We have 650 guests and no members online

တောင်ကြီး        မတ်- ၁၀

new 779

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် ရပ်စောက်မြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ ဖောင်းတော၊ နောင်ခမ်း၊ ဘုရားဖြူ၊ လယ်တော်၊ နောင်ဘိုကျေးရွာအုပ်စုများ လျှပ်စစ်မီးလင်းဖွင့်ပွဲကိုမတ်(၁၀)ရက် နံနက်(၁၀)နာရီကဖောင်းတောကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပကြောင်းသိရသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာရေး နှစ်ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သော ရပ်စောက်မြို့နယ် ကျေးရွာ(၅)ရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဦးမောင်မောင်စိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ပြည်နယ်လွှတော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်တို့မှ ဖဲကြို းဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍"ဒိုးကျေးရွာမီးလင်းပြီ "ဆိုင်းဘုတ်အားရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကား ပြောကြားရာ ရှမ်းပြည်နယ်အတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)တို့ပေါင်းစပ်ပြီး ခရိုင်(၁၃)ခရိုင်၊ မြို့နယ်(၅၅)မြို့နယ် ဖွဲ့စည်းထားရှိကာ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ခရိုင်(၃)ခရိုင်မြို့နယ်(၂၁)မြို့နယ်ဖြင့်ဖွဲ့စည်းထားရှိပြီး ကာလိ မိုင်းစံ၊ ဟိုမိန်းမြို့(၃)မြို့သာ လျှပ်စစ်မီးရရှိရန်ကျန်နေပြီး ကျန်မြို့နယ်များအားလုံး လျှပ်စစ်ဓါတ်အားရရှိပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နယ်အားလုံးနီးပါး လျှပ်စစ်ဓါတ်အားရရှိသုံးစွဲလျှက်ရှိပြီး (အရှေ့ပိုင်း)တွင် နိူင်ငံတော်ဓါတ်အားစနစ်ဖြင့် လျှပ်စစ်ဓါတ်အားရရှိခြင်း မရှိသေးဘဲအစိုးရသစ် တာဝန်ယူ ဆောင်ရွက်နေရသည့်ကာလအတွင်းရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လျှပ်စစ်ဓါတ်အားရရှိအတွက် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် လျှပ်စစ် ဓါတ်အားတိုးတက် ထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ကာလတိုကာလရှည် စီမံချက်များ ချမှတ်၍စီမံကိန်း လုပ်ငန်းများကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေမှ၂၀၁၆-၂၀၁၇ဘဏ္ဍာရေး နှစ်တွင်ကျပ်သန်း(၁၂၀၄၅.၃၁၇)ကျပ်၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း(၁၂၃၂၆.၇၅၈)ကျပ်၊ ၂၀၁၈-၂၀၁၉(၆)လပတ်ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း(၁၀၅၅၈.၄၈၂)ကျပ်နှင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း(၈၀၅၁.၇၆၇)ကျပ် ပြည်သူများလျှပ်စစ်မီးဗို့အားပြည့်မီစွာသုံးစွဲနိုင်ရေး လျှပ်စစ်ဓါတ်အားလုံး လုံလောက် စွာ သုံးစွဲနိုင်ရေးအစရှိသော လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရပ်စောက်မြို့နယ်အတွင်း ကျေးရွာ၂၁၉ရွာရှိပြီး နိုင်ငံတော်ဓါတ်အားစနစ်မှ ၄၀ရွာ လျှပ်စစ်ဓါတ်အားသုံးစွဲ လျက်ရှိပြီး ၁၇၉ရွာလျှပ်စစ်ဓါတ်အားရရှိရန် ကျန်ရှိ၍ အိမ်ထောင်စုဦးရေအနေဖြင့်(၄၀၁၈၅)ရှိပြီး နိုင်ငံတော် ဓါတ်အားစနစ်မှ (၁၂၂၀၇)သုံးစွဲလျက်ရှိပြီး (၂၇၉၇၈)လျှပ်စစ်ဓါတ်အားရရှိရန်ကျန်ရှိနေသေးပါကြောင်း၊ ရာခိုင်နှုန်းအနေဖြင့် ရပ်စောက်မြို့နယ်အတွင်း(၃၀.၃၈)ရာခိုင်နှုန်း နိုင်ငံတော်ဓါတ်အားစနစ်မှ သုံးစွဲနိုင်ပြီး ဖြစ်ကြောင်း ယခုလိုရပ်စောက်မြို့နယ်ဖောင်းတောကျေးရွာအုပ်စု နောင်ဘိုရွာ၊ လယ်တော်ရွာ၊ ဘုရားဖြူရွာ၊ နောင်ခမ်းရွာနှင့်ဖောင်းတောရွာ(၅)ရွာတွင် လျှပ်စစ်ဓါတ်အားကို(၂၄)နာရီရရှိသည့်အတွက် ကျေးလက်နေ တိုင်းရင်းသား ပြည်သူများ၏ လူမှုရေး၊ ကျန်းမရေးနှင့်စီးပွားရေးအခြေအနေကောင်းများ ပေါ်ပေါက်လာမှာဖြစ်ပြီး ဒေသခံတိုင်းရင်းသားညီအစ်ကိူမောင်နှမများ၏ စိုက်ပျိုးမွှေးမြူရေးလုပ်ငန်းများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကောင်းမွန်အောင်မြင်မှုရရှိလာမည်ဖြစ်ကြောင်းပြောကြားသွားသည်။

ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက အမှာစကားပြောကြားပြီး ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာဦးကျော်လှိုင်ဝင်းမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြပြီးရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ နောင်ဘိုကျေးရွာ၊ နောင်ခမ်း ကျေးရွာ၊ ဖောင်းတောကျေးရွာမှ ရှမ်းရိုးရာအကဓနုရိုးရာအက၊ ပြည်ထောင်စုတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်၍ မီးလင်းရေးကော်မတီမှ မီးလင်းရေးဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများ နေရာအရောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများကိုပေးအပ်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

နမ့်ဆန်         မတ်- ၈

new 781

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ရှိဒေသခံပြည်သူများ ဒေသလိုအပ်ချက် ပြည်သူများ၏ခံစားချက်များသိရှိနိုင်ရန်အတွက် မတ်(၈)ရက်နံနက်ပိုင်းက ဒေသဦးစီးခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ နမ့်ဆန်မြို့ရပ်မိရပ်ဖဌာနဆိုင်ရာဒေသခံပြည်သူများနှင့်တွေ့ဆုံကြောင်းသိရသည်။

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနမ့်ဆန်မြို့တွင်ပြည်သူများနှင့် တွေ့ဆုံရခြင်းမှာ ဒေသအတွင်းလိုအပ်ချက် တွေ့ကြုံနေရသည့်အခက်အခဲများ ပြည်သူ များ၏ပွင့်လင်းမြင်သာမှုရှိသော ခံစားချက်များသိရှိရန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောက်ရွက်ပေး နိုင်မည့် ကိစ္စရပ်များရှိပါကကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်ဒေသခံပြည်သူများနှင့်တွေ့ဆုံရခြင်းဖြစ်ကြောင်းပြောကြားသွားသည်။

ထို့နောက်ပလောာင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကျော်က ဒေသအခြေအနေများအား ရှင်းလင်းပြီး၊ ဒေသဦးစီးအဖွဲ့အလုပ်အမှုဆောင်ကော်မတီဝင် ဦးသိန်းဇော်မှဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ကြောင်းသိရသည်။ ထို့နောက်တက်ရောက်လာသည့် နမ့်ဆန်မြို့ရပ်မိရပ်ဖဦးစောလွင်မှ မြို့မဂိုဏ်းချုပ် ဘုန်းတော်ကြီး ကျောင်း၏ကျောင်းဆောင်နှင့် ယာဉ်ရပ်နားရာအဆောင် အနောက်ဘက်(၈၅'×၄၅') အတိုင်းအတာမြေပြိုကျနမှုအား သံကူကွန်ကရစ် မြေထိန်းနံရံပြုလုပ်ရန် ခန့်မှန်းကုန်ကျငွေကျပ်သိန်း(၁၀၈၀)အား အစိုးရအဖွဲ့မှပံ့ပိုး ကူညီဆောင်ရွက် ပေးရန်နှင့် ဇယန်းဘုန်းတော်ကြီးကျောင်း၏ ကျောင်းဆောင်နှင့်အနောက်ဘက်နေရာ(၇)နေရာ မြေပြိုကျနေမှုလုပ်ငန်း(၇)ခု မြေထိန်းပြုလုပ်ရန်အတွက် ခန့်မှန်းကုန်ကျငွေကျပ် သိန်း(၃၁၄၄)သိန်းအား ပံ့ပိုးကူညီဆောင်ရွက်ပေးရန်ပလောင်ဗဟို စာပေရုံး အဆောက်အဦ ပြန်လည်တည်ဆောက်လျှက်ရှိရာ လုပ်ငန်းဆောင်ရွက်ရန်ကျန်ရှိနေသည့် လျှပ်စစ်မီးပိုင်း ဆိုင်ရာနှင့်ဆေးသုတ်ခြင်းလုပ်ငန်းများ(၂)ခုအတွက် ခန့်မှန်းတွက်ချက်ငွေကျပ်သိန်း(၂၀၀) ပံ့ပိုးကူညီဆောင်ရွက်ပေးရန် တင်ပြဆွေးနွေးပြီး၊ လက်ဖက်အသင်းဒုတိယဥက္ကဋ္ဌဦးစိုင်းညွန့်မောင်မှ လက်ဖက်စိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နိုင်ရန်အတွက် သက်သာသောချေးငွေရရှိရေးအတွက်တင်ပြခြင်း၊ မြို့နယ်တွင် လက်ဖက် သုတေသနခြံမြေနေရာရှိရေးဆောင်ရွက်ပေးရန် လက်ဖက်စိုက်တောင်သူများပုံစံ(၇)ရရှိရေး တင်ပြခြင်း၊ တရုတ်ပြည်မှ တရားမဝင် လက်ဖက်(အချိုခြောက်/လက်ဖက်ခြောက်) ဝင်ရောက်မှုအားဥပဒေနှင့်အညီတားဆီးပေးရန် တင်ပြချက်နှင့် လုပ်ငန်းစီမံခန့်ခွဲမှုအတွက်သင်တန်းပေးရန်တင်ပြပြီး၊ မန်တုံမြို့နယ်ရပ်မိရပ်ဖ ဦးနိုင်ဝင်းထွန်းမှ မြို့နယ်အတွင်းလိုအပ်သည့် အမှတ်(၁)ရပ်ကွက်မန်တောက်ရပ်မှ မြို့မရပ်ကွက်ဆက်သွယ်သည့် လမ်းကွန်ကရစ်လမ်း(၁၂၀၀')၊ အမှတ်(၁)ရပ်ကွက် မန်ကန်နှင့်အမှတ်(၂)ရပ်ကွက် ဟိုခိုဆက်သွယ်သည့်လမ်းမြေသားလမ်း ၁/၄မိုင်တန်တီး-ဟူးလိန်ကားလမ်း မြေသားလမ်း (၉)မိုင်၊ မန်တုံ-မုံးဝီးလမ်းမကြီးမှ စေကော်-ဟူးလိန်-ပန်ကူ-နောင်ချို-ကုန်းပေါင်း ဆက်သွယ်သည့် လမ်းမြေသား(၂၀)မိုင် နမ္မတူမြို့နယ် မိုင်းဆင်ကျေးရွာမှ နားမွန်း-ပန်ကော်-မန်စော-တောနေ လမ်းမြေသားလမ်း(၁၈)မိုင် စသည့်လမ်းများ ဆောင်ရွက်ပေးနိုင်ရန် အသီးသီးတင်ပြသွားကြကြောင်းသိရသည်။

ယင်းနောက်ပြည်သူများ၏ဒေသအတွင်း လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများက ဒေသလိုအပ်ချက်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် အသီးသီး ပြန်လည်ဖြေရှင်းသွားကြကြောင်းသိရသည်။ ၎င်းနောက်နယ်စပ်ရေးရာဝန်ကြီးဌာနြ ပည်ထောင်စုဝန်ကြီးမှလှူဒါန်းသော လွယ်ဆိုင်ဘုရားနှင့်ဂန္ဓကုဋိကျောင်းတိုက် ပြုပြင်ရန်ငွေကျပ်သိန်း(၅၀၀)၊ နမ့်ဆန်မြို့နယ်ဘုရားကြီးကျေးရွာအုပ်စု၊ ဇယ်တုန်ဟုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းပြုပြင်ရန် ကျပ်သိန်း(၃၀၀)၊ လီလုကျေးရွာအုပ်စု၊ မန်ပိန်းကျေးရွာ ဘုန်းကြီးကျောင်း ပြုပြင်ရန်ငွေကျပ်သိန်း(၃၀၀)၊ နမ့်လင်းကျေးရွာအုပ်စုပန်တောင်း(အောက်)ကျေးရွာ ဘုန်းကြီးကျောင်း ပြုပြင်ရန်ငွေကျပ်သိန်း(၃၀၀)၊ အနောက်ကင်းကျေးရွာအုပ်စု၊ ဟိုနမ့်ကျေးရွာဘုနးတော်ကြီးကျောင်း ဆွမ်းစားဆောင်သစ် ဆောက်လုပ်ခြင်းအတွက်ငွေကျပ်သိန်း(၃၀၀)တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးအပ်လှူဒါန်းပေးရာ နမ့်ဆန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအေးကျော်ကလက်ခံရယူပြီး နမ့်ဆန်မြို့ တအာင်းပလောင်စာပေယဉ်ကျေးမှုအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော ငွေကျပ်သိန်း(၂၀)ကို ကချင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးမှပေးအပ်၍လည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးမှ အလှူငွေကျပ် (၁၀)သိန်းကို တအာင်းစာပေယဉ်ကျေးမှုတို့ကိုပေးအပ်ရာ စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး၊ လယ်မြေလုပ်ပိုင်ခွင့်လျှောက်လွာပုံစံ(၁)ကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ၍ နမ့်ဆန်မြို့ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ပေးအပ်သော အမှတ်တရလက်ဆောင်ပစ္စည်းများကို ဒေသဦးစီးဥက္ကဋ္ဌဦးအေးကျော်မှ ပေးအပ်ရာပြည်နယ်ဥပဒေချုပ်ဦးတင်ဦးက လက်ခံ ရယူပြီးပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကနိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသိရှိရသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံသို့သွားရောက်ကြည့်ရှု စစ်ဆေးပြီးရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ ခန္တီရာမစာသင်တိုက်နှင့် အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်တွင် ဖွင့်လှစ်ထားသောကျောက်မဲခရိုင ်အတွင်းရှိစစ်ဘေးရှောင်ပြည်သူများသီပေါ့မြို့နယ်ကျေးရွာများမှစစ်ဘေးရှောင်များကိုသွားရောက်ကြည့်ရှု အားပေးစကားပြောကြားကာအလှူ ငွေနှင့်စားစရာများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

မူဆယ်         မတ်-၅

new 783

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်ဒေသခံပြည်သူများလိုအချက်နှှင့် တွေ့ကြုံနေရသည့် အခက်အခဲများဖြေရှင်း ပေးရန်အတွက်မတ်(၅)ရက် မွန်းလွဲ(၂)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မူဆယ်ခရိုင်ကုန်သည်ကြီးများအသင်းရုံး၌ ရပ်မိရပ်ဖများဌာနဆိုင်ရာများဒေသခံပြည်သူများတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ကြောင်းသိရသည်။

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ အတူလိုက်ပါလာသည်ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများအား ဒေသခံပြည်သူများ ဌာန ဆိုင်ရာများနှင့်မိတ်ဆက်ပေးကြောင်းသိရသည်။

ထို့နောက်မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်မှ ဒေသဆိုင်အချက်အလက်များကိုရှင်းလင်းပြီး မူဆယ်မြို့မိမြို့ဖ တစ်ဦးမှပြည်သူ့စစ်ကိစ္စရပ်များ မိုင်းယုကျေးရွာမှဦးမောင်စံက စာသင်ကျောင်းများအစားထိုးရရှိခဲ့ပြီး၊ ဘောလုံးကွင်းအစားထိုး မရရှိသေးသဖြင့် အများပြည်သူအားကစားကွင်းအဖြစ် ထားရှိသင့်ကြောင်းမိုင်းယု(၁၀၅)မိုင်တွင် တိုးချဲ့ရပ်ကွက် ခွင့်ပြုပေးနိုင်ရန်နှင့် လယ်ယာမြေကိုပုံစံ(၇) ရရှိနိုင်ရန်ပြန်လည်စိစစ်ပေးနိုင်ရန် တင်ပြဆွေးနွေးသွားပြီးအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဒေါ်စမ်းစမ်းအေးမှ သချုင်္ိင်းကုန်းမြေတွင် မူးယစ်ဆေးဝါးနှင့်လက်နက်ကိုင်အဖွဲ့ နေထိုင်ရောက်ရှိနေခြင်း မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုကို လက်နက်ကိုအဖွဲ့မှ ဝင်ရောက်ပစ်ခတ်သဖြင့် ကလေး(၁)ဦးသေဆုံးရကြောင်း၊ ၎င်းအနီးရှိစာသင်ကျောင်းတွင် ခြံစည်းရိုးအခက်အခဲဖြစ်နေပါကြောင်း၊ ကျေးရွာကိုယ်စားမှတင်ပြရခြင်းဖြစ်၍ အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးရန်နှင့် နောင်တွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံပါက ကျေးရွာအုပ်ချုပ်ရေးမှူးများအားဖိတ်ခေါ် ပေးနိုင်ပါရန် ရှင်းလင်းတင်ပြသွားကြောင်းသိရသည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က မူဆယ်ဒေသခံပြည်သူများ၏ တင်ပြချက်အပေါ် ရှင်းလင်း၍ လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများမှကဏ္ဍအလိုက် ရှင်းလင်းပေးပြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိုင်ငံသားစိစစ်ရေးကဒ် များကိုကျောင်းသား/သူများအားပေးအပ်ရာ ကျောင်းသားကျောင်းသူများက လက်ခံရယူပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဗလာစအုပ်နှင့်အားကစားပစ္စည်းများကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် ပြည်နယ်လူမှုရေးဝန်ကြီးတို့မှ ပေးအပ်ရာမြို့နယ်ပညာရေးမှူ း မြို့နယ်အားကစားမှူ းတို့ကအသီးသီးလက်ခံရယူကြသည်။

၎င်းနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မူဆယ်ဒေသခံများ၊ ရပ်မိရပ်ဖများ၊ ဒေသလိုအပ်ချက်အခက်အခဲများတင်ပြချက်အပေါ်ဖြည့်စွက်ရှင်းလင်း၍နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

ကုန်းကြမ်း     မတ်-၇

new 782

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများနှင့် ကုန်းကြမ်းမြို့ရှိရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ မတ်(၇)ရက်နံနက်(၉)နာရီက မြို့နယ်ထွေ/အုပ်ရုံး၌ တွေ့ဆုံကြောင်းသိရသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကုန်းကြမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးမှ ဒေသဆိုင်အချက်အလက်များ ရှင်းလင်းတင်ပြပြီး ကုန်းကြမ်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ၂၀၁၈ခုနှစ်နောက်ပိုင်း ကုန်းကြမ်းမြို့ကို ရောက်ရှိလာသည့် အစိုးရအဖွဲ့ကို ကျေးဇူးတင်ရှိပါကြောင်း ကုန်းကြမ်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြုလုပ်ရာတွင် ခက်ခဲမှုရှိပါကြောင်း၊ ကိုးကန့်လူမျိုးများ အရောင်ဆိုးခံရမည်ကို စိုးရိမ်မိပါကြောင်း မှတ်ပုံတင်ပြုလုပ်ရာတွင် အခြားတိုင်းရင်းသားများထက် မိမိတို့ ပိုမိုခက်ခဲပါကြောင်း ကိုးကန့်ဒေသ လူမှုစီးပွားရေးနှင့် တိုင်းရင်းသားအချင်း ထိခိုက်မှုများ ဖြစ်လာနိုင်ကြောင်း တိုက်ပွဲကြောင့်ဖုန်ကန်ဒေသတွင် ပြည်သူများ၏စီးပွားရေးများ ထိခိုက်ရပါကြောင်း ဘဏ္ဍငွေနည်းပါးသောကြောင့် အခြေခံအဆောက်အဦနည်းပါးခြင်း လျှပ်စစ်မီးနှင့်ရေးမရရှိသေးသည်အတွက် ခက်ခဲပါကြောင်း လမ်းပန်း ဆက်သွယ်ရေးခက်ခဲသောကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် ထိခိုက်ပါကြောင်း ကျန်းမာရေးမကောင်းပါက လောက်ကိုင်သို့သွားရောက်ကုသနေရသဖြင့် ငွေများမလုံလောက်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကူညီ ဆောင်ရွက်ပေးနိုင်ရန်နှင့် ပညာရေးကဏ္ဍတွင်မလုံလောက်သည့်အပြင် ဆရာမအတွက် ဝန်ထမ်းအိမ်ရာ မရှိသော ကြောင့် အများပြည်သူအိမ်တွင်နေရပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကုန်းကြမ်းမြို့နယ်ပညာရေး ကဏ္ဍကို ထောက်ပံစေလိုကြောင်း ကျောင်းနေအရွယ်ကလေးများကျောင်းနေနိုင်ရေးနှင့်အလုပ်အကိုင်မရှိသေးသူ များ အလုပ်အကိုင်ရရှိနိုင်ရန် တင်ပြဆွေးနွေးသွားကြောင်းသိရသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကုန်းကြမ်းဒေသခံပြည်သူများ ဒေသလိုအပ်ချက် တင်ပြမှုကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်တို့မှပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတို့ကလုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးကြကြောင်းသိရသည်။

ယင်းနောက်ကွင်းဆင်းဆောင်ရွက်မှု အချို့ပြုလုပ်ပေးသောနိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် တို့ကပေးအပ်ရာ ကိုးကန့်တိုင်းသားများ၊ ပလောင်တိုင်းရင်းသား/သူများက လက်ခံရရာယူကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောကျောင်းသုံးဗလာစာအုပ်၊ အားကစားပစ္စည်းနှင့် ကုန်းကြမ်းရှိ ဝန်ထမ်းများအတွက်အာဟာရပြည့် စားသောက်စရာများကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူး တို့ကအသီးသီးပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

သိန္နီ           မတ် - ၅

new 785

ရှမ်းပြည်နယ်(မြောက်ပိုင်း)သိန္နီမြို့ဒေသလိုအပ်ချက်များနှင့်ဒေသဖွံ့ဖြိုးရေးအတွက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီး ပြည်နယ်ဝန်ကြီးများ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများပြည်နယ်ဥပဒေချုပ် အစိုးရအဖွဲ့အတွင်းရေးမှူး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ မတ်(၄)ရက်မွန်းတည့်(၁၂)နာရီက သိန္နီမြို့နယ် ခန်းမတွင်ရပ်မိရပ်ဖဌာနဆိုင်ရာများဒေသခံပြည်သူများတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး အတူလိုက်ပါလာသည့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများကို တက်ရောက်လာသည့်ရပ်မိရပ်ဖ ဌာနဆိုင်ရာ ဒေသခံ ပြည်သူများနှင့်မိတ်ဆက်ပေးကြောင်းသိရသည်။

ထို့နောက်သိန္နီမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးမှ ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြီး သိန္နီမြို့ အမှတ်(၃)ရပ်ကွက် နေထိုင်သူ ဦးသာလွန်မှ အမှတ်(၃)ရပ်ကွက်တွင် လမ်းများတံတားများ၊ လျှပ်စစ်မီးများဆောင်ရွက်ပေး စေလိုကြောင်းမြို့မြေကွက်များလိုအပ်သဖြင့် တိုးချဲ့ကွက်သစ်များဧက(၄၀) ချပေးစေလိုကြောင်းမြေကွက်များ ထပ်မံ ချပေးပါက သိန္နီလူထုအတွက်တိုးတက်မည်ဖြစ်ကြောင်း တင်ပြဆွေးနွေး၍လည်းကောင်း အမှတ်(၁)ရပ်ကွက် ဦးဘဝင်းမှ မြို့ကွက်များစနစ်တကျဖော်ပေးရန်နှင့် ဌာနဆိုင်ရာအဆောက်အဦများကို ခန့်ညားထယ်ဝါစွာတည်ဆောက်နိုင်ရန်အတွက် မိမိပိုင်လယ်ယာမြေကိုလှူပါကြောင်း ဆွေးနွေးတင်ပြသွားကြကြောင်းသိရသည်။

၎င်းနောက်ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အမှတ်(၃)ရပ်ကွက်၊ မြို့အကွက်သစ်တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် အကွက်သစ်ပုံစံချနေမှုနှင့် တိရစ္ဆာန်မွေးမြူရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါထိန်းချုပ် စောင့်ကြည့်ရေးဌာနတွင် နွားထားရှိမည့်နေရာသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

နောက်ထပ်သတင်းများဖတ်မည်