We have 98 guests and no members online

ကွတ်ခိုင် မတ် - ၁

new 789

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (လားရှိုး) ဒေါက်တာဝင်းနိုင်နှင့်အဖွဲ့သည် မတ်လ ၁ ရက် နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံ ၂ ထပ်လူနာဆောင် ၄ ခန်းတွဲ ၄ ထပ်၊ ဝန်ထမ်းအိမ်ရာ ၃ ခန်းတွဲ ၃ ထပ်နှင့် ဆရာဝန်နေအိမ် တည်ဆောက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရှိရသည်။

အစရ(ရှမ်း)

တောင်ကြီး ဖေဖော်ဝါရီ - ၂၆

new 794

၂၀၁၉ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်ကုသရေးနှင့် ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော အရည်အသွေးပြည့်ဝသော သားပျက် သားလျှော လူနာပြုစုကုသခြင်းစီမံကိန်း စတင်ဆောင်ရွက်ခြင်းနှင့်လုပ်ငန်းအစီအစဉ်များ အသိပေး ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံသည် အိမ်နီးချင်းအာရှနိုင်ငံများထဲတွင် မိခင်သေဆုံးမှုမြင့်မားသော နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိခင်သေဆုံးမှုလျှော့ချရန် ခေတ်အဆက်ဆက် ကြိုးစားခဲ့သော်လည်း ထောင်စုနှစ် ရည်မှန်းချက်မပြည့်မီသေးကြောင်း၊ သက္ကရာဇ် ၂၀၃၀ မှာ ရည်မှန်းချက်ပြည့်မီစေရန် ကုလသမဂ္ဂအဖွဲ့က တိုက်တွန်းထားကြောင်း၊ ထို့ကြောင့်ရှမ်းပြည်နယ် တွင် အရည်အသွေးပြည့်ဝသည့် သားပျက်သားလျှော လူနာပြုစုကုသခြင်းစီမံကိန်း လာရောက် အကောင်အထည်ဖော်ဆောင်ရွက်သည်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝမ်းမြောက်စွာကြိုဆိုကြောင်း၊ ပံ့ပိုးကူညီပေးသော Ipas အဖွဲ့ကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မိခင်နှင့်ကလေးကျန်းမာရေး အဆင့်အတန်းမြင့်မားလာရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြေားကြားခဲ့သည်။

အစရ(ရှမ်း)

တောင်ကြီး ဖေဖော်ဝါရီ - ၂၅

new 795


ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့်အတူ ဖေဖော်ဝါရီ ၂၅ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်အတွင်းရှိ ဆောက်လုပ်ရေးကုမ္ပဏီများမှ လှူဒါန်းသော (ရန်ပုံငွေဖြင့်) ရှမ်းပြည်နယ် အားကစားကွင်း အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ရာ ပြည်နယ်လူမှုရေးဝန်ကြီးက စံချိန်စံညွှန်းပြည့်မှီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

တောင်ကြီး ဖေဖော်ဝါရီ - ၂၅

new 796

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ၁၆ ကုတင် ဆံ့တိုက်နယ်ဆေးရုံတည်ဆောက်ရန်ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလဲကျေးရွာ အဆိုပါဆေးရုံတည် ဆောက်မည့်နေရာ၌ကျင်းပခဲ့ကြောင်းသိရသည်။

ပထမဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးခွန်မောင်ဖြူနှင့်တာဝန်ရှိသူတို့က သတ်မှတ်နေရာ များတွင်နေရာယူ၍ မင်္ဂလာချိန်ကျရောက်သည်နှင့်ပန္နက် တိုင်များရိုက်ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဆိုဒ်တာဝန်ခံ ဦးဆွေဖုန်းက (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံတည်ဆောက်ရေးဆိုင်ရာများနှင့်ဝန်ထမ်း၊ ဆရာဝန်၊ သူပြုဆရာမများ၏ အိမ်ရာများ တည်ဆောက်မည့်ပုံစံများကိုရှင်းလင်းပြသရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့ကြော င်းသိရသည်။

အဆိုပါ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလဲတိုက်နယ် (၁၆)ကုတင်ဆံ့ဆေးရုံကိုမြို့ ပြနှင့်အလှမ်း ကွာသည့်ကျေးလက်နေ ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦး စီးဌာန၏၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ (၆၃၈.၃)သန်းဖြင့် Shan Home Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန် ယူဆောက်ရွက်သွားမည်ဖြစ်ပြီး၊ ဆေးရုံမှာ အလျား(၁၄၁)ပေ၊ အနံ(၁၄၁)ပေရှိ RCတစ်ထပ် ပင်မအဆောက်အဦ၊ (၂)ခန်းတွဲ၊ ဆရာဝန်နေအိမ် (၃)ခန်းတွဲ၊ ဝန်ထမ်းအိမ်ရာ၊ (၄)ခန်းတွဲသူနာပြုအိမ်ရာနှင့် (၄)ခန်းတွဲဝန် ထမ်းအိမ်ရာတို့ ပါရှိကြောင်းသိရသည်။

အစရ(ရှမ်း)

တောင်ကြီး ဖေဖော်ဝါရီ -၂၂

new 797

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် စည်ပင်သာယာရေး ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဇော်ဇော်ထွန်းနှင့် အဖွဲ့တို့သည် ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျှက်ရှိသော အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း တောင်ကြီး၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးမှ ပညာရေးဌာနနှင့်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတို့အား လိုအပ်ချက် များဖြည့်ဆည်းဆောင်ရွက်ထားရန်နှင့် စံချိန်စံညွှန်းပြည့်မှီ စွာဖြင့် သတ်မှတ်ကာလအမှီ ပြီးစီးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းအဆင့်တိုင်းအား မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့က စစ်ဆေးနိုင်အောင် ပညာရေးဌာနနှင့် ကုမ္ပဏီတို့မှ ကြီးကြပ်ဆောင်ရွက် သွားရန် မှာကြားခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

နောက်ထပ်သတင်းများဖတ်မည်