We have 287 guests and no members online

တောင်ကြီး ဇန်နဝါရီ-၂၆

8

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ဇန်နဝါရီ (၂၆)ရက် နံနက်(၁၀)နာရီက (၇၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက(၇၄)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ပြီးခဲ့သည်လွတ်လပ်ရေးနေ့အခမ်း အနားအတိုင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ Covid-19 ရောဂါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အညီကျင်းပသွားမည် ဖြစ်ပြီးဖွဲ့စည်းထားသည့်ကော်မတီ များကလည်းလိုအပ်သည်များရှိပါက ဝိုင်းဝန်းဆွေးနွေး ပေးကြရန်နှင့် အခမ်းအနားကိုအဝေရာကုန်းသာယာ မီးပုံပျံးကွင်း၌ကျင်းပသွားမည်ဖြစ် ကြောင်းပြောကြားသွားသည်။
ဆက်လက်၍ကော်မတီများဖြစ်ကြသည့် စစ်ရေးပြလုပ်ငန်းကော်မတီနှင့် လုံခြုံရေးနှင့်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်းနှင့်ပြန် ကြားရေး လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်း ကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မ တီတို့မှအသီးသီးဆွေနွေးတင်ပြကြပြီး အထွေထွေဆွေးနွေး ကြကာ လာမည့်ဖေဖော်ဝါရီလ(၇)က်နေ့တွင်ကျင်းပမည့် ရှမ်းပြည်နယ်နေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အတွက်အပြီးသတ်ပြန်လည်ဆွေးနွေးကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးနေလင်းမှ Covid-19 ရောဂါ စည်းကမ်းချက်နှင့်အညီအခမ်းအနားကိုလူ(၃၀)ထက်မပိုဘဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြို့တော်ခန်းမတွင် ကျင်းမည်ဖြစ်၍ အဝင်မုဒ်များပြုလုပ်ရန် သတင်းမီဒီယာအဖွဲ့များအတွက် မီဒီယာကော်နာထားရှိပေးရန် ခန်းမအဝင်တွင်ကျန်းမာရေးဌာနမှ အပူချိန်တိုင်းသာမိုမီတာဖြင့် အပူချိန်တိုင်းတာပေးရန် ဆွေးနွေးပြောကြားသွားပြီး အထွေထွေဆွေး နွေးကြကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943