Articles

ပဉ္စမအကြိမ်မြောက် စည်ပင်သာယာရေးအဖွဲ့များအတွက် ကောင်းမွန်သော အလေ့အထများမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ   −   ၂၄

41

Asia Foundation နှင့် Renaissance Institute တို့ပူးပေါင်း၍ ပဉ္စမအကြိမ်မြောက် စည်ပင်သာယာရေးအဖွဲ့များ အတွက်ကောင်းမွန်သော အလေ့အထများမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၂၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ Royal Taunggyi Hotel ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စည်ပင်သာယာရေးမိသားစု၏ အကြီးအကဲများကို တစ်နေရာတည်း၊ တစ်စုတစ်စည်း တည်းတွေ့ရှိရသည့်အတွက် ကြည်နူးဝမ်းသာမိပါကြောင်း၊ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြောင်းလဲ ဖြစ်ပေါ်လာသော နိုင်ငံရေးစနစ်အရ စည်ပင်သာယာရေးအဖွဲ့သည် ဒေသန္တရလုပ်ပိုင်ခွင့် အပြည့်အဝရရှိထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံရေးအပြောင်းအလဲ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း အကျိုး ကျေးဇူးများကို စည်ပင်သာယာရေးအဖွဲ့က လက်တွေ့ခံစားရမည်ဖြစ်ကြောင်း၊ ပြည်သူတွေအတွက် ပိုမိုကောင်းမွန်သော မြို့ပြ ဝန်ဆောင်မှုလုပ်ငန်းများ ဖြည့်ဆည်းပေးရန် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အခွင့်အရေးကို အမိအရအသုံးချနိုင်ရန် အရေးကြီး ပါကြောင်း၊ မြို့ပြဖွံ့ဖြိုးမှုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ဖော်ညွှန်းနိုင်သည့်နည်းတူ မြို့ပြစနစ် အားကောင်းလာ နိုင်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်ပေါ်တွင် မူတည်နေပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုမှ အပ်နှင်းလိုက်သည့် ဒေသန္တရလုပ်ပိုင်ခွင့်အာဏာကို အကောင်းဆုံး ချိန်ညှိကိုင်တွယ်ပြီး ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိသော စည်ပင်သာယာရေး အုပ်ချုပ်မှုစနစ်တစ်ခုကို ဖန်တီးပုံဖော်ပေးကြရန် တိုက်တွန်း ပြောကြားသွားပြီး၊ (၃)ရက်တာကျင်းပပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတွင် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ သင်ယူ ရရှိမှုများနှင့် အနာဂတ်အခွင့်အလမ်းများကို အချင်းချင်းမျှဝေပြီး သင်ခန်းစာများ ဖော်ထုတ်ပေးကြရန်နှင့် နိုင်ငံအတွင်းဖြစ်ပေါ် နေသော မြို့ပြစီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်သူများကိုတင်ပြနိုင်ရေး ဆွေးနွေးဆောင်ရွက်ပေးကြ ရန်ပြောကြားသွားသည်။

ဆက်လက်၍ Renaissance Institute မှဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာအောင်ကိုကိုမှ ကြိုဆိုနှုတ်ခွန်းဆက်စကား  ပြောကြားပြီး Asia Foundation အစီအစဉ်မန်နေဂျာ ပီတာရိတ်စ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ စတုတ္ထအကြိမ် အလုပ်ရုံဆွေးနွေးပွဲကိုပြန်လည်ခြုံငုံသုံးသတ်ပြီး၊ အဆိုပါအခမ်းအနားသို့ ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၄)ခုနှင့် နေပြည်တော်မှ မြို့တော်ဝန်များ၊ စည်ပင်သာယာရေးဝန်ကြီးများ၊ ပြည်နယ်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များမှ ညွှန်ကြားရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိများ တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများပေးအပ်

တောင်ကြီး ဖေဖော်ဝါရီ   −   ၂၄

40

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများသို့ ၂၀၁၉−၂၀၂၀ခု ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ(၂၄)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယနေ့ကျင်းပသောအခမ်းအနားသည် အခြားသော အခမ်းအနားများနှင့်မတူကွဲပြားပြီး တစ်မူထူးခြားချက်များရှိသည့်အပြင် လူသာဓု၊ နတ်သာဓု ခေါ်ရမည့် အခမ်းအနားမျိုးဖြစ်သည့် အပြင် အင်မတန်မွန်မြတ်လှသော စေတနာ့ဝန်ထမ်း လူမှုရေးအဖွဲ့အစည်းများကို နိုင်ငံတော်အစိုးရ၏ကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ထောက်ပံ့ချီးမြှင့်မှုဖြစ်သည့် အခမ်းအနားဖြစ်သောကြောင့် ရှေးဦးစွာပြောကြားလိုကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ ၏အားတစ်ခုတည်းဖြင့် ဆောင်ရွက်မရနိုင်သလို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအပါအဝင် တက်ရောက်လာသော လူမှုဝန်ထမ်း၊ စေတနာ့ဝန်ထမ်းသမားများအပြင် ပြည်သူတစ်ရပ်လုံးကပါ လူမှုဝန်ထမ်းအသိစိတ်ဓာတ် မြင့်မြင့်မားမားနှင့်အတူ တကွပူးပေါင်းပါဝင်ကြရန်တိုက်တွန်းလိုကြောင်း၊ ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (၅၄၅၈.၆)သိန်း ထောက်ပံ့ပေးနိုင်ခဲ့ပြီး (၂၀၁၉−၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် (၆၆၂၃.၈၂)သိန်း ထောက်ပံ့ပေးမည်ဖြစ်ပြီး၊ ယခင်နှစ်ထက် ကျပ်သိန်းပေါင်း(၁၁၆၅.၂၂)ခန့် ပိုမိုပြီး တိုးမြှင့်ထောက်ပံ့ပေးနိုင်မည် ဖြစ်သောကြောင့် ရှမ်းပြည်နယ်အစိုးရအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနကို အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားသွားသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ (၂၀၁၉−၂၀၂၀) ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ်သိန်း(၆၆၂၃.၈၂)သိန်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးဦးထွန်းဦးကပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူပြီး၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီး ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးနာယက ဒေါ်နန်းရွှေမြင့်၊ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းစစ်ဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ တောင်ကြီးမြို့နယ် ဓမ္မဝိဒူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၃၈၀.၇၃)သိန်းနှင့် ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၁၂၆.၄၂)သိန်း၊ အေးသာယာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၂၄၈.၄၃)သိန်းနှင့် ဒေါ်ကြီးဒေါ်ငယ် လူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာသို့ (၁၄၁.၁၂)သိန်း၊ တောင်ကြီးမြို့နယ် သူငယ်တော်ယေဇူးမသန်စွမ်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၂၅၇.၂၅)သိန်းနှင့် အမျိုးသမီးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၅၂.၉၂)သိန်း၊ ဟမ်းဆီးလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ ထောက်ပံ့ငွေ(၁၄၄.၀၆)သိန်းနှင့် ရှမ်းရိုးမဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေ(၃၈.၂၂)သိန်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များတွင် ဖွင့်လှစ်ထားသော မူကြိုကျောင်းပေါင်း(၃၃)ကျောင်းအတွက် ထောက်ပံ့ငွေ(၃၁၆.၈)သိန်း ပေးအပ်ခြင်းနှင့် သင်ထောက်ကူပစ္စည်းဝယ်ယူရန်အတွက် (၃၃)သိန်းအသီးသီးပေးအပ်ခဲ့ကြပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များသို့တောင်ကြီးမြို့နယ် Open Door လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၂၄.၈၄)သိန်း၊ တောင်ကြီးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများသို့ သင်ထောက်ကူပစ္စည်း ဝယ်ယူရန်အတွက် ထောက်ပံ့ငွေ(၈၃)သိန်း၊ ဖယ်ခုံမြို့နယ် လအိလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၂၄၄.၆၈)သိန်းနှင့် လပင်နွဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၉၄.၀၈)သိန်း၊ ဖယ်ခုံမြို့နယ် စလင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၃၈.၈၄)သိန်းနှင့် ဆိုင်ခွန်တောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့  ထောက်ပံ့ငွေ(၉၆.၂၁)သိန်း၊ ဖယ်ခုံမြို့နယ် နတ်တောလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၉၉.၁၅)သိန်းနှင့် ဘီကင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၉၇.၀၂)သိန်း၊ ဖယ်ခုံမြို့နယ် လကျီနွဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၁၆.၇၉)သိန်းနှင့် ဇီးဖြူတောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၆၆.၁၅)သိန်း၊ ဖယ်ခုံမြို့နယ် သံတာထရေးဇာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၄၇.၅၂)သိန်းနှင့် ရွှေညောင်မြို့နယ် စိတ္တသုခ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၇၃.၄၄)သိန်း၊ ညောင်ရွှေမြို့နယ် မိုင်းသောက်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၄၉.၁၃)သိန်းနှင့် ဇေယျသုခ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၇၄.၁၂)သိန်း၊ ပင်လောင်းမြို့နယ် နန်းဟူးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ထောက်ပံ့ငွေ(၁၂၅.၆၁)သိန်းနှင့် ထီနားကောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၅၇.၉၉)သိန်း၊ ကလောမြို့နယ် ပစ္ဆိမာရုံ(အောင်ပန်း) လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၆၂.၃၆)သိန်းနှင့် ရပ်စောက်မြို့နယ် သုခကာရီဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေ(၆.၄၈) သိန်း၊ ပင်းတယမြို့နယ် ဓနုမြေဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေ(၁၄.၀၄)သိန်း၊ လွိုင်လင်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၄)ကျောင်းသို့ ထောက်ပံ့ငွေ(၁၃၄.၄)သိန်းနှင့် သင်ထောက်ကူပစ္စည်းဝယ်ယူရန်အတွက် ထောက်ပံ့ငွေ(၁၄) သိန်း၊ လင်းခေးခရိုင်အတွင်းရှိ လင်းခေးမြို့နယ်၊ မကျိုင်းမွန်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၅၉.၄၂)သိန်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၅)ကျောင်းသို့ ထောက်ပံ့ငွေ(၄၈)သိန်း ပေးအပ်ခြင်းနှင့် သင်ထောက်ကူပစ္စည်း ဝယ်ယူ ရန်အတွက် ထောက်ပံ့ငွေ(၅)သိန်း၊ ကျိုင်းတုံခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၄၂.၇၃)သိန်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၁)ကျောင်းသို့ ထောက်ပံ့ငွေ(၁၁၆.၆)သိန်း၊ တာချီလိတ်ခရိုင်အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၄၆၆.၅၆)သိန်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၂၁)ကျောင်းသို့ ထောက်ပံ့ငွေ(၂၂၂.၆)သိန်း၊ လားရှိုးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၄၇၇.၆၀)သိန်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၃၇)ကျောင်းသို့ ထောက်ပံ့ငွေ(၃၉၂.၂)သိန်း၊ ကျောက်မဲခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၁၁၇.၉၉)သိန်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၅)ကျောင်းသို့ ထောက်ပံ့ငွေ(၅၃) သိန်း၊ မူဆယ်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၂၅၅.၇၈)သိန်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း(၂)ကျောင်းသို့ ထောက်ပံ့ငွေ(၂၁.၂)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တက်ရောက်လာသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ တောင်ကြီးမြို့ ရှမ်းရိုးမဘိုးဘွားရိပ်သာ ရိပ်သာကြီးကြပ်ရေးကော်မတီဝင် ဒုတိယ ဥက္ကဋ္ဌဦးစိုင်းမြင့်ဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၄၄၅၇.၅၆)သိန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကို (၁၃၁၇.၇၇)သိန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကို (၈၄၈.၄၉)သိန်း၊ ထောက်ပံ့ခွင့်ပြုရန်ပုံငွေစုစုပေါင်းမှာ(၆၆၂၃.၈၂)သိန်းဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

(၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ကျင်းပ

ညောင်ရွှေ ဖေဖော်ဝါရီ   -   ၂၅

39

၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ(၂၅)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ကျားတွန် ကျေးရွာတွင် (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ ကျင်းပကြောင်းသိရသည်။

(၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့မုဒ်ဦးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုဗဟိုအဖွဲ့မှ ဥက္ကဋ္ဌဦးသောင်းရွှေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

အခမ်းအနားတွင် နိုင်ငံတော်အလံနှင့် တောင်ရိုးတိုင်းရင်းသားအလံများကို ဦးစွာအလေးပြုကြပြီး တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့မှ ရိုးရာအကများဖြစ်သော ဘော်နင်း(ရိုးရာ)မောင်းဆိုင်း ယဉ်ကျေးမှုအကမှဖျော်ဖြေခြင်း၊ နန်းမှန်မြင်းက ယဉ်ကျေးမှုအကအဖွဲ့မှ ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေအနုသုခုမအပါအဝင် မိမိတို့လူမျိုး၏ သမိုင်းအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာ တောင်ရိုးတိုင်းရင်းသားများအနေဖြင့် မိမိတို့လူမျိုး၏ ရိုးရာလေ့ထုံးတမ်းနှင့် သမိုင်းအမွေအနှစ် တို့ကိုထိန်းသိမ်းစောင့်ရှောက်ပြီး၊ စည်းလုံးညီညွတ်မှုကိုပါ ဖော်ဆောင်ရာရောက်သည့် (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ နှင့်တောင်ရိုးတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုစုံညီပွဲတော်ကို ကျင်းပနိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ တောင်ရိုးမျိုးနွယ်စု တိုင်းရင်းသားများသည် သမိုင်းသုတေသီတို့ အဆိုအရ ရှေးမြန်မာအနွယ် (Proto Burmese) များကဲ့သို့ပင် တိဘက်မြန်မာအုပ်စု အပါအဝင်ဖြစ်ကြောင်းနှင့် ရခိုင်၊ မြန်မာ၊ ဓနု၊ တောင်ရိုး၊ အင်းသား အစရှိသည့် လူမျိုးစုများဖြစ်လာကြမည့် ရှေးမြန်မာအနွယ်များမှာ မေခ-မလိခမှ ဧရာဝတီမြစ်ကြောင်းကိုစုန်၍ ဆင်းသက်လာပြီး ၎င်းဒေသတွင် အခြေစိုက်ကာ မြန်မာ ဖြစ်လာကြပြီး အချို့မှာဇော်ဂျီပန်းလောင်မြစ်အတိုင်း အရှေ့သို့တက်၍ ဓနု၊ တောင်ရိုး၊ အင်းသားစသည်တို့ဖြစ်လာကြပြီး အချို့မှာ ရခိုင်ရိုးမကိုကျော်ဖြတ်ကာ အခြေစိုက်၍ ရခိုင်လူမျိုးများဖြစ်လာကြကြောင်းနှင့် ရခိုင်အစတောင်ရိုးမှ ဟူသောယူဆချက်ရှိလာ ခဲ့ကြောင်း၊ မိမိတို့ရှမ်းပြည်နယ်ကြီး ငြိမ်းချမ်းသာယာဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မှု၊ တိုင်းရင်းသားညီအစ်ကိုများအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ရရှိခံစားနိုင်ရန် ဆောင်ရွက်ရာ တွင်ယနေ့တက်ရောက်လာကြသည့် တောင်ရိုးတိုင်းရင်းသားညီအစ်ကိုမောင်နှမများအပါအဝင် ရှမ်းပြည်နယ်သူ၊ ရှမ်းပြည်နယ်သား များအားလုံးပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်မှုများ အထူးပင်အရေးကြီးလှပါကြောင်းပြောကြားသွားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ပွဲတော်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောအလှူငွေကျပ်(၆)သိန်းကိုပေးအပ်ရာ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုဗဟိုအသင်းအဖွဲ့မှ ဥက္ကဌဦးသောင်းရွှေကလက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဦးစဝ်အောင်မြတ်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့က အမှာစကားပြောကြားကြပြီး၊ (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးနေ့ပွဲတော်အခမ်းအနားသို့ တိုင်းရင်းသားများရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်ထံမှ ပေးပို့သောသဝဏ်လွှာကို ညွှန်ကြားရေးမှူးချုပ်မှ ဖတ်ကြားပြီး အလှူငွေများပေးအပ်ကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာဇော်အေးမောင်၏ သဝဏ်လွှာအား မြန်မာနိုင်ငံလုံးဆိုင်ရာ ရခိုင်လူမှုကွန်ယက်အဖွဲ့အစည်းမှ    အတွင်းရေးမှူးဦးစိန်အောင်မှဖတ်ကြားပြီး၊ တောင်ရိုးစာပေယဉ်ကျေးမှုဗဟိုအဖွဲ့ ဥက္ကဌဦးသောင်းရွှေမှအမှာစကားပြောကြားပြီး (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဌ ဦးအောင်ဆန်းမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး အလှူရှင်များမှအလှူငွေများပေးအပ်လှူဒါန်းကြကာ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ရိုးစာပေယဉ်ကျေးမှုမှ ပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

လူထုဗဟိုပြုစီမံကိန်းကိုရှမ်းပြည်နယ် အတွင်းရှိမြို့နယ်(၁)မြို့နယ်တွင်ထပ်မံတိုးချဲ့အကောင်အထည်ဖော်နိုင်ရေး မြို့နယ်ရွေးချယ်

တောင်ကြီး ဖေဖော်ဝါရီ-၂၂

37

စိုက်ပျိုးရေးမွှေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၁)မြို့နယ်တွင် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ်ရွေးချယ်ရေးအကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ဖေဖော် ဝါရီ(၂၂)ရက် နံနက် (၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်အားဖြည့်ပေးသည့်အနေဖြင့် ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်မှစတင်၍ ကမ္ဘာ့ဘဏ်ကထောက်ပံ့ငွေ၊ ချေးငွေ အီတလီ အစိုးရမှအတိုးမဲ့နှစ်ရှည်ချေးငွေနှင့် ပြည်ထောင်စုအစိုးရမှထည့်ဝင်ငွေများဖြင့် လူထုဗဟိုပြုစီမံကိန်း(Community Driven Development-CDD project)ကို တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်ပေါင်း(၆၃)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိုသိရှိရပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းနမ့်ဆန်မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မဘိမ်းမြို့နယ်၊ မိုင်းခတ် မြို့နယ်နှင့် မောက်မယ်မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အောင်မြင်မှုများရရှိနေပါကြောင်း၊ စီမံကိန်း သတ္တမနှစ်စက်ဝန်းတွင် (၁၃)မြို့နယ် တိုးချဲ့လျာထားချက်အရ ရှမ်းပြည်နယ်တွင် မြို့နယ်(၁)မြို့နယ် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်မှာဖြစ်ကြောင်း၊ လူထုဗဟိုပြုစီမံကိန်းကို ရှမ်းပြည်နယ်အနေဖြင့် ယခုလက်ရှိအထိ မြို့နယ်(၅)မြို့နယ် ဖြစ်သည့် နမ့်ဆန်၊ ဆီဆိုင်၊ မဘိမ်း၊ မိုင်းခတ်နှင့်မောက်မယ် မြို့နယ်တို့ရှိ ကျေးရွာအုပ်စုပေါင်း(၆၅)အုပ်စု၊ ကျေးရွာပေါင်း (၇၀၅)ရွာ၊ အခြေခံအဆောက်အဦ အမျိုးအစားစုစုပေါင်း(၁၂၃၀)ခုကို ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ရွေးချယ်ခြင်းမခံရသည့် မြို့နယ်အနေဖြင့် စိတ်ပျက်စရာမလိုဘဲ စီမံကိန်းအောင်မြင်တာနှင့်အမျှ ကမ္ဘာ့ဘဏ်နှင့်တခြားဖွံ့ဖြိုးရေးအေဂျင်စီ အသီးသီးက ထပ်မံပေးလာမည့် အကူအညီများနှင့် နိုင်ငံတော်အစိုးရဘတ်ဂျက်ရန်ပုံငွေ၊ ပြည်နယ်အစိုးရရန်ပုံငွေနှင့် တဖြည်းဖြည်း ဆက်လက်အကောင်အထည်ဖော် ပေးသွားမည်ဖြစ်သည့်အတွက် သည်းခံပြီးနားလည်မှုရှိစွာ စောင့်စားပေးကြရန်ကြိုတင် မေတ္တာရပ်ခံလိုပါကြောင်း၊ ရွေးချယ်ခံရပြီးမြို့နယ်အတွင်းရှိကျေးရွာများအားလုံးမှာ လုပ်ငန်းများအကောင်အထည်ဖော်ပါက လိုအပ်သည်များဝိုင်းဝန်းပံ့ပိုးကူညီပြီး စီမံကိန်းအောင်မြင်အောင်ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်မှ အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဉီးစီးမှူး ဦးမောင်မောင်ဝင်းမှ ရှမ်းပြည်နယ် အတွင်းစီမံကိန်း(၅)မြို့နယ် လုပ်ငန်းဆောင်ရွက်မှုများကိုရှင်းလင်းကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ လွှတ်တော်ရေးရာကော်မတီအသီးသီးမှ ဥက္ကဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်များ၊တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပြည်နယ်အတွင်းဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့် မိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 117 guests and no members online

Latest Updates