We have 558 guests and no members online

နောင်ချို ဇူလိုင်   -   ၄

new 617

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ရွှေမုဋောကျေးရွာအုပ်စု၊ နောင်လင်းကျေးရွာတွင် တောင်သူများစိုက်ပျိုးထားသော ပြောင်းဖူးခြံ၌ ဇူလိုင်(၄)ရက် နေ့လည်(၁၂)နာရီက ဖောငမြှောင်တောင်ပိုးနှိမ်နင်းခြင်းကို ကောင်းကင်ဆေးဖျန်းစက်ဒရုန်းဖြင့် စုပေါင်းဆေးဖျန်းခြင်းကျင်းပသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်ဦးကြိုင်က အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုနှင့် ပိုးကျရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ မြင်းကျားကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ကောင်းကင်ဆေးဖျန်းစက်ဒရုန်း ဖြင့် အစေ့ထုတ်ပြောင်းစိုက်ပျိုးသော တောင်သူများအား ဝန်ဆောင်မှုပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကာ ဖောငမြှောင်တောင်သီးနှံဖျက်သော ပိုးအားကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောသွင်းအားစုပစ္စည်းများ ကာကွယ် ထောက်ပံ့ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တို့မှဒေသခံတောင်သူများအား ဆေးဖျန်းပုံး၊ ဝတ်စုံနှင့် ပိုးသတ်ဆေးများပေးအပ်ခဲ့ကြပြီး၊ ကုမ္ပဏီအသီးသီးမှ ပိုးသတ်ဆေးများ ပေးအပ်ကြရာ ဖောငမြှောင်တောင်ပိုးကာကွယ်နှမ်နင်းရေး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစစ်အောင်နှင့် တောင်သူများက လက်ခံ ရယူကြကာ ကောင်းကင်ဆေးဖျန်းစက်ဒရုန်းဖြင့် အစေ့ထုတ်ပြောင်းခြံပိုးသတ်ဆေးဖျန်းနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများကကြည့်ရှုကြကြောင်းသိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နောင်ချိုမြို့၊ ကံကြီးကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း၌ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး၊ ဝန်ဆောင်မှု၌ပြုလုပ်ပြီး သောမွေးဖွားမှုစာရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ၊ အိမ်ထောင်စုဇယား၊ လယ်ယာမြေပုံစံ(၇)များကို ဒေသခံပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ နှင့်တွေ့ဆုံရာပြည်သူများမှဒေသတွင် လိုအပ်လျက်ရှိသောလျှပ်စစ်မီးလင်းရေး၊ လမ်းတံတားနှင့်ပညာရေး၊ ကျန်းမာရေးကိစ္စရပ် များ၊ လယ်ယာမြေပုံစံ(၇)ရရှိရေး၊ အိမ်ဂရန်များ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ စသည့် လိုအပ်ချက်များတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများမှ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားကြပြီး ဘတ်ဂျက်နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် သစ်တောဦးစီးဌာနမှ သစ်ပင်များကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများမှ ဒေသခံတောင်သူများအား ပေးအပ်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250312943

တောင်ကြီး ဇူလိုင်   −   ၃

new 623

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ဇူလိုင်(၃)ရက် နံနက်(၉)နာရီခွဲက မြန်မာအမျိုးသမီးများနေ့ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီး ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သန်းမောင်က မြန်မာအမျိုးသမီးများသည် မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင် စံနမူနာပြအဖြစ် ကြိုးပမ်းခဲ့ကြရာတွင်လည်းကောင်း၊ မြန်မာ့ လူ့ဘောင်ရှင်သန်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးရာတွင်လည်းကောင်း၊ နောင်တစ်ခေတ်ခေါင်းဆောင်များဖြစ်ရန် မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ပေးရာတွင်လည်းကောင်း၊ ကျရာတာဝန်များကိုကျေပွန်စွာပါဝင်ဆောင်ရွက်ကြပြီး ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးထုအားလုံးအား ကျားမတန်းတူညီမျှမှုရရှိရန်နှင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအား မိမိတို့မှာရှိသည့် စွမ်းဆောင်ရည်များကို မြှင့်တင်လျက် နိုင်ငံတော်၏ စီးပွားရေးအခန်းကဏ္ဍများတွင် အမျိုးသမီးထုကြီး၏ စွမ်းပကားကို ဖော်ထုတ်ကြရန်ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌ ဒေါ်စဝ်ဟေမာသိုက်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးအဖွဲ့များကွန်ရက်နာယက ဒေါ်သီသီအောင်က မြန်မာအမျိုးသမီးများနေ့ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အလှူငွေကျပ်(၅)သိန်းကို ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်နန်းရွှေမြင့်က ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်း ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သန်းမောင်ကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ သည်။

ထို့နောက် ထူးချွန်အမျိုးသမီး(၁၈)ဦးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်း ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သန်းမောင်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကဒေါ်နန်းရွှေမြင့်တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးများနေ့တွင် တောင်ကြီးတက္ကသိုလ်ဥပဒေပညာဌာနမှ ပါမောက္ခ/ဌာနမှူးဒေါ်ယဉ်ယဉ်ဝင်း၊ ရှမ်း ပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများကွန်ရက်အဖွဲ့မှ တွဲဖက်ညှိနှိုင်းရေးမှူးဒေါ်ဝါဝါစိုး၊ ရန်ကုန်မြို့ဖန်တီးအိမ်အဖွဲ့မှ စီမံကိန်း ဒါရိုက်တာဒေါ်နန္ဒာထွဋ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်အဖွဲ့မှဥက္ကဋ္ဌဒေါ်နန်းမိုမိုသီတာ၊ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဒေါ်နန်းစံလှိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လူငယ်ရေးရာ ကော်မတီအဖွဲ့မှ အဖွဲ့ဝင်ဦးစောရေမွန်၊ တောင်ကြီးမြို့နယ် SNLDပါတီမှ ဒုဥက္ကဋ္ဌဒေါ်နန်းမြဦးတို့မှ ဦးဆောင်၍ အမျိုးသမီးနှင့် ခေါင်းဆောင်မှု၊ အမျိုးသမီးနှင့်ငြိမ်းချမ်းရေး၊ အမျိုးသမီးနှင့်အလုပ်အကိုင်အခွင့်အလမ်း၊ အမျိုးသမီးနှင့်အိမ်တွင်း အကြမ်းဖက် မှုခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဥပဒေအကြောင်းအရာနှင့်သိကောင်းစရာများ၊ အထွေထွေဗဟုသုတများအားလည်းကောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအသိပညာပေးခြင်းအနေဖြင့် ရှင်းလင်းဆွေးနွေးစကားဝိုင်းကျင်းပပြုလုပ်ကြောင်းသိရှိ ရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

တောင်ကြီး ဇူလိုင်   −   ၃

new 621

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာ အောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးစိုးစိုးဇော်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးထွန်းဦး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးနိုင်တို့နှင့်အတူ ဇူလိုင်(၃)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ် Callခန်းမ၌ UNOCHAမှ Ms. Marie Spaak အဖွဲ့နှင့် တွေ့ဆုံ ကြောင်းသိရသည်။

ထို့သို့တွေ့ဆုံရာတွင် Ms. Marie Spaakမှ လူသားချင်းစာနာထောက်ထားသော လုပ်ငန်းအခြေအနေအမြင်များအား ဖလှယ်ရန်နှင့် ရှမ်းပြည်နယ်၌ လူသားချင်းစာနာထောက်ထားသော လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်အတွက် ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့အဖွဲ့သည် ၂၀၀၈ခုနှစ် နာကစ် မုန်တိုင်းစတင်ချိန်က ရောက်ရှိနေပြီဖြစ်ပြီး UNOCHA အဖွဲ့သည် INGO၊ အစိုးရဌာနများတွင် အရေးပေါ်များဖွင့်လှစ်လျက် ရှိကြောင်း၊ ယခုသဘာဝအရေးပေါ်ပြဿနာများဖြေရှင်းရာတွင် ပူးပေါင်းမှုမရှိပါက ထိရောက်မှုမရှိနိုင်ကြောင်းနှင့် ယခုဆိုလျှင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာအတွင်းရှိအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး လူသားချင်းစာနာစိတ် ဖြင့်ဆောင်ရွက်ပေးလျက်ရှိကာ ယခင်ကရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း ဆွေးနွေး သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ Ms. Marie Spaak အဖွဲ့မှ အခုလိုလာရောက်တွေ့ဆုံ သည့်အတွက် ဝမ်းမြောက်မိပါကြောင်းနှင့် မည်သည့်အဖွဲ့အစည်းမဆို တစ်သင်းတစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်ပါက ထိရောက်မှု မရှိနိုင်သည်ကို သိရှိရသဖြင့် ယခုလို UNOCHAမှ လာရောက်ကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း လူသားချင်းစာနာထောက်ထားခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

တောင်ကြီး ဇူလိုင်   −   ၃

new 622

မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပနိုင်ရန်အတွက် ဇူလိုင်(၃)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် ကစိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်မှုရှိ/မရှိစိုးရိမ်ကြောင်း၊ ရက်(၂၀)အတွင်းရှင်သန်မှုရှိရန်နှင့် ဇယားကွက်များဖြင့်စာရင်းများပြုစု ရန်၊ မြို့နယ်အလိုက်စာရင်းများပေးပို့ပါက ပိုမိုကောင်းမွန်ကြောင်းပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးအောင်မြတ်မှ မိုးရာသီ သစ်ပင်စိုက်ပျိုးမည့် အစီအစဉ်နှင့် ပျိုးထောင်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြကာ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ အထွေထွေဆွေးနွေးတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာညီညီအောင်က နိဂုံးချုပ်စကားပြောကြားကြောင်း သိရှိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

မိုင်းရှူး ဇူလိုင် - ၂

new 624

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် (Township Sport Development Program) အရကျင်းပသည့် ဘောလုံး/ ဘိလိယက်/စနူကာ / ပိုက်ကျော်ခြင်း/ မီနီမာရသွန် အားကစားပြိုင်ပွဲ များဖွင့်ပွဲကို ဇူလိုင် ၁ ရက်နေ့ကမိုင်းရှူးမြို့အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးနှင့် တာဝန်ရှိသူတို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်းတွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးမှ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး၊ အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ ကျေးရွာများမှ အားကစားသမားများနှင့် ကျောင်းသား/ ကျောင်းသူ (၆၇၄)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

နောက်ထပ်သတင်းများဖတ်မည်