အမြန်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားလုံးက ဒေသလိုအပ်ချက်များကို ဆောင်ရွက်မည်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ပေးကြရန်နှင့် RCSS အနေဖြင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင် ရေးတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်း၍ လာရောက်ဆွေးနွေးပေးကြရန် ရှမ်းပြည်နယ်သည် မကြာမီဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် လွယ်တိုင်းလျဲန်းအဖွဲ့များလည်း ပူးပေါင်းပါဝင်ပေးကြရန် ပြော ကြားသွားသည်။
ဆက်လက်၍ တိုင်းစီယမ်ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက လင်းခေးခရိုင် ဟိုမိန်းမြို့အတွင်းရှိ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကော်မတီ(RCSS)၏ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းဒေသအတွင်း လျှပ်စစ်ဓာတ်အားကို သက်သာသည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးမည့်အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ချစ်ကြည်ရေးကုမ္ပဏီ လီမိတက် တာဝန်ခံ ဦးကျော်ထွန်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံနှင့် ချင်းရွှေဟော်မြို့ကြား အထူးစီးပွား ရေးဒေသ ဖော်ထုတ်ခြင်းစီမံကိန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး

နောက်ထပ်သတင်းများဖတ်မည်