We have 526 guests and no members online

နမ့်ခမ်း           မတ် - ၅

new 784

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်ခရိုင်နမ့်ခမ်းမြို့ ဒေသဖွံ့ဖြိုးရေးနှင့် ဒေသအတွင်းလိုအပ်ချက်များဖြည့်ဆည်းပေး နိုင်ရန် မတ်(၅)ရက် နံနက်(၉)နာရီ၁၅မိနစ်က ကျားဖြူခန်းမတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီး များ နှင့်တာဝန်ရှိသူများတွေ့ဆုံကြကြောင်းသိရသည်။

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားရာ ယခုလိုနမ့်ခမ်းမြို့ကိုလာရောက်ခြင်းမှာ ဒေသအတွင်းပြည်သူများလိုအပ်လျက်ရှိသော လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ပေး နိုင်ရန် ရောက်ရှိလာရခြင်းဖြစ်ကြောင်းပြောကြားသွားသည်။

ထို့နောက်နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းဦးမှဒေသဆိုင်ရာ အချက်အလက်များရှင်းလင်းဆွေးနွေးပြီး ရပ်မိရပ်ဖတစ်ဦးဖြစ်သူဦးစိုင်းအောင်လွင်မှ နမ့်ခမ်းနှင့်ရွှေလီတံတားကိုကွန်ဂရစ်တံတားအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးနိုင် ရန်နှင့်ပြည်သူများကျန်းမာရေးထိခိုက်မှုမရှိစေရေးအတွက် လမ်းများပျက်စီးဖုန်ထခြင်းကြောင့် လမ်းကောင်းမွန်ရေးအတွက် အမြန်ဆုံးဆောင်ပေးရန်တင်ပြဆွေးနွေးပြီး ဦးစိုင်းပေါ့မှ နမ့်ခမ်းမြို့နှင်ရွှေလီမြစ်ကူတံတားသည် တစ်ဘက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့်ဆက်သွယ်ထားကြောင့် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန်တင်ပြ၍လည်းကောင်း၊ မြို့မိမြို့ဖဦးမန်းရင်မှ နမ့်ခမ်းမြို့ လမ်းမကြီးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ယခုအခါပြည်ထောင်စုလမ်းမကြီးသည် မြို့ကျက်သရေဆောင် ဖြစ်သောကြောင့် လမ်းကျဉ်းနေသဖြင့် ကျန်ရှိသည့်(၂)လမ်းသွားကို(၄)လမ်းသွားအဖြစ် ဆောင်ရွက်ပေးစေလိုကြောင်း နမ့်ခမ်းရှမ်းစာပေယဉ်ကျေးမှုဥက္ကဋ္ဌဦးကျော်သန်းမှ တင်ပြဆွေးနွေးရာ ကြံများတစ်ဘက်နိုင်ငံသို့တင်ပို့နေရသည့်အတွက် အခက်အခဲရှိပါသဖြင့် ကုန်ကျမှုစရိတ်များသောကြောင့် သကြားစက်ရုံတည်ထောင်ပေးနိုင်ရန်နှင့် ပြည်သူများ စိုက်ပျိုးရေး မွေးမြူရေးအဆင်ပြေစေရန်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးစိုင်းထွန်းအောင်မှ ပညာရေး၊ ကျန်းမာရေးနှင့်အားကစားကိစ္စရပ်များ တင်ပြရာ(၂)ထပ်ကျောင်းဆောင်နှင့် ထိုင်ခုံစာရေးခုံ များလိုအပ်လျက်ရှိကြောင်း၊ နမ့်ခမ်းမြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းတင်ဦးမှ အဆောက်အဦများ အထပ်မြင့် တည်ဆောက်ရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် လာရောက်စာတင်ရသည်မှာ ကြန့်ကြာမှုရှိသဖြင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်သက်ဆိုင်ရာဌာနများတွင် ထားရှိဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးတင်ပြ သွားကြသည်။

ယင်းနောက်ဒေသခံပြည်သူများ၏ လိုအပ်ချက်တင်ပြမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများက ပြန်လည်ဖြေရှင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် မှနိုင်ငံသားစိစစ်ရေးကဒ်ပြားများကို တိုင်းရင်းသူလေးများအား ပေးအပ်ပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောဗလာစာအုပ် အားကစားပစ္စည်းများကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီးတို့က ပေးအပ်ရာ မြို့နယ်ပညာရေးမှူ းကလက်ခံရယူကြသည်။

၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုလိုနမ့်ခမ်းမြို့ရှိရပ်မိရပ်ဖနှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက် များကိုပွင့်လင်းမြင်သာစွာဖြင့်တင်ပြသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က သိရှိရသဖြင့် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် နောင်များတွင်လည်း အစိုးရအဖွဲ့မှလုပ်ငန်းကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်စကားတွင်ပြေကြားသွားကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

နမ္မတူ မတ် - ၃

new 788

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် တာဝန် ရှိသူများနှင့်အတူ မတ်လ(၂)ရက်နေ့ ညနေ(၃)နာရီအချိန်ကကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ခန်းမတွင် ဒေသ ဖွံ့ဖြိုးရေး အတွက်ပြည်သူများနှင့်တွေ့ဆုံကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကအဖွင့်အမှာစကား ပြောကြားပြီးပြည်နယ်ဝန်ကြီးများနှင့်ဒေသခံပြည်သူများကိုမိတ်ဆက်ပေးသည်။ ထို့နောက် နမ္မတူမြို့နယ် အုပ်ချုပ်ရေးမှူးဦးသိန်းစိန်ကဒေသဆိုင်ရာအချက်အလက်များရှင်းလင်းပြီးမြို့မိမြို့ဖဦးသန်းလွင်မှ သတ္တုတွင်း ကိစ္စရပ်များ၊ ကျူးကျော်မြေကိစ္စများ၊ အသင်းအဖွဲ့အတွက်မြေရရှိရန်နှင့်ကွန်ကရစ်တံတား(၂)စင်းကိုအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားဆွေးနွေးပြီး၊ ဘော်တွင်းသတ္တုတွင်းတာဝန်ခံ ဦးမြင့်ဦးမှဆက်သွယ်ရေးကိစ္စရပ်များ၊ မြေကွက်ကိစ္စများ၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ လူမှုဖူလုံရေး အသင်းဝင်ကိစ္စရပ်များနှင့် ထပ်ဆင့်လွှင့်တာဝါတိုင် တည်ဆောက်ပေးနိုင်ရန်ကိစ္စရပ်များကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

ဆက်လက်၍ပြည်သူများ၏လိုအပ်ချက်များတင်ပြဆွေးနွေးမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ဖြေရှင်းဖြည့်ဆည်းပြောကြားပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ စာသင်ကျောင်းများအတွက် ဗလာစာအုပ်၊ အားကစားပစ္စည်းများ၊ ကျောင်းအတွက်အမှိုက်ပုံးများကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းလူမျိုးရေးရာဝန်ကြီးတို့ကပေးအပ်ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ တို့ကလက်ခံရယူကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် နမ္မတူမြို့နယ်တွင်ဖွင့်လှစ်ထားသော စစ်ဘေးရှောင် ပြည်သူများအားသွားရောက်အားပေးစကား ပြောကြားကာကျောက်မဲခရိုင် နမ္မတူမြို့နယ်(သီပေါ-မန်စံ-နမ္မတူလမ်း) တံတားတည်ဆောက်နေမှုနှင့်နမ္မတူသတ္တုတွင်းသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်ပြန်/ဆက်

လားရှိုး မတ်  - ၄

new 786

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် မတ်လ (၄)ရက် မင်္ဂလာအချိန် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး ရုံးသစ်ဖွင့်ပွဲအား တက်ရောက်၍ အသင်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

အသင်းရုံးဆိုင်းဘုတ်အား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ မြန်မာနိုင်ငံကုန်သည် စက်မှုအသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်စက်မှုလက်မှုအသင်းဥက္ကဌ ဦးစိုင်းဘိုဘို တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အသင်းရုံးသစ်၏ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာ၊ အောင်သပြေတို့ဖြင့်ပက်ဖြန်းမင်္ဂလာပြုပေးကြသည်။ အသင်းရုံးဖွင့်ပွဲအခမ်းအနားကိုအသင်းရုံးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံစက်မှုအသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်းက ထပ်ဆင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်စက်မှုလက်မှုအသင်းဥက္ကဌ ဦးစိုင်းဘိုဘိုက အသင်းရုံးဖွင့်လှစ် နိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အသင်းရုံးသစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်ချက်များအားဖြည့်ဆည်းမှာကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်ပြန်/ဆက်

တန့်ယန်း       မတ်- ၃

new 787

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မတ်(၃)ရက် နံနက်(၉)နာရီခွဲကတန့်ယန်းမြို့နယ်ခန်းမတွင်ဒေသဖွံ့ဖြိုရေးအတွက်ပြည်သူများဌာနဆိုင်ရာများရပ်မိရပ်ဖများနှင့်တွေ့ဆုံကြောင်းသိရသည်။

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ ရပ်မိရပ်ဖ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်မိတ်ဆက်ပေးသည်။ ထို့နောက် တန့်ယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးမှ ဒေသဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြပြီး မြို့နယ်စည်ပင် သာယာရေးကော်မတီဦးနေစိုးမှ သုသန်မြေကိစ္စရပ်များမြို့အင်္ဂါရပ်နှင့်မညီသောကြောင့် မြို့အတွက်အကျိုးရှိစေနိုင်ရန် အကောင်အထည်ဖော်နိုင်ပေးရန်အတွက်စျေးဟောင်းကိုသုသန်တွင်စည်ပင်သာယာစျေးအဖြစ်ထားရှိပေးရန်နှင့်တန့်ယန်းမြို့တွင်ယာဉ်ရပ်နားစခန်းများကို မြို့အထွက်ဘက်၌ အမြန်ဆုံးအကောင်အထည်ဖော်ပေးစေလိုကြောင်း နွေရာသီရောက်ရှိ လာပါသဖြင့်တန့်ယန်းမြို့တွင်းရေရရှိရေးအတွက်တင်ပြဆွေးနွေးပြီးရပ်ကွက်(၂)နေထိုင်သူဦးသန်းတင်မှရပ်ကွက်(၂)အတွင်းနေထိုင်လျက်ရှိသော ပြည်သူများအတွက် (၁၀၅)ပုံစံရရှိရေးကိစ္စရပ်များ တင်ပြဆွေးနွေးခြင်း ဦးသန်းရွှေမှ အခွန် တိုးကောက်ရခြင်းနှင့်ပက်သတ်၍ သိရှိလိုကြောင်းပေ၃၀×၄၀RC နှစ်ထပ်ဆောင်ဆောက်ပါက အခွန်မည်မျှကောက်ခံ သွားမည်ကို သိရှိလိုကြောင်းရပ်ကွက်(၃) ဦးမောင်ငွေမှတောင်သူလယ်သမားများ လိုအပ်လျက်ရှိသော မြေစာရင်း (၁၀၅) အိမ်ဂရန်များရှိလိုကြောင်းစိုက်ပျိုးတောင်သူများမှလယ်ယာမြေပုံစံ(၇)ရရှိရေးအတွက်ဆောင်ရွက်ပေးရန်နှင့်စွန့်လွှတ်မြေများတောင်သူလက်ဝယ်ရရှိနိုင်ရန်ကွင်းဆင်းဆောင်ရွက်ပေးစေလိုကြောင်းဦးစိုင်းမျိုးအောင်မှဒေသဖွံ့ဖြိုးရေးအတွက်ဒေသစီးပွားရေးလုပ်ငန်းများကိုတင်ဒါထည့်သွင်းစဉ်းစားပေးရန်နှင့် အစိုးရအဖွဲ့မှကူညီစောင့်ရှောက်ပေးရန် မြို့နယ်အခြေခံကျောင်းများမှ မြေယာကိစ္စရပ်များရဆိုင်နေရပါကြောင်း (၃)ထပ်သို့မဟုတ်(၄)ထပ်ဆောင်ဆောက်လုပ်ခွင့်ပြုနိုင်ရန်နှင့် စားသောက်ကုန် ကိစ္စရပ်များကြီးကြပ်ဆောင်ရွက်ပေးနိုင်ရန်တင်ပြဆွေးနွေးသွားကြသည်။

၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်ဝန်ကြီးများ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသခံပြည်သူများလိုအပ်ချက်များကို ကဏ္ဍအလိုက်ဖြေရှင်းဆောင်ရွက်ပေးကြောင်းသိရသည်။ ယင်းနောက်ရှမ်းပြည်နယ် အစိုးရအဖွဲ့မှဗလာစာအုပ်အားကစားပစ္စည်းနှင့် အလှူငွေများတို့ကိုပြည်နယ်လူမှုရေးဝန်ကြီးနှင့် ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးတို့က ပေးအပ်ရာသက်ဆိုင်ရာ တာဝန်ရှိသူများကအသီးသီးလက်ခံရယူကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဒေသခံပြည်သူများ၏လိုအပ်ချက်များကို အစိုးရရန်ပုံငွေထဲမှဘတ်ဂျတ်နှစ်အလိုက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနိဂုံးချုပ်စကား၌ပြောကြားသွားသိရသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် တန့်ယန်းမြို့အထွက် ဘိန်းအစားသီးနှံစိုက်ပျိုးရေး Mothers Love လက်ဘက်စိုက်ပျိုး ရေးခြံသို့သွားရောက်လေ့လာ ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်ပြန်/ဆက်

တောင်ကြီး မတ် - ၁

new 793

ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးဖွင့်လှစ်ပွဲကို မတ်လ ၁ ရက် နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး(ဟောင်း)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်ထောင်စုလွှတ်တော်က ဥပဒေ ဆိုင်ရာအထောက်အကူပေးရေးဥပဒေကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေး နည်းဥပဒေကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ (၂၉)ရက် တွင်လည်းကောင်း ပြဌာန်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ တဆက်တည်းတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ (၁၅)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်ကို ဆက်လက် ဖွဲ့စည်းလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်တွင် ပြည်နယ်နှင့် မြို့နယ် (၂၇)ခုတွင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး ကျန်မြို့နယ်များအား ဖွဲ့စည်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေမှာ ရည်ရွယ်ချက်(၇)ချက်၊ အခြေခံမူ (၉)ချက် ပြဌာန်းထားသည်ကို လေ့လာတွေ့ရှိရပြီး အဓိကမှာ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူများ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ ရရှိစေရန်၊ ဥပဒေ၏ အကာအကွယ်ရရှိစေရန်၊ အမှန်တရားနှင့် လက်လှမ်းမီစေရန်၊ ဥပဒေအရာမှာသာ တူညီမျှတစေရန်၊ နိုင်ငံတော်ကဖော်ဆောင်နေသည့် တရားဥပဒေစိုးမိုးရေး၊ Rule of Law အတွက် ဖြစ်သည်ကို နားလည်သိရှိစေရန်၊ နိုင်ငံတော်သမ္မတကြီးမှ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် တရားဥပဒေစိုးမိုးရေးစင်တာသည် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပြီး ဘက်မလိုက်သည့် လွတ်လပ်သော တရားမျှတမှုနှင့် ဆင်ခြင်တုံတရားကို ချိန်ခွင်လျှာထိန်းညှိနိုင်သည့် တရားစီရင်ရေးမဏ္ဍိုင်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဥပဒေ၏ရှေ့မှောက်တွင် အားလုံးအညီအမျှဖြစ်ရေး၊ ဥပဒေနှင့်အညီဆောင်ရွက်ရေးတို့ကို ဆောက်ရွက်ကြရန် တိုင်းဒေသကြီး/ ပြည်နယ်များကို မကြာခဏမှာကြား သည်ကို အလေးအနက်ထားသတိပြုကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ပြည်ထောင်စုဥပဒေ ဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌကိုယ်စား အတွင်းရေးမှူး ဦးခင်ဇော်တို့က အသီးသီး အမှာစကား ပြောကြားကြပြီး၊ ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ရုံးဆိုင်းဘုတ်အား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌကိုယ်စား အတွင်းရေးမှူး ဦးခင်ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များကို ရှမ်းပြည်နယ် ဥပဒေချုပ် ဦးတင်ဦးနှင့် ရှမ်းပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဌ ဦးရဲနိုင်အောင် တို့ကပက်ဖျန်းပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်ပြန်/ဆက်

09250132943

နောက်ထပ်သတင်းများဖတ်မည်