We have 495 guests and no members online

ကွန်ဟိန်း ဇူလိုင် - ၁

new 627

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည် တစ်ခွင် အထိမ်းအမှတ် (Township Sport Development Program) အရ ကျင်းပသည့် ဘော်လုံး/ ပိုက်ကျော်ခြင်း/ ဘိလိယက်/ စနူကာ/ မီနီမာရသွန် အားကစား ပြိုင်ပွဲ များဖွင့်ပွဲကို ဇွန် ၃၀ ရက်နေ့က ကွန်ဟိန်းမြို့အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးနှင့် တာဝန်ရှိသူတို့မှ ဖွင့်လှစ်ပေး ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကိုကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး၊ အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ ကျေးရွာများမှ အားကစားသမားများနှင့် ကျောင်းသား/ ကျောင်းသူ (၄၈၇)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

မိုင်းပျဉ်း ဇူလိုင် - ၁

new 626

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် (Township Sport Development Program) အရကျင်းပသည့် ဘော်လုံး/ ပိုက်ကျော်ခြင်း/ ဘော်လီဘော/ မီနီမာရသွန် အားကစားပြိုင်ပွဲ များဖွင့်ပွဲကို ဇွန် ၂၉ ရက်နေ့ကမိုငျးပဉြျးမွို့အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဇွန် ၃၀ ရက် နံနက်ပိုင်းတွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးမှ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး၊ အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ ကျေးရွာများမှ အားကစားသမားများနှင့် ကျောင်းသား/ ကျောင်းသူ (၅၃၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

တောင်ကြီး  ဇွန်   -   ၂၈

new 630

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာသို့ သောက်သုံးရေပေး ဝေရေးကို ရင်းမှီးရပ်ကွက် မြသိန်းတန်စာသင်တိုက်၌ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာသို့ ရေပေးဝေရေးအထိမ်းအမှတ် ကဗ္ဗည်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်၊ ဂျပန်သံရုံးမှမစ္စတာမာဆုမိုတိုရှိဟိဒီ(TPA)၊ ကမ္ဘာ့လူသားအဖွဲ့အစည်းမှမစ္စစ်ရှီဘတတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်စက်ခလုတ်နှိပ်ပေးပြီး ရေပေးဝေရေးကိုလည်းဖွင့်လှစ်ပေးကာ ပြခန်းများအား လှည့်လည်ကြည့်ရှုကြ ကြောင်းသိရသည်။

အစီအစဉ်အရ အခမ်းအနားဒုတိယပိုင်းတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဝဏ္ဏ ကျော်ထင် ဦးအောင်ခမ်းထီမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်က ၂၀၁၇ခုနှစ်၊ အောက်တိုဘာလမှစ၍ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရပါသည်။ အဆိုပါလုပ်ငန်းစဉ်တွင် (TPA)ကမ္ဘာ့ လူသားအဖွဲ့အစည်းမှ လှူဒါန်းငွေကျပ်သိန်းပေါင်း(၇၂၀၀)ဖြင့် လှူဒါန်းဆောင်ရွက်၍ ပြည်သူလူထုလုပ်အားပါဝင်ပြီး အကွာ အဝေး(၁၄.၈၄၁)မိုင်အား ပန့်စနစ်ဖြင့် ကန်(၁)သို့အမြင့်ပေ(၈၀၀)၊ ကန်(၂)သို့အမြင့်ပေ(၇၀၀)ခန့် ရေတင်ပြီး ပင်လောင်း မြို့နယ်၊ ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာဖြစ်သည့် စင်းတောင်းကျေးရွာ၊ တင်းထက်ကျေးရွာ၊ ထိတလိကျေးရွာ၊ ဝါးပြုံးကျေးရွာ၊ တောင်လေးကျေးရွာများသို့ သောက်သုံးရေပေးဝေနိုင်မည်ဖြစ်ကြောင်း၊ ၎င်းစီမံကိန်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့်ပတ်သက်၍ ရင်းမှီးရပ်ကွက်နှင့်ကျေးရွာ (၅)ရွာရှိအိမ်ခြေစုစုပေါင်း(၂၃၇၂)အိမ်၊ လူဦးရေစုစုပေါင်း(၁၃၃၈၉)ဦးတို့အား အကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာ သောက်သုံးရေ ရရှိရေးအတွက် လှူဒါန်းဆောင်ရွက်ပေးပါသော ဂျပန်နိုင်ငံအစိုးရမဟုတ်သော ကမ္ဘာ့လူသားအဖွဲ့အစည်း (Terra People Association) (TPA)အဖွဲ့အစည်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထုကိုယ်စား ကျေးဇူးအထူးတင်ရှိ ပါကြောင်း ပြောကြားသွားသည်။

ယင်းနောက်နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဦးခွန်စံလွင်၊ ဂျပန်သံရုံးမှမစ္စတာမာဆုမိုတိုရှိဟိဒီတို့က အမှာစကားပြောကြားကြပြီး (TAP)အဖွဲ့အစည်းမှမစ္စစ်ရှီဘတမှ လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံများကိုယ်စားရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ မစ္စစ်ရှီဘတမှလှူဒါန်းသည့် စာရွက်စာတမ်းဖိုင်များကိုပေးအပ်ရာ ဒေသခံတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ဖွင့်ပွဲအထိမ်း အမှတ်တံဆိပ်များကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်ထောင်စု ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများထံ နေရာအရောက်ပေးအပ်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

မိုင်းယောင်း ဇူလိုင် - ၁

new 625

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် (Township Sport Development Program) အရကျင်းပသည့် ဘော်လုံး/ ကြက်တောင်/ စားပွဲတင်တင်းနစ်/ ပိုက်ကျော်ခြင်း/ မီနီမာရသွန် အားကစားပြိုင်ပွဲ များဖွင့်ပွဲကို ဇွန် ၂၈ ရက်နေ့က မိုငျးယောငျးမွို့ အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးမှ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး၊ အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ ကျေးရွာများမှ အားကစားသမားများနှင့် ကျောင်းသား/ ကျောင်းသူ (၅၈၄)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

တာချီလိတ် ဇွန် - ၂၈

new 629

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ဇွန်လ ၂၈ ရက် နံနက် ၅ နာရီ ၁၅ မိနစ်တွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို အမှတ်(၂)တံတားလမ်းထိပ်မှ စတင်တာလွှတ်ခဲ့ပြီး မြို့မအားကစားကွင်း တွင် ပန်းဝင်ခဲ့ကြောင်းသိရသည်။ ၎င်းပြိုင်ပွဲသို့ကျောင်းသား/ ကျောင်းသူ (၅၅၀)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး၊ ပြိုင်ပွဲတွင်ဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့သည်။

အစရ(ရှမ်း)

နောက်ထပ်သတင်းများဖတ်မည်