We have 608 guests and no members online

လားရှိုး  ဇူလိုင်   -   ၆

new 613

၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်နှင့် VDPရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင်(၆)ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နောင်မွန်ကျေးရွာ၊ ကုသလရာမကျောင်းတိုက်၌ ကျင်းပသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ကျေးလက်ဒေသဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမောင်မောင်ဝင်းမှ မြစိမ်းရောင်နှင့် VDP ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး၊ ၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်နှင့် VDP ရန်ပုံငွေ များလွှဲပြောင်းပေးအပ်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများမှ ဟန်နားကျေးရွာအုပ်စု၊ နားလိုင်ကျေးရွာအား ကျပ်သိန်း(၃၀၀)၊ ခေးနင်းကျေးရွာအုပ်စု၊ ကုန်းမုံနှင့် ခါးရိုးကျေးရွာအား ကျပ်သိန်း (၃၀၀)၊ ဟန်နားကျေးရွာအုပ်စု၊ ဟန်နားကျေးရွာအား ကျပ်သိန်း(၁၀၀)ပေးအပ်ကြရာ ကျေးရွာကိုယ်စား ကျေးရွာရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီအတွင်းရေးမှူးတို့က အသီးသီးလက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကုသလရာမကျောင်းတိုက်တွင် ကံကော်ပင်စိုက်ပျိုးပေး ကြပြီး၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု ဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာ စကားပြောကြားပြီး၊ ပျိုးပင်များကို ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့တို့အား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက အသီးသီးပေးအပ်ကြပြီး၊ သစ်ပင်များ စိုက်ပျိုးပေးကြကာ သစ်ပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့နယ်၊ နောင်ဖေါ့ကျေးရွာ၌ ဖောငမြှောင်တောင်ပိုး နှိမ်နင်းရေးကောင်းကင်ဆေးဖျန်းစက် ကောင်းကင်Droneဖြင့် ပိုးသတ်ဆေးဖျန်းနေမှုကို တက်ရောက်ရာ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်က ဖောငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ရှင်းလင်းပြီး၊ ဒေသခံတောင်သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပိုးသတ်ဆေးဖျန်းပုံး၊ ဝတ်စုံနှင့် ပိုးသတ်ဆေးများတို့ကို အသီးသီးပေးအပ်ကြခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသော ဖောငမြှောင်တောင်ပိုး သိကောင်းစရာများကို ရှင်းလင်းကာ တောင်သူဦးဝင်းမောင် အစေ့ထုတ်ပြောင်းခြံ၌ ဖောငမြှောင်တောင်ပိုးသတ်ဆေးစုပေါင်းဖျန်းနေမှုကို ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ဒေသ၏ လိုအပ်လျက်များဖြစ်သည့် အိမ်ဂရန်ကိစ္စရပ်များ၊ တိုးချဲ့မြေကိစ္စများ၊ ကျူးကျော်မြေကိစ္စများ အသီးသီးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး ရွေ့လျားဝန်ဆောင်မှု၌ ဆောင်ရွက်ပြီးသော နိုင်ငံသားစိစစ်ရေးကဒ်ပြားများ၊ အိမ်ထောင်စုဇယား၊ မွေးဖွားစာရင်း၊ ပုံစံ(၇)နှင့် ယာဉ်မောင်းလိုင်စင်တို့ ကိုဒေသခံပြည်သူများအား အသီးသီးပေးအပ်ခဲ့ကြကာ ရွေ့လျားဝန်ဆောင်မှုဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့၊ ဓမ္မရတနာနမ့်စမ်ကျောင်း တိုက်သို့ရောက်ရှိပြီး၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကတ္တရာတန်(၆၀)နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ မန်အိုင် ကျေးရွာအုပ်စု၊ နမ့်စံကျေးရွာချင်းဆက်လမ်း (၂/၄)မိုင်ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီးစီးသွားသည့် လမ်းများ အားကွင်းဆင်းကြည့်ရှုကာ ရေကန်လမ်းတံတားတိုးချဲ့တည်ဆောက်နေမှုနှင့် ရေကန်တောင်လမ်းမြို့ပတ်လမ်းမှ မန္တလေးလမ်း ထိ ကတ္တရာလမ်းချဲ့နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

 

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်လေ့ကျင့်ရေးနှင့် သုတေသနသစ်တော်အဖြစ် သတ်မှတ်ခြင်း

new 606

new 607

new 608

new 609

new 610

new 611

new 612

တောင်ကြီး ဇူလိုင်   -   ၈

new 600

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် ဇူလိုင်(၈)ရက် နံနက်(၁၀)နာရီက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်က အစည်းအဝေးပထမနေ့တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦးရှိသည့်အနက် တက်ရောက်သူ(၁၂၂)ဦး၊ ပျက်ကွက်(၁၈)ဦး၊ ရာခိုင်နှုန်း(၈၇.၁၄)ရာခိုင်နှုန်း ရှိကြောင်းကြေညာသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကိုယ်စား လွှတ်တော် ကိုယ်စားလှယ်များ၊ စိစစ်ရေးကော်မတီနမ့်စန်မဲဆန္နနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ ကခွင့်ပန်ကြားကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြည်နယ်လွှတ်တော်သို့ မိန့်ခွန်း ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၏မိန့်ခွန်းကို ပြည်နယ်လွှတ်တော်တွင်မှတ်တမ်းတင်ပြီး၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့ သောသဝဏ်လွှာကို လွှတ်တော်သို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်မှ ဖတ်ကြားတင်ပြရာတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့၌ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခုထားရှိရန် လွှတ်တော်၏သဘောတူညီချက်ရယူရာ မိုင်းဆတ်မြို့နယ်မဲဆန္နနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းမှကန့်ကွက်ပြီး၊ လွှတ်တော်၏မဲဆန္ဒ ဖြင့်အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ(၃၂)မဲ၊ ကြားနေ(၁)မဲ၊ မဲမပေးသူ(၁)မဲ၊ ကန့်ကွက်မဲ(၈၇)ရှိကြောင်းသိရသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂ဝခုဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းများ တွင်ပြည်ထောင်စုမှထပ်မံထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစာရင်းများအား ရှမ်းပြည်နယ်လွှတ်တော်သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်က လွှတ်တော်သို့တင်သွင်းသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော၂၀၁၉-၂၀၂ဝခုဘဏ္ဍာနှစ် ရှမ်းပြည်နယ်၏ရသုံးခန့်မှန်းခြေငွေ စာရင်းများတွင် ပြည်ထောင်စုမှထပ်မံထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစာရင်းများနှင့်စပ်လျဉ်း၍ ၂၀၁၉ခုနှစ် ဇူလိုင် (၁၀)ရက် ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) ပထမနေ့ ရပ်နားကြောင်း၊ အစည်းအဝေးဒုတိယနေ့ ဆက်လက်ကျင်းပသွားမည်ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာကြောင်းသိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

ကျောက်မဲ ဇူလိုင်   -   ၅

new 616

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သာသနာဝံကျောင်းတိုက်တွင် ဇူလိုင်လ(၄)ရက် ညနေ(၄)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံကြောင်းသိရသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ အတူလိုက်ပါလာသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများတို့ကို ဒေသခံပြည်သူများနှင့်မိတ်ဆက်ပေးသည်။

ဆက်လက်၍ ကျောက်မဲခရိုင်ရှိ ဒေသခံပြည်သူများက ဒေသလိုအပ်ချက်များဖြစ်သည့် လမ်းတံတားတည်ဆောက်ပေး နိုင်ရေး၊ ပိန္နဲကုန်းကျေးရွာကို ရပ်ကွက်အဖြစ်တိုးမြှင့်ပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်ကိစ္စရပ်များ၊ လူမှုဝန်ထမ်း ပရဟိတ ကိစ္စရပ်များ တင်ပြတောင်းဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူ များက ဒေသလိုအပ်ချက်များကို ကဏ္ဍအလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ဖြေကြားကြကြောင်းသိရ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ရွေ့လျားဝန်ဆောင် မှု၌ပြုလုပ်ပြီးသော နိုင်ငံသားစိစစ်ရေးကဒ်ပြားများ၊ လယ်ယာမြေပုံစံ(၇)များ၊ ယာဉ်မောင်းလိုင်စင်များ၊ မီးသတ်ဦးစီးဌာနမှ မီး ငြိမ်းသတ်မှုသရုပ်ပြနေမှု၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဋ္ဌာနမှ ကြက်အကောင်ကလေးများကို မျက်စဉ်းခတ်ဆေးထည့်ပေးနေမှု တို့အားကြည့်ရှုအားပေးခဲ့ပြီး၊ သစ်တောဦးစီးဋ္ဌာနမှသစ်ပင်များကို ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကျောက်မဲမြို့ရှိ အောင်မြေသာယာ ပရဟိတဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဆရာတော်အားရှိခိုးကန်တော့၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိဘမဲ့ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက်လိုအပ်နေသော ဆန်အိတ်(၅၀)အိတ်ကို လှူဒါန်းပေးခဲ့ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

နောက်ထပ်သတင်းများဖတ်မည်