We have 55 guests and no members online

လားရှိုး မတ်  - ၄

new 786

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် မတ်လ (၄)ရက် မင်္ဂလာအချိန် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး ရုံးသစ်ဖွင့်ပွဲအား တက်ရောက်၍ အသင်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

အသင်းရုံးဆိုင်းဘုတ်အား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ မြန်မာနိုင်ငံကုန်သည် စက်မှုအသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်စက်မှုလက်မှုအသင်းဥက္ကဌ ဦးစိုင်းဘိုဘို တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အသင်းရုံးသစ်၏ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာ၊ အောင်သပြေတို့ဖြင့်ပက်ဖြန်းမင်္ဂလာပြုပေးကြသည်။ အသင်းရုံးဖွင့်ပွဲအခမ်းအနားကိုအသင်းရုံးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံစက်မှုအသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်းက ထပ်ဆင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်စက်မှုလက်မှုအသင်းဥက္ကဌ ဦးစိုင်းဘိုဘိုက အသင်းရုံးဖွင့်လှစ် နိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အသင်းရုံးသစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်ချက်များအားဖြည့်ဆည်းမှာကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်ပြန်/ဆက်

တောင်ကြီး မတ် - ၁

new 793

ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးဖွင့်လှစ်ပွဲကို မတ်လ ၁ ရက် နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး(ဟောင်း)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်ထောင်စုလွှတ်တော်က ဥပဒေ ဆိုင်ရာအထောက်အကူပေးရေးဥပဒေကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေး နည်းဥပဒေကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ (၂၉)ရက် တွင်လည်းကောင်း ပြဌာန်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ တဆက်တည်းတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ (၁၅)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်ကို ဆက်လက် ဖွဲ့စည်းလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်တွင် ပြည်နယ်နှင့် မြို့နယ် (၂၇)ခုတွင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး ကျန်မြို့နယ်များအား ဖွဲ့စည်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေမှာ ရည်ရွယ်ချက်(၇)ချက်၊ အခြေခံမူ (၉)ချက် ပြဌာန်းထားသည်ကို လေ့လာတွေ့ရှိရပြီး အဓိကမှာ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူများ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ ရရှိစေရန်၊ ဥပဒေ၏ အကာအကွယ်ရရှိစေရန်၊ အမှန်တရားနှင့် လက်လှမ်းမီစေရန်၊ ဥပဒေအရာမှာသာ တူညီမျှတစေရန်၊ နိုင်ငံတော်ကဖော်ဆောင်နေသည့် တရားဥပဒေစိုးမိုးရေး၊ Rule of Law အတွက် ဖြစ်သည်ကို နားလည်သိရှိစေရန်၊ နိုင်ငံတော်သမ္မတကြီးမှ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် တရားဥပဒေစိုးမိုးရေးစင်တာသည် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပြီး ဘက်မလိုက်သည့် လွတ်လပ်သော တရားမျှတမှုနှင့် ဆင်ခြင်တုံတရားကို ချိန်ခွင်လျှာထိန်းညှိနိုင်သည့် တရားစီရင်ရေးမဏ္ဍိုင်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဥပဒေ၏ရှေ့မှောက်တွင် အားလုံးအညီအမျှဖြစ်ရေး၊ ဥပဒေနှင့်အညီဆောင်ရွက်ရေးတို့ကို ဆောက်ရွက်ကြရန် တိုင်းဒေသကြီး/ ပြည်နယ်များကို မကြာခဏမှာကြား သည်ကို အလေးအနက်ထားသတိပြုကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ပြည်ထောင်စုဥပဒေ ဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌကိုယ်စား အတွင်းရေးမှူး ဦးခင်ဇော်တို့က အသီးသီး အမှာစကား ပြောကြားကြပြီး၊ ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ရုံးဆိုင်းဘုတ်အား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌကိုယ်စား အတွင်းရေးမှူး ဦးခင်ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များကို ရှမ်းပြည်နယ် ဥပဒေချုပ် ဦးတင်ဦးနှင့် ရှမ်းပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဌ ဦးရဲနိုင်အောင် တို့ကပက်ဖျန်းပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်ပြန်/ဆက်

09250132943

နောင်ချို မတ် - ၁

new 791

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ ဘန်ဘွေး အခြေခံပညာအထက်တန်းကျောင်း တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်အုပ်စု အလိုက်အသက် ၇/ ၉/ ၁၁/ ၁၃/ ၁၅ နှစ်အောက် ကျား/မ ဘောလုံး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နေ့၌ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာညီညီအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး တို့တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။

ထို့နောက် အခမ်းအနားတွင် ဆုရရှိသူများအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာ ညီညီအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးတို့မှ ဆုဖလားနှင့် ရွှေတံဆိပ်ဆုတို့ကို အသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရှိရသည်။

အစရ(ရှမ်း)

တောင်ကြီး မတ် - ၁

new 792

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲကို မတ်လ ၁ ရက်၊ နံနက် ၉ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန် မိသားစု ဝင်ငွေတိုးပွားရန်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အာဟာရပြည့်ဝစေရန် ရည်မှန်းပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း အဓိကရည်ရွယ်ချက်မှာ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချရန်၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း ဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန်၊ လည်ပတ်ရန်ပုံငွေစနစ်တွင် အဖွဲ့မှ သဘောတူသော အတိုး ငွေထည့်ဝင်၍ တိုးပွားလာသောငွေဖြင့် ကျေးရွာ၏ လိုအပ်ချက်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်တို့ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ပြောကြားသွားသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို စီမံကိန်းဆောင်ရွက်မည့် ကျေးရွာအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)အား နိုင်ငံတော်ဘတ်ဂျတ်မှ မတည်ပေးပြီး သက်ဆိုင်ရာကျေးရွာအလိုက် သက်သာသော အတိုးနှုန်း သတ်မှတ်ရယူခြင်းဖြင့် ရန်ပုံငွေပမာဏတိုးပွားလာကာ ရေရှည်တည်တံ့စေမည့် နည်းလမ်းကို အသုံးပြု ထားခြင်းဖြစ်၍ ကျေးရွာကော်မတီက အများသဘောတူညီချက်ဖြင့် အတိုးနှုန်းကို တစ်လလျှင် (၅၀)ပြားမှ ၁ ကျပ် ၅၀ ပြားနှုန်းအတွင်း သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျေးရွာသူ/ကျေးရွာသားများအနေဖြင့် စီမံကိန်း ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စသည့် ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်တာဖြစ်ကြောင်း ၎င်းကပြောကြားသွားသည်။

ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းအကောင်းဆုံးဆုရရှိသည့် ကျေးရွာများအား ဆုချီးမြှင့်ရာ တတိယဆု ရရှိသော ပင်းတယမြို့နယ် သရက်ကုန်းကျေးရွာ၊ ဟိုပန်မြို့နယ် နောင်အွန်ကျေးရွာ၊ မိုင်းတုံမြို့နယ် စမ်းသီတာ ကျေးရွာတို့အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ဆုချီးမြှင့်၍လည်းကောင်း၊ ဒုတိယ ဆုရရှိသော လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာ၊ သိန္နီမြို့နယ် ခမ်းတိမ်း+ဟိုနားကျေးရွာ၊ မိုင်းပျဉ်းမြို့နယ် စုပုံကျေးရွာ တို့ကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော ရွာငံ မြို့နယ် ဒလပင်ကျေးရွာ၊ မိုးမိတ်မြို့နယ် နမီကျေးရွာ၊ ကျိုင်းတုံမြို့နယ် နမ့်အော်ကျေးရွာတို့အား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အသီးသီးဆုချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

လားရှိုး မတ် - ၁

new 790

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် အဖွဲ့သည် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လားရှိုးတက္ကသိုလ်၊ လားရှိုနည်းပညာ တက္ကသိုလ်တို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဖေဖော်ဝါရီ (၂၈)ရက် နံနက်ပိုင်းတွင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါတည်ဆောက်ရေးလုပ်ငန်းခွင်များအတွင်း လှည့်လည်စစ်ဆေးကြည့်ရှုပြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တည်ဆောက်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်းပေးကာ အဆောက်အဦများ အရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေး အတွက် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

နောက်ထပ်သတင်းများဖတ်မည်