We have 507 guests and no members online

ညောင်ရွှေ ဇွန်   −   ၂၈

new 628

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် မိုင်းပျိုးကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဇွန်(၂၈)ရက် မွန်းလွဲ(၁)နာရီက ဒေသခံပြည်သူများအတွက် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ရွေ့လျားဝန်ဆောင်မှုတွင်ပြုလုပ် ပြီးသောနိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ လယ်ယာမြေပုံစံခွန်များ၊ အိမ်ထောင်စုဇယားများတို့ကို ကျေးရွာရှိဒေသခံပြည်သူ များအားပေးအပ်ပြီး၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ မိုင်းပျိုးကျေးရွာဒေသခံများမှ ရွာအဝင်လမ်းတံတားပြုပြင်ပေးရန်၊ စာသင်ကျောင်းများ၊ ဆရာဆရာမများ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ၊ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များ၊ ဘေးမဲ့တောကိစ္စ ရပ်များကိုတင်ပြကြပြီး၊ ဒေသခံပြည်သူများ၏တင်ပြချက်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အသီးသီးပြန်လည်ဖြေကြားကြကာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် မှနိဂုံးချုပ် အမှာစကားပြောကြားရာ ယခုလိုဒေသခံပြည်သူများနှင့်တွေ့ဆုံရသည့်အတွက်ဝမ်းသာပါကြောင်းနှင့် ဒေသ၏လိုအပ်ချက်များ ကိုပွင့်ပွင့်လင်းလင်းသိရှိရသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ဒေသခံပြည်သူများကလည်း စုပေါင်း၍ ညီညီညွတ်ညွတ် ကြိုးစားပေးကြရန်နှင့် ဒေသ၏လိုအပ်ချက်များကို လာမည့်ဘဏ္ဍာနှစ်တွင်ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

တောင်ကြီး ဇွန်   −   ၂၆

new 631

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့် မီးရှို့ပွဲကို ဇွန်(၂၆)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှုပြဿနာသည် ကြီးမားသော

မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပြီး လွန်ခဲ့သော(၅)နှစ်ကျော်ကာလမှစတင်ကာ စိတ်ကြွရူးသွပ် ဆေးဝါး ပြဿနာသည်ကြီးထွားလာသည်ကိုတွေ့ရှိရကြောင်း၊ ဘိန်းစိုက်ပျိုးမှုအပြင် စိတ်ကြွဆေးဝါးထုတ်လုပ်မှု၊ သုံးစွဲမှုစသော စိန်ခေါ်မှုများနှင့် ထပ်မံရင်ဆိုင်နေရခြင်းအပေါ် ၂၀၁၅ခုနှစ်အလွန် မူးယစ်ဆေးဝါးလျှော့ချရေးလုပ်ငန်းစဉ်များနှင့်အညီ စတုတ္ထမူးယစ်ဆေးဝါးပပျောက်ရေး(၅)နှစ်စီမံကိန်းကို ၂၀၁၄−၂၀၁၅ခုနှစ်မှ ၂၀၁၈−၂၀၁၉ခုနှစ်အထိ တိုးမြှင့်၍ ထုတ်လုပ်မှု ပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော် စီမံခန့်ခွဲမှုအဖွဲ့မှလည်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)တို့နှင့်ပူးပေါင်းပြီး ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ရှိ နောင်တရား၊ လွိုင်လင်၊ ဟိုပုံးနှင့် တာချီလိတ်မြို့နယ်များအတွင်း အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတားလုပ်ငန်းများ၊ ပညာရေး လုပ်ငန်းများ၊ ရေရရှိရေးလုပ်ငန်းများ၊ စွမ်းအင်လုပ်ငန်းနှင့် သာသနာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရမှ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် အစိုးရဌာနဆိုင်ရာ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးကင်းစင်သော လူမှုဘဝပတ်ဝန်းကျင်ကို ဖန်တီးပြီး ခေတ်မှီတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာရန် ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီ:ကျော်ဆွေထံမှ ပေးပို့သောသဝဏ်လွှာအား ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ဖတ်ကြားပြီး၊ (၃၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင်ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ အသီးသီးတို့မှ ဆုချီးမြှင့်ပေးကြပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယို ပြသကာ မူးယစ်ဆေးဝါးပပျောက်ရေးလှုပ်ရှားမှုပြခန်းများကို ပြည်နယ်ဝန်ကြီးချူပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ပြခန်းများအား လှည့်လည်ကြည့်ရှု့ကြကြောင်း သိရသည်။

ထို့နောက် တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မီးရှို့ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဇော်ခင်အောင်မှ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများတို့မှ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ၊ ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ကြည့်ရှု့စစ်ဆေး၍ ဓါတုပစ္စည်းများနှင့် ဆေးရည်များကို မြေကျင်းအတွင်း သွန်ချဖျက်ဆီးပြီး မူးယစ်ဆေးဝါးများအား တစ်ပြိုင်နက် စက်ခလုတ်နှိပ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးတန်ဘိုးမှာ ကျပ်သန်းပေါင်း (၂၂၅၄၅၁)( အမေရိကန် ဒေါ်လာတန်ဖိုး ၁၅၀ သန်းကျော်) ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

မဘိမ်း ဇွန် - ၂၄

new 632

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်Township Sport Development Program အရ ကျင်းပသည့် ဘောလုံး/ ပိုက်ကျော်ခြင်း/ ပြေးခုန်ပစ်/ ဘော်လီဘော/ မီနီမာရသွန်ပြိုင်ပွဲများဖွင့်ပွဲကို ဇွန် ၂၂ ရက် မွန်းလွဲ ၂ နာရီက မဘိမ်းမြို့၊ မြို့နယ်ဘောလုံးကွင်း၌ ကျင်းပကြောင်းသိရသည်။

အဆိုပါအားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်တို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မဘိမ်းမြို့တွင် ဇွန် ၂၃ ရက် နံနက် ၅ နာရီခွဲက ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန် ပြိုင်ပွဲကို ကျင်းပရာ ဆုရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် တာဝန်ရှိသူတို့မှ ဆုများ အသီးသီးချီးမြှင့် ခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

နောင်ချို ဇွန် - ၂၄

new 633

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်Township Sport Development Program အရ ကျင်းပသည့် ဖူဆယ်ဘောလုံး/ ပိုက်ကျော်ခြင်း/ စားပွဲတင်တင်းနစ်/ ကြက်တောင်/ မီနီမာရသွန်ပြိုင်ပွဲများဖွင့်ပွဲကို ဇွန် ၂၁ ရက် မွန်းလွဲ ၂ နာရီက နောင်ချိုမြို့၊ မြို့နယ်ဘောလုံးကွင်း၌ ကျင်းပကြောင်းသိရသည်။

အဆိုပါအားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်တို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် နောင်ချိုမြို့တွင် ဇွန် ၂၂ ရက် နံနက် ၅ နာရီခွဲက ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန် ပြိုင်ပွဲကို ကျင်းပရာ ဆုရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် တာဝန်ရှိသူတို့မှ ဆုများ အသီးသီးချီးမြှင့် ခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

ပင်လောင်း  ဇွန် -၂၂

new 635

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာအုပ်စု လင်ခံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇွန်(၂၁)ရက်က ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေးနည်းပညာပေး သင်တန်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကျင်းပကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ ရှမ်းပြည်နယ် အတွင်း အစေ့ထုတ်ပြောင်းသီးနှံတွင် ကျရောက်သော ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေး ဆောင်ရွက်မှုအခြေအနေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ဖောငမြှောင်တောင် ကာကွယ်နှိမ်နင်းရေးအတွက်ထောက်ပံ့ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများကပေးအပ်ရာ တောင်သူများမှလက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပင်းလောင်မြို့နယ် နန်းတုတ်ကျေးရွာအုပ်စုလင်ခံကျေးရွာ တောင်သူဦးမောင်လေး၏ အစေ့ထုတ် ပြောင်းစိုက်ခင်းတွင် ဖောငမြှောင်တောင်စုပေါင်းကာကွယ်နှိမ်နင်းနေမှုအား ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

နောက်ထပ်သတင်းများဖတ်မည်