We have 66 guests and no members online


တောင်ကြီး ဇန်နဝါရီ - ၁၅

4
Corona Virus Disease 2019(COVID-19) ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထံသို့ ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၁၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ International Kawnghka Area Development Company Limited နှင့် ဦးဘရန်မိုင် ဆဲဗင်းဟွာကျင့် အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်မှ လာရောက်လှူဒါန်း‌ကြောင်း သိရသည်။
အဆိုပါ Covid-19 ရောဂါကာကွယ်ဆေးဝယ်ယူရန်အတွက် International Kawnghka Area Development Company Limited မှ အလှူငွေကျပ်သိန်း(၁၀၀)၊ ဦးဘရန်မိုင် ဆဲဗင်းဟွာကျင့် အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်မှ အလှူငွေကျပ်သိန်း(၃၀၀) ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများမှ အလှူငွေများအားလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943