Articles

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စု၀န်ကြီး ဦးတင်နိုင်သိန်း၊ ကလောမြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုဖွံ့ဖြိုးရေးနှင့် ထောက်အကူပြု ကော်မတီများနှင့် တွေ့ဆုံ

တောင်ကြီး နိုင်ဝင်ဘာ - ၈

732

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စု၀န်ကြီး ဦးတင်နိုင်သိန်း၊ ရှမ်းပြည်နယ်၀န်ကြီးချုပ် ဦးစပ်အောင်မြတ်၊ ပြည်နယ်အစိုးအရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့် အတူ နိုဝင်ဘာ(၈)ရက် နံနက်(၉)နာရီခွဲက ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌  လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလောမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများနှင့် တွေ့ဆုံကြောင်း သိရှိရသည်။ 

735

အခမ်းအနားတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စု၀န်ကြီး ဦးတင်နိုင်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ တက်ရောက်လာသည့် အထောက်အကူပြုကော်မတီများမှ ဒေသဆိုင်ရာလိုအပ်ချက်များကို တင်ပြဆွေးနွေး ကြကြောင်းသိရသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စု၀န်ကြီး ဦးတင်နိုင်သိန်း၊ ရှမ်းပြည်နယ်၀န်ကြီးချုပ် ဦးစပ်အောင်မြတ် ပြည်နယ်အစိုးအရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့သည် မွန်းလွဲ(၁)နာရီက ကလောမြို့နယ်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလောမြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီများ၊ မြို့ပေါ် ရပ်ကွက်(၂၃)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၂၅)အုပ်စုမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူ ပြုကော်မတီဝင်များတို့နှင့် တွေ့ဆုံပြီး၊   ဒေသတွင်းလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန်နှင့် ၂၀၁၅-၂၀၁၆ခုနှစ် ဒေသန္တရစီမံကိန်းနှင့်ဘတ်ဂျတ်အသေးစိတ်စီမံခန့်ခွဲရန်အတွက်  အမှန်တကယ်လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆိုပြုတင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

733

ထို့နောက် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅)ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်းနှင့် ရှမ်းပြည်နယ်၀န်ကြီးချုပ် ဦးစပ်အောင်မြတ်တို့မှ အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စု အထောက်အကူပြုကော်မတီ ဝင်များတို့က ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ သောက်သုံးရေရရှိရေး၊ မီးလင်းရေးစသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ တင်ပြကြပြီး နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅)၊ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့မှ ကျေးရွာအတွင်း အမှန်တကယ်လိုအပ်သော လုပ်ငန်းများကို အသေးစိတ်စီမံခန့်ခွဲနိုင်ရေး ပြန်လည်ဆွေးနွေးညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။

736

 

 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲကျင်းပ

တောင်ကြီး    နိုဝင်ဘာ - ၇

728

   ၂၀၁၄ ခုနှစ် ရှမ်းပြည်နယ်တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲကို နိုင်ဝင်ဘာ(၇)ရက် ညနေ(၅)နာရီက တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ကျင်းပကြောင်းသိရသည်။ ပထမဦးစွာ စိန်နားပန်မီးပုံးပျံနှင့် ညမီးကြီးမီးပုံးပျံ(၁)လုံးစီးလွှတ်တင်ပြီး၊ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စတင်ရာ အလွတ်တန်းပြိုင်ပွဲ (စိန်နားပန်မီးပုံးပျံ ပြိုင်ပွဲနှင့် ပွဲတော်ရှုခင်း၊ ကွင်းဖွင့်ပွဲရှုခင်းများ ဓါတ်ပုံပြိုင်ပွဲ) တွင် နှစ်သိမ့်ဆု၊ တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အတွင်းရေးမှူးမှ ဆုချီးမြှင့်၍လည်းကောင်း၊ အလွတ်တန်းပြိုင်ပွဲ (ယမ်းမီးကြီး၊ ညလွှတ်မီးပုံးပျံ ဓါတ်ပုံပြိုင်ပွဲ)တွင် နှစ်သိမ့်ဆု တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်စာရင်းစစ်ချုပ်မှ လည်းကောင်း၊ အလွတ်တန်းပြိုင်ပွဲ (မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ မြို့လုံးကျွတ်ဘုံကထိန်ပွဲတော်၊ မီးပဒေသာလှည့်လည်ပူဇော်ပွဲ ဓါတ်ပုံပြိုင်ပွဲ) တွင် နှစ်သိမ့်ဆု တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်ဥပဒေချုပ်မှလည်းကောင်း၊ အလွတ်တန်း ပြိုင်ပွဲ (မီးပုံးပျံနေ့လွှတ်အရုပ်၊ အလှဓါတ်ပုံပြိုင်ပွဲ) တွင် နှစ်သိမ့်ဆု တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးမှလည်းကောင်း၊ နေ့အရုပ်ပြိုင်ပွဲ(ခြေနှစ်ချောင်း)တွင် ဂုဏ်ပြုဆု၊ ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲနှင့် ပိတ်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးမှလည်းကောင်း၊ နေ့အရုပ်ပြိုင်ပွဲ(ခြေလေးချောင်း)တွင် ဂုဏ်ပြုဆု၊  ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးမှလည်းကောင်း၊ နေ့အရုပ်(အုပ်စုပြိုင်ပွဲ) တွင် ဂုဏ်ပြုဆု၊ ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးမှလည်းကောင်း၊ စိန်နားပန်ပြိုင်ပွဲတွင် ဂုဏ်ပြုဆု၊ ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို တိုင်းဦးစီးအရာရှိ ဗိုလ်မှူးကြီးမိုးကျော်သူမှ လည်ကောင်း၊ ညမီးကြီးပြိုင်ပွဲတွင် ဂုဏ်ပြုဆု၊ ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှလည်ကောင်း၊ ညမီးပဒေသာ လှည့်လည်ပြိုင်ပွဲတွင် ဂုဏ်ပြုဆုများကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးမှလည်းကောင်း၊ နေ့လွှတ်အရုပ်အုပ်စု ပြိုင်ပွဲ တွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ လည်းကောင်း၊ နေ့အရုပ်ပြိုင်ပွဲ ခြေနှစ်ချောင်းတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ လည်းကောင်း၊ နေ့အရုပ်ပြိုင်ပွဲ ခြေလေးချောင်းတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှလည်းကောင်း၊ Miss Tazaungdaing ပြိုင်ပွဲတွင် ဂုဏ်ပြုဆု(၃)ရရှိသောသူများကို ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ဒေါ်ဌေးဌေးဝင်းမှ လည်းကောင်း၊ Miss Tazaungdaing ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွှန်မှလည်းကောင်း၊ စိန်နားပန်ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးဝင်းမှ လည်းကောင်း၊ ညမီးကြီးပြိုင်ပွဲတွင် တတိယဆုရပွဲတော်မီး၊ ဒုတိယဆုရHasty Powerမီး၊ ပထမဆုရ Ozoneမီးတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့မှ ဆုများကို အသီးသီးချီးမြှင့် ပေးကြကြောင်းသိရသည်။730

   ဆက်လက်၍ ရှမ်းပြည်နယ် ယဉ်ကျေးမှုအဖွဲ့က ကိန္နိရီ၊ ကိန္နရာအကနှင့် တိုးနယားဓါသိုင်းအက တို့ဖြင့် ကပြ ဖျော်ဖြေကြပြီး၊ တောင်ကြီးပညာရေးကောလိပ် သင်တန်းသူလေးများ နှင့် ရှမ်းပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များက တန်ဆောင်တိုင်သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ 

731

   ထို့နောက်ကျောင်းသား၊ ကျောင်းသူလေးများက အဝါရောင်၊ အနီရောင်၊ အစိမ်းရောင်မီးများကို ငြိမ်းကြပြီး၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ၁၃၇၆ခု တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ပိတ်သိမ်းကြောင်း ကြေငြာ၍တန်ဆောင်တိုင်ပွဲတော် အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ် မီးရှုး၊ မီးပန်း၊ မီးပုံးပျံ၊ မီးပုံးအလုံးငယ်(၁၀၀၀)များဖြင့် လွှတ်တင်ပိတ်သိမ်းလိုက်ကြောင်းသိရှိရသည်။

   အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း နှင့် ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ နှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးပုံးပျံပြိုင်ပွဲနှင့် Miss Tazaungdaing ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ဒေသခံမိဘပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ကြကြောင်းသိရှိရသည်။

729

                                                                                                                                                            မောင်မောင်သန်း(တောင်ကြီး)

 

(၂၀၁၅−၂၀၁၆) ခုနှစ်စီမံကိန်းနှင့် ဘတ်ဂျက်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၇

727

ရှမ်းပြည်နယ်အစိုးရအဖွဲ့ (၂၀၁၅−၂၀၁၆) ခုနှစ်စီမံကိန်းနှင့် ဘတ်ဂျက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ(၇)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဆက်လက်၍ သမ္မတရုံးဝန်ကြီးဌာန(၅)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်အောင်က Power Point ဖြင့် စီမံကိန်း ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးများနှင့်သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ (၂၀၁၅−၂၀၁၆) ခုနှစ်စီမံကိန်း ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဖြည့်စွက် ဆွေးနွေးပြီး၊ သမ္မရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရှိရသည်။

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

မသိုးသင်္ကန်း ယက်လုပ်ယှဉ်ပြိုင်ပွဲနှင့် ဆက်ကပ်လှူဒါန်း၊ ကထိန်ရေစက်ချ အခမ်းအနား

တောင်ကြီး နိုဝင်ဘာ   ၆

722

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မသိုးသင်္ကန်းယက်လုပ်ယှဉ်ပြိုင်ပွဲနှင့် ဆက်ကပ်လှူဒါန်းပွဲ ကို နိုဝင်ဘာ(၅)ရက် ညနေ(၆)နာရီက တောင်ကြီးမြို့ စူဋ္ဌာမုနိလောကချမ်းသာ ဘုရားရင်ပြင်တော် ပေါ်တွင် ကျင်းပကြောင်း သိရသည်။

723

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အေးဝင်းနှင့် ဇနီး ဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဓမ္မာစင်္ကြာ ဝတ်အသင်းများက စူဋ္ဌာမုနိလောကချမ်းသာဘုရားရင်ပြင်တော်ပေါ်တွင် လက်ယာရစ် တစ်ပတ် လှည့်လည်ပူဇော်ကြပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ဒေါ်ဌေးဌေးဝင်းတို့က မသိုးသင်္ကန်းယက်လုပ် ယှဉ်ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ မသိုးသင်္ကန်းယက်လုပ် ယှဉ်ပြိုင်နေမှုများ၊ ကြာရိုးတို့မှ ကြာသင်္ကန်းပြုလုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

724

ဆက်လက်၍ နိုဝင်ဘာ(၆)ရက် နံနက်(၄)နာရီတွင် မသိုးသင်္ကန်းများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ် ဝန်ကြီးများတို့ကို မသိုးသင်္ကန်းများ ပေးအပ်ပြီး၊ ဘုရားလှိုင်ဂူအတွင်း လက်ယာရစ်ပတ် ပူဇော် ကြကာ စူဋ္ဌာမုနိလောကချမ်းသာဘုရား လှိုင်ဂူ(၄)ဘက်ရှိ ဗုဒ္ဓမြတ်စွာဘုရားများကို ဆက်ကပ် လှူဒါန်းကြကြောင်း သိရှိရသည်။ 

725

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူတို့က ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဘဒ္ဒန္တပညာသီရိ(အဂ္ဂမဟာပဏ္ဍိတ) မင်းကွန်းကျောင်းတိုက် ဆရာတော်ထံတွင် ငါးပါးသီလခံယူဆောက်တည်ကြ၍ ဆရာတော်များ ပွားများအပ်သော ပရိတ်တရားတော်မြတ်များကို နာယူကြကြောင်းသိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ ပြီး၊ မသိုးသင်္ကန်းယက်လုပ် ယှဉ်ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်နှင့် တိုင်းမှူး၏ဇနီး ဒေါ်ဌေးဌေးဝင်းတို့က ဆုများ ချီးမြှင့်ပေးကြကြောင်း သိရသည်။

ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချတရားနာသူကြရာ ပြည်နယ်သံဃ နာယကအဖွဲ့ ဥက္ကဌ ဘဒ္ဒန္တပညာသီရိထံမှ တရားနာယူကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဆရာတော်သံဃာတော်များကို အာရုံဆွမ်းဆက်ကပ်ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ဆုတောင်းပြည့်အတုလမာရဇိန်မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံ တွင် (၆၇)ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော် တရားနာရေစက်ချပွဲတို့ တက်ရောက်ကြ ရာ ပထမဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ကြပြီး၊ နိုင်ငံတော်   သြဝါဒါစရိယ(အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနစရိယ) စွန်းလွန်းဂူ ကမ္မာဌာန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသထံမှ ငါးပါးသီးလခံယူဆောက်တည်ကြပြီး၊ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကိုရွတ်ပွား သရဇ္စျာယ် ချီးမြှင့်ပေးကြသည်။

726

ထို့နောက် မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကျင်းပရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ ဦးစွန်ကြိုင်မှ မဟာဘုံကထိန်ပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍တင်ပြရှင်းလင်းလျှောက်ထားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အေးဝင်းနှင့် ဇနီး ဒေါ်ဌေးဌေးဝင်း၊ ပြည်နယ် လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူတို့သည် ဆရာတော် သံဃာတော်များအား ကထိန်လျာသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီးတို့က နိုင်ငံတော်   သြဝါဒါစရိယ(အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနစရိယ) စွန်းလွန်းဂူ ကမ္မာဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြကာ၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားနာယူကြပြီး ဆရာတော် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရှိရသည်။

 

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 95 guests and no members online