Articles

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံ   ဇူလိုင်   ၂၃

595

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ဇူလိုင်(၂၃)ရက် နံနက်(၉)နာရီတွင် နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊  မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ (NGO)အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။ 

   အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က" အစိုးရအဖွဲ့အနေနဲ့ ကျန်ရှိတဲ့ကာလအတွင်း ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေးမှာ အခြေခံအုတ်မြစ်ခိုင်မာအောင် ဆောင်ရွက်ပေးရမည့် တာဝန်နဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားရေးကို ဦးစားပေးကာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမဲ့ တာဝန်တို့ကို ထိထိရောက်ရောက်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အခမ်းအနားသို့တက်ရောက်လာ ကြသည့် ဖွဲ့စည်းပြီးကော်မတီများနှင့် ရပ်မိရပ်ဖများအနေဖြင့် မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို တင်ပြပေးရန်နှင့် တင်ပြချက်များအပေါ် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည့် အချက်များကို တင်ပြ ညှိနှိုင်းဆောင်ရွက် ပေးသွားမည်"ဟု ရှင်းလင်းဆွေးနွေးကာ အဖွင့်အမှာစကားပြောကြား သည်။ 

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ပြည်နယ်အတွင်းရှိ ကဏ္ဍအသီးသီးတို့၏ တိုးတက်မှုများနှင့် လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆက် ခရိုင်အုပ်ချုပ်ရေးမှူးများက ဒေသတွင်းဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို ရှင်းလင်း တင်ပြကြသည်။ 

   ဆက်လက်ပြီး မြို့နယ်(၉)မြို့နယ်မှ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ နှင့် စည်ပင်သာယာရေးကော်မီဝင်တို့က ဒေသတွင်းလိုအပ်သော လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန် ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက ပြန်လည်ဆွေးနွေးကြသည်။

   ထို့နောက် ပြည်နယ် အစိုးရအဖွဲ့က မြို့နယ်(၉)မြို့နယ်အတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သိန်း(၄၀၀)စီဖြင့် စုစုပေါင်းငွေကျပ် သိန်း(၃၆၀၀)ကိုလည်းကောင်း၊ ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၃၀၀)စီဖြင့် ဒါဇင်ပေါင်း (၂၇၀၀)ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ အသီးသီးတို့က လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)

ပေးပို့သူ-ဒေါ်မြင့်မြင့်ခိုင်၊ လက်/ညွှန်၊ ပြန်/ဆက်၊ ရှမ်းပြည်နယ်၊ တွဲဖက်ပြည်နယ်၊ ကျိုင်းတုံမြို့

ဓာတ်ပုံ- ဦးလော်ကူး၊ ဓာတ်ပုံ-၂၊ ခရိုင် ပြန်/ဆက်၊ ကျိုင်းတုံမြို့

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်‌အောင်မြတ် တာချီလိတ်မြို့ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများကြည့်ရှု

တာချီလိတ် ဇူလိုင် ၂၂

594

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်‌အောင်မြတ်သည် ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်း‌ရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် ဇူလိုင် ၂၂ ရက် ည‌နေပိုင်းက တာချီလိတ်မြို့ မင်း‌ခေတ်သစ်ကုမ္ပဏီကတာဝန်ယူတည်‌ဆောက်လျက်ရှိ‌သော      ပါဆတ်ကား‌လေးကွင်းတည်‌ဆောက်‌ရေးစီမံကိန်းရှင်းလင်း‌ဆောင်သို့ ‌ရောက်ရှိလာရာ မြို့နယ်စည်ပင် သာယာ‌ရေးအဖွဲ့ အမှု‌ဆောင်အရာရှိ နှင့် စီမန်ကိန်းအင်ဂျင်နီယာတို့က ပါဆတ်ကား‌လေးကွင်း တည်‌ဆောက်ပြီးစီးမှုအ‌ခြေအ‌နေများကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ 

   ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝမ်‌ကောင်းရပ်ကွက်တွင် တည်‌ဆောက်လျက်ရှိ‌သော အဆင့်မြင့် နှစ်ထပ်မြို့မ‌ဈေးသစ် တည်‌ဆောက်ပြီးစီးမှု အ‌ခြေအ‌နေများကို လှည့်လည်ကြည့်ရှုစစ်‌ဆေးရာ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှု‌ဆောင်အရာရှိ နှင့် စီမံကိန်းအင်ဂျင်နီယာတို့က မြို့မ‌ဈေးသစ်တည်‌ဆောက်ပြီးစီးမှုနှင့် ဆိုင်ခန်းများ ပြန်လည်ချထားမည့် အ‌ခြေအ‌နေများကို ရှင်းလင်းတင်းပြရာ၊ ပြည်နယ်ဝန်ကြီးချုပ်က ''လုပ်ငန်းများ သတ်မှတ်ကာလ အတွင်း ပြီးစီး‌ရေး၊ ‌ရေထုတ်‌မြောင်းများ‌ကောင်းမွန်‌ရေး၊ ဆိုင်ခန်းပြန်လည် ချထား‌ရေးကိစ္စများ'' စသည်တို့ကို မှာကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီချုပ်နှင့် အဖွဲ့သည် ဝမ်‌ကောင်းရပ်ကွက် ဘုရင့်‌နောင်ပုဂ္ဂလိက‌ဈေးသစ်ဖွင့်ပွဲသို့ ‌ရောက်ရှိလာရာ ဘုရင့်‌နောင်‌ဈေးသစ်အား ပြည်နယ်စည်ပင် သာယာ‌ရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးတင်ဝင်း‌ရွှေ၊ ‌ဈေးပိုင်ရှင် ဦးထွန်း‌နေဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ‌ဈေးသစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ် ‌ပေးသည်။ ယင်း‌နောက်  ပြည်နယ်စည်ပင်သာယာ‌ရေးဝန်ကြီး ဦးစိုင်းလှဝင်းက အမှာစကား‌ပြောကြားရာတွင် ''နိုင်ငံ‌တော်အစိုးရလက်ထက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နယ်စပ်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ရည်ရွယ်ပြီး ‌ဆောက်လုပ်ခွင့်ပြုခဲ့‌ကြောင်း၊ ‌ဈေးသစ်ဖွင့်လှစ်ခြင်း ‌ကြောင့် ‌ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး ဆင်းရဲမှု‌လျှော့ချ‌ရေးလုပ်ငန်းစဉ်‌အောင် မြင်‌ရေးအတွက် အ‌ထောက် အကူဖြစ်ပါ‌ကြောင်းနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုပြယုဂ်တစ်ခုဖြစ်‌ကြောင်း'' စသည်ဖြင့် ပြောကြားသည်။ ထို့‌နောက် ‌ဈေးပိုင်ရှင် ဦးထွန်း‌နေဦးက ‌ငွေပ‌ဒေသာပင်အတွက်အလှူ‌ငွေများ‌ပေးအပ်ရာ ပြည်နယ်စည်ပင်သာယာ‌ရေး ‌ကော်မတီအတွက် ငွေကျပ် (၅ဝ)သိန်း၊ စစ်ဗျူဟာအဖွဲ့အ‌ခြေချ(တာချီလိတ်) တပ်နယ်မိသားစု ပညာ‌ရေးအတွက် ‌ငွေကျပ် (၃ဝ)သိန်း၊ မြို့ဖွံ့ဖြိုးတိုးတက်‌ရေးတွက် ငွေကျပ် (၃ဝ)သိန်း၊ မြို့နယ် စည်ပင်သာယာ‌ရေး‌ကော်မတီအတွက် ငွေကျပ် (၃ဝ)သိန်း ‌ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူသည်။

    ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နဂါးနှစ်‌ကောင်‌ကျောင်းတိုက်ဆရာ‌တော် ကြီးအား ဖူး‌မြော်ပြီး ဝါဆိုသကင်္န်းဆက်ကပ်လှူဒါန်းခဲ့‌ကြောင်း သတင်းရှိရသည်။

 

(၂၀၁၃-၂၀၁၄) ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား၊ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး    ဇူလိုင်    ၁၀

593

   ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ် စည်ပင်သာယာရေးကော်မတီဝင်များနှင့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ နှင့်အတူ ဇူလိုင်(၁၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ (၂၀၁၃-၂၀၁၄)ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြ ကြောင်းသိရသည်။

   ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ထောက်ပံ့ငွေနှင့် ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီ ထောက်ပံ့ငွေတို့ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ဘာသာပေါင်းစုံ သုဿန်လမ်းသို့ ရောက်ရှိစစ်ဆေးခဲ့ရာ သုဿန်သွားလမ်းသည် ဝါးပြားလမ်းဆုံမှ မီးသဂြိုလ်စက်အထိ အရှည်(၂.၅)မိုင်ရှိပြီး မူလလမ်းအကျယ်(၁၂ ပေ)ရှိ၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ သုဿန်သွားလမ်း တိုးချဲ့ခြင်းလုပ်ငန်းအား အပိုင်း(၂)ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ ကြောင်း၊ ပထမပိုင်းတွင် ဝါးပြားလမ်းဆုံမှ အောင်အပ်နှံကုန်းဆင်းအထိ အရှည်(၁မိုင်)ရှိသောလမ်းအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ထောက်ပံ့ငွေဖြင့် လမ်းအကျယ်(၁၆ ပေ)တိုးချဲ့ခြင်းနှင့် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ရာ လုပ်ငန်းတန်ဖိုးကျပ်(၆၆၉.၆၅)သိန်းနှင့် ပြည်နယ် အရံကတ္တရာမှ ထောက်ပံ့ပေးခဲ့သည့် ကတ္တရာ(၃၂တန်) တန်ဖိုးကျပ်(၂၃၀.၄)သိန်း စုစုပေါင်းကျပ် (၉၀၀.၀၅)သိန်း အကုန်ကျခံဆောင်ရွက်ခဲ့ပြီး၊ ဒုတိယပိုင်းအဖြစ် အောင်အပ်နှံကုန်းဆင်းမှ မီးဂြိုလ်စက်အထိ အရှည်(၁.၅)မိုင် ရှိသောအပိုင်းအား ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီမှ ထောက်ပံ့ငွေကျပ်(၁၁၀၁.၀၈)သိန်းနှင့်ဌာနမှ ဘတ်ဂျတ်ခွင့်ပြုငွေ(၂၇၈.၃၆)သိန်း စုစုပေါင်းကျပ် (၁၃၇၉.၄၄)သိန်းဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှာ လမ်းအကျယ်တိုးချဲ့ခြင်းလုပ်ငန်း ကျပ်(၆၀၄.၁၄)သိန်း၊ ကျောက်ချောလမ်း တိုးချဲ့ခင်းခြင်းလုပ်ငန်းကျပ်(၃၁၃.၉၄)သိန်း၊ တံတား(၇)စင်း တည်ဆောက်ခြင်း လုပ်ငန်းကျပ်(၁၈၃)သိန်းတို့ဖြစ်၍ စုစုပေါင်းကျပ်(၁၁၀၁.၀၈)သိန်း ဖြစ်ပြီး၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန ဘတ်ဂျတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းမှာ လမ်းအကျယ် တိုးချဲ့ခြင်းလုပ်ငန်းတွင် ကျပ်(၂၇၈.၃၆)သိန်း သုံးစွဲခဲ့ကြောင်းသိရသည်။

   ဆက်လက်၍ (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ်တွင် ဘာသာပေါင်းစုံ သုဿန်သွားလမ်းတွင် ဆောင်ရွက်ရန်ကျန်ရှိသော လုပ်ငန်းများမှာ အောင်အပ်နှံကုန်းဆင်းမှ မီးသဂြိုလ်စက်အထိ ကျောက်ချောလမ်း တိုးချဲ့ပြီးဖြစ်သော အရှည်(၁.၅)မိုင် အကျယ်(၂၀ ပေ)အား ကတ္တရာလမ်း တိုးချဲ့ခင်းကျင်း လုပ်ငန်းကျပ် (၁၃၁၃.၅၄)သိန်းနှင့် တံတားဟောင်း(၃)စင်း ပြုပြင်ခြင်း လုပ်ငန်း ကျပ်(၁၃၀.၇၆)သိန်း စုစုပေါင်းကျပ်(၁၄၄၄.၃၀)သိန်းဖြစ်ပြီး၊ လုပ်ငန်းများအား (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ်တွင် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီမှ ထောက်ပံ့ငွေကျပ်(၉၆၉.၃၄)သိန်းဖြင့် ဆောင်ရွက်ခဲ့သော မီးသဂြိုလ်စက်အသစ် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် စတင်သုံးစွဲနေမှု အခြေ အနေအား ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးနှင့် အဖွဲ့တို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထို့နောက် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ(၂၀၁၃-၂၀၁၄)ခု ဘဏ္ဍာရေးနှစ် အတွင်း ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီနှင့် ဘာသာပေါင်းစုံ သုဿန်သွားလမ်း လုပ်ငန်း၊ မီးသဂြိုလ်စက်လုပ်ငန်းများအတွက် ထောက်ပံ့ငွေစုစုပေါင်းကျပ်(၂၃၀၀.၈၂)သိန်းရရှိခဲ့ပြီး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးနှင့် အဖွဲ့သည်(၂၀၁၀)ခုနှစ် ကမ္ဘောဇဘဏ်လီမီတက်မှ လှူဒါန်းငွေဖြင့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ခဲ့သော ဘာသာပေါင်းစုံ သုဿန် ရေခဲတိုက်နှင့် မြို့သာယာလှပရေးလုပ်ငန်းများအတွက် ဗိုလ်ချုပ်ပန်းခြံအတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ Taunggyi Shopping Center  တည်ဆောက်ရေးလုပ်ငန်းခွင်တွင် သီဟဖွံ့ဖြိုးရေးကုမ္ပဏီမှ ပြုလုပ်သော စီမံကိန်းအစည်းအဝေးသို့ တက်ရောက်၍ စီမံကိန်း မန်နေဂျာ ဇော်လင်းအောင်နှင့်ကုမ္ပဏီမှ စီမံကိန်း အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးစောထွေးဇော်တို့၏ ရှင်းလင်းတင်ပြမှုများအား ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးမှ ပြန်လည်ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဟိုပန်မြို့နယ်ခရီစဉ်သတင်း

တောင်ကြီး   ဇူလှိုင် - ၁၈

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်သည် အဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ လိုက်ပါလျှက် ဇူလှိုင်(၁၈)နေ့တွင် 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့သို့ရောက်ရှိပြီး ၁၃၅၀ချိန်တွင် မြို့တော်ခန်းမ၌ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု Third Wave လုပ်ငန်းစဉ်များဆွေးနွေး ကျင်းပခဲ့သည်။ ဟိုပန်မြို့နယ်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ဟိုပန်ခရိုင်အတွင်းရှိ 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခရိုင်/ မြို့နယ်အဆင့် စီးမံခန့်ခွဲမှုကော်မတီဝင်များ၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြု ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ဝန်ကြီးချုပ်မှ ယနေ့ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေမှုအခြေအနေ၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် နေမှုအခြေအနေ၊ နိုင်ငံတော်တည်ငြိမ်မှုနှင့် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှုအတွက် နိုင်ငံရေးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည့် အခြေအနေ၊ စီးပွားရေးလူမှုရေး ပြုပြင်ပြောင်းလဲ မှုများကို အခြေခံမူဘောင်နှင့် အညီဆောင်ရွက်ရန်လိုသည့် အခြေအနေ၊ ဘဏ္ဍာရေးနှင့် အခွန်စနစ် များပြုပြင်ပြောင်းလဲမှုနှင့် ငွေကြေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အခြေအနေနှင့် နိုင်ငံတော်၏ လူမူဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များကို အကောင်အထည်ဖော်ရန် ဦးစားပေး လုပ်ငန်းစဉ် (၇)ရပ်ကို ချမှတ် ဆောင်ရွက်လျှက်ရှိကြောင်း၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်ရာတွင် မြို့နယ်များကို ဦးစာပေး အစီအစဉ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

   ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် လိုက်ပါလာသောပြည်နယ်ဝန်ကြီးများမှလည်း ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ငန်းရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။ ဆွေးနွေးပွဲတွင် 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ အတွင်းရေးမှူးဦးမျိုးအောင်မှ ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို တင်ပြဆွေးနွေးပါသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အစည်းအဝေးကို (၁၅၀၀)ချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်၍ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့သို့ ထွက်ခွာခဲ့ပြီးညအိပ်ရပ်နားခဲ့ကြောင်း သတင်း ရရှိပါသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 114 guests and no members online