We have 67 guests and no members online

တောင်ကြီး ဇန်နဝါရီ-၂၅

7
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးမြို့ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာနတွင် အသုံးပြုရန်ပစ္စည်းများ ဝယ်ယူရန်နှင့်Covid-19ရောဂါ ကာကွယ်ကုသရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးသို့သွားရောက်တာ ဝန်ထမ်းဆောင်ခဲ့ကြသည့်သူနာပြု ဆရာမများအားထောက်ပံ့ငွေပေး အပ်ခြင်းကို ဇန်နဝါရီ(၂၅)ရက်နံနက် (၁၁)နာရီခွဲက တောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရရုံးအစည်း အဝေးခန်းမ၌ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် သူနာပြု ဆရာမများအားထောက်ပံ့ငွေကျပ် (၆၈)သိန်း၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာ ဌာနတွင် အသုံးပြုရန်၊ ပစ္စည်းများဝယ်ယူရန်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း(၆)သောင်းတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ ရှမ်းပြည်နယ်ကုသရေးနှင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သူဇာချစ်တင်မှလက်ခံရယူကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943