We have 719 guests and no members online

တောင်ကြီး ဧပြီ - ၅

new 751

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၄ ရက် ညနေ ၄ နာရီခွဲက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံဝင်း၌ အပန်းဖြေဥယျာဉ်တည်ဆောက်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေး ကြောင်းသိရသည်။

အဆိုပါ အပန်းဖြေဥယျာဉ်တွင် ရေပန်းတပ်ဆင်ခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ ပန်းများ စိုက်ပျိုးခြင်းတို့ကို တာဝန်ရှိ သူတစ်ဦးမှ ရှင်းလင်းပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို မှာကြား၍ လူနာနားနေဆောင်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

တောင်ကြီး ဧပြီ - ၅

new 750

ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်၊ မြို့နှင့် ခြံများ၏ လုပ်ငန်း ညှိနှိုင်းနှင့် တွေ့ဆုံပွဲကို ဧပြီ ၄ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

စိုက်ပျိုးရာသီတွင် မျိုးစေ့ထုတ်လုပ်ငန်းများကို စပါးသီးနှံသာမက ပဲပုပ်နှင့် အခြားသီးနှံများကိုလည်း ပီပီပြင်ပြင် စိုက်ပျိုးကြရန်လိုအပ်ပါကြောင်း၊ RS to CS မျိုးသန့်ပွားများခြင်းလုပ်ငန်းများ၊ ခရိုင်/မြို့နယ်အဆင့် ဘက်စုံနည်းပညာသုံး စံပြ ကျေးရွာများကိုလည်း ထိထိရောက်ရောက်ပိုမိုတိုးချဲ့လုပ်ကိုင်ကြရန်နှင့် ဘက်စုံနည်းပညာသုံး စံပြ ကျေးရွာဆောင်ရွက်ရာတွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် (၁)ခရိုင် (၂)ရွာဖြင့် (၂၄)ရွာ၊ (၁)မြို့နယ်(၁)ရွာဖြင့် ကျေးရွာ(၅၀)၊ စုစုပေါင်း (၇၄)ရွာကို ထပ်မံ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီးခဲ့သည့် ကျေးရွာများတွင် ကျွမ်းကျင်တောင်သူများ ရှိနေပြီ ဖြစ်သည့်အတွက် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ပညာပေးစည်းရုံးရန်လိုအပ်ပါကြောင်း၊ GAP အသိအမှတ်ပြု လက်မှတ်ရရှိရန် ဆောင်ရွက်ရာတွင် သီးနှံစိုက်တောင်သူများသာမက စိုက်ပျိုးရေးခြံများကိုလည်း GAP လက်မှတ်ရရှိအောင် ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ မျိုးကောင်းမျိုးသန့် ပျိုးပင်ဖြန့်ဖြူးနိုင်ရေးအတွက် အစားထိုးသီးနှံစိုက်ပျိုးသည့် မြို့နယ် များတွင် ပျိုးစင်များ ပြုလုပ်ဆောင်ရွက်ထားသလို အခြားဒေသများတွင်လည်း သရက်၊ ကော်ဖီ၊ လက်ဖက်ကဲ့သို့ မျိုးကောင်းမျိုးသန့် ပျိုးပင်များကို တောင်သူများထံသို့ ရောက်ရှိအောင် ဖြန့်ဖြူးပေးသွားရန် လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့်ပူးပေါင်းပြီး ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးအရောင်းဆိုင်များကို စစ်ဆေးသည့်အခါ ကြုံတွေ့ရသည့် အခက်အခဲများ လိုအပ်ချက်များကို ပြန်လည်တင်ပြပေးကြရန်နှင့် SGA တောင်သူအစုအဖွဲ့များ၊ Contract Farming လုပ်ငန်းများ၊ Project ဖြင့်ဆောင်ရွက်နေသော NGO, INGOလုပ်ငန်းများကိုလည်း ပီပီပြင်ပြင်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်က လုပ်ငန်းဆိုင်ရာဆောင်ရွက်မှုများ ရှင်းလင်းတင်ပြပြီး၊ တောင်ကြီးမြို့နယ် ညောင်စဉ်ကျေးရွာဥက္ကဌ ဦးခွန်ချမ်းသာမှ ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တင်ပြမည့် မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံကိန်း အောင်မြင်မှု အခြေအနေ များအား တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

တောင်ကြီး ဧပြီ- ၄

new 752

၂၀၁၉ ခုနှစ်၊ ရှမ်းပြည်နယ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ဧပြီ ၃ ရက်နေ့ ညနေ ၃ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုသင်တန်းဆင်းပွဲသည် ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲ အခမ်းအနား ဖြစ်ပါကြောင်း၊ သင်တန်းတွင် ဘောလုံး၊ တင်းနစ်၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ဂျူဒို၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့၊ ရိုးရာလက်ဝှေ့၊ ဘတ်စကတ်ဘော၊ ရိုးရာ ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ စက်ဘီး၊ ဘော်လီဘော၊ Physical Fitness Dance နှင့် အေးရိုးဗစ်စသည့် အားကစားနည်း ၁၈ နည်းကို စုစုပေါင်းသင်တန်းသား ၁၈၆၅ ဦးတက်ရောက်ခဲ့ပါကြောင်း၊ လူငယ်လူရွယ် များအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိ အသုံးချတတစေရေး၊ အားကစားနည်း တစ်ရပ်ရပ် ကို အခြေခံမှစ၍ လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသည့် အားကစား သမားကောင်းများ၊ နိုင်ငံ့သားကောင်း/သမီးကောင်းများဖြစ်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးစသည့် မြင့်မားသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ချမှတ် ဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်ပညာရေးပေါင်းစပ်သည့် အဓိကအစီအမံတစ်ရပ်ကို ဖော်ဆောင် ခြင်းလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ထူးချွန်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရေးကို ရည်မှန်းပြီး သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသားလူငယ်မောင်မယ်များ အနေဖြင့်လည်း သင်တန်းကထိုက်သင့်သလောက် လေ့လာဆည်းပူးမိသည့် နည်းစနစ်၊ ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်အားကစားနည်းပညာရပ်များကို သင်တန်းပြီးဆုံးသွားသော်လည်း ဆက်လက် လေ့လာလိုက်စားကြရန်နှင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်ကိုယ်စားပြုအားကစားသမားများမှတဆင့် နိုင်ငံ့ ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာအောင်ဆက်လက်ကြိုးစားသွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ပြေးခုန်ပစ်၊ အေးရိုးပစ်၊ ခရစ်ကတ်၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ကြက်တောင်၊ ရိုးရာလက်ဝှေ့၊ ဟော်ကီ၊ စက်ဘီးစသည့်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အသီးသီးတို့မှ ဆုချီးမြှင့်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် သင်တန်းသား/ သူများအား လိုက်လံ နှုတ်ဆက်ကြပြီး တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေးကြ ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

တောင်ကြီး ဧပြီ - ၅

new 749

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ဧပြီ ၅ ရက် နံနက် ၁၀နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၁၄၀) ဦးရှိသည့်အနက် ခွင့်ပန်ကြားသူ (၉)ဦးရှိပြီး အစည်းအဝေးသို့ (၁၃၁)ဦး တက်ရောက်သဖြင့်(၉၃.၅၇) ရာခိုင်နှုန်းရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၉)ဦး တို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော် မှသဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကိုလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၈) ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု မေမြန်း ကြောင်းနှင့် မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ဥပဒေနှင့်အညီ တင်သွင်းထားသော ဒုတိယအကြိမ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေ မူကြမ်းအား ဂုဏ်ယူဝမ်းမြောက် ကြိုဆိုကြောင်း အရေးတကြီးအဆိုကို နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်း၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးတေဇာအောင်၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်း၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်ကျော်နိုင်၊ လွိုင်လင် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်တီဂေါလ်တို့မှ အဆိုကိုထောက်ခံ ကြောင်းဆွေးနွေးပြီး ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် နှင့် မဘိမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းသိန်းတို့က မှတ်တမ်းအဖြစ်ထားရှိပေးရန် အသီးသီးဆွေးနွေးကြပြီး ယင်းအဆိုကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်းနှင့် အဆိုကိုအတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေငြာသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး၊ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစီအစဉ်ပြီးမြောက်ကြောင်းသိရှိရသည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လေ့လာသူ များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

နမ့်စန် ဧပြီ - ၂

new 755

new 756

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို မတ်လ ၃၀ ရက်နေ့ က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်အဖွဲ့ တက်ရောက်အားပေးခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများနှင့်အတူ ဆုများအသီးသီး ပေးအပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/သူ ၃၀၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

၎င်းနောက် နမ့်စန်မြို့ ၂၀၀x၁၀၀ ပေ လေ့ကျင့်ရေးအားကစားရုံသစ်ဖွင့်ပွဲ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားရာ ဆေးလိပ်ငွေ့ ကင်းစင်သည့် အားကစားကွင်း/ ရုံ/ ဒေသနယ်မြေများအဖြစ် ပေါ်ထွက်လာအောင် မိဘပြည်သူများ၊ တာဝန် ရှိသူများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်တိုက်တွန်းပါကြောင်း ပြောကြားသွားသည်။

အစရ(ရှမ်း)

နောက်ထပ်သတင်းများဖတ်မည်