Articles

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Taunggyi Highway Bus Terminal & Logistic Warehouse ကုမ္မဏီအဖွဲ့နှင့် တွေ့ဆုံ

တောင်ကြီး   ဖေဖေါ်ဝါရီ  ၁၉

 

042

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသောဦးစီးအဖွဲ့ ဥက္ကဌ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖေဖေါ်ဝါရီ(၁၉)ရက် မွန်းလွဲ(၁)နာရီက ရှမ်းပြည်နယ်အစိုးရ အစည်းအဝေခန်းမ၌ Taunggyi Highway Bus Terminal & Logistic Warehouse  ကုမ္မဏီအဖွဲ့နှင့်တွေ့ဆုံ နှင့်တွေ့ဆုံဆွေးနွေးသည်။

 

   ပထမဦးစွာ Taunggyi Highway Bus Terminal & Logistic Warehouse  ကုမ္မဏီမှ ဒုတိယမန်နေဂျာဦးလွင်မိုးက Highway လမ်းမကြီးတည်ဆောက်မည့်ပုံစံများကို Projector ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။ 

 

   ဆက်လက်၍ အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ တင်ဒါခေါ်ယူထားသည့် အချက်အလက်များ ရှင်းလင်းခြင်း၊ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်းက ရေရရှိရေးအတွက် ဆွေးနွေးပြီး၊ ပြည်နယ်ဥပဒေချုပ်မှ လုပ်ငန်းစာချုပ်နှင့် ပက်သက်၍ ရှင်းလင်းခြင်း၊ ပြည်နယ်ဘဏ္ဏာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ယာဉ်ရပ်နားမည့် နေရာနှင့် ပက်သက်၍ ဆွေးနွေးခြင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လုပ်ငန်းနှင့် ပက်သက်၍ လိုအပ်သည့်လုပ်ငန်းများကို ပြန်လည်ဖြည့်ဆည်းမှာကြားခဲ့သည်။ 

 

   ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး တွေ့ဆုံပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

(၁၆)ကြိမ်မြောက် တောင်ကြီးပညာရေးကောလိပ် ဆရာအတတ်ပညာ ဒီပလိုမာ/လက်မှတ်ပေးအပ်

တောင်ကြီး ဖေဖော်ဝါရီ  ၁၇

 

ရှမ်းပြည်နယ်၊ တောင်ကြီးပညာရေးကောလိပ် (၁၆)ကြိမ်မြောက် ဆရာအတတ်ပညာ ဒီပလိုမာ/လက်မှတ် ပေးအပ်ပွဲကို ဖေဖော်ဝါရီ (၁၇)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပညာရေးကောလိပ်၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

 

“အမျိုးသားပညာရည် မြင့်မားရေး၊ ပညာရေးမြှင့်တင်မှုကို နိုင်ငံတစ်ဝန်း ပညာရေးကောလိပ်ကျောင်း (၂၀) တို့တွင် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ(ပထမနှစ်) သင်တန်းများကို (၁၉၉၈-၁၉၉၉) ပညာသင်နှစ် ဒီဇင်ဘာလတွင် အမှတ်စဉ်(၁)မှ စတင်ဖွင့်လှစ်ခဲ့ပြီး၊ (၂၀၁၂-၂၀၁၃) ပညာသင်နှစ်တွင် အမှတ်စဉ် (၁၇)ထိလည်းကောင်း၊ ဒုတိယနှစ်သင်တန်းများကို (၂၀၀၀-၂၀၀၁)ပညာသင်နှစ် ဧပြီလတွင် အမှတ်စဉ်(၁)မှ စတင်ဖွင့်လှစ်၍ (၂၀၁၂-၂၀၁၃)ပညာသင်နှစ်တွင် အမှတ်စဉ်(၁၆)ထိ လေ့ကျင့်ပေးခဲ့ကြောင်း၊ (၂၀၁၂-၂၀၁၃) ပညာသင်နှစ်တွင် တောင်ကြီးပညာရေးကောလိပ်၌ လေ့ကျင့်သင်ယူခဲ့သည့် အမှတ်စဉ်(၁၆/၁၁) ဒုတိယနှစ် အောင်မြင်သူ သင်တန်းသူ(၁၇၂)ဦး၊ အမှတ်စဉ်(၁၇/၁၂) ပထမနှစ်အောင်မြင်သူ သင်တန်းသူ(၃၀၁)ဦးကို သက်ဆိုင်ရာ ဒီပလိုမာ/လက်မှတ်များ ချီးမြှင့်ပေးအပ်မှာ ဖြစ်ကြောင်း၊ အမှတ်စဉ်(၁၆/၁၁) ဒုတိယနှစ် အောင်မြင်သူ (၁၇၂)ဦးမှ သင်တန်းသူ(၂၆)ဦးသည် စစ်ကိုင်းပညာရေးတက္ကသိုလ် (B.ED) တတိယနှစ် သင်တန်းကို တက်ရောက်ခွင့်ရရှိပြီး သင်တန်းသူ (၁၄၆)ဦးကိုလည်း အမှတ်စဉ်(၁၇/၁၂) ပထမနှစ် အောင်မြင်သူ (၃၀၁)ဦးမှ သင်တန်းသူ(၆)ဦးကို သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေး၍ (၂၀၁၄)ခုနှစ် မေလတွင် မူလတန်းပြ ဆရာများအဖြစ် တာဝန်ပေးအပ် ခန့်အပ်သွားမည် ဖြစ်ကြောင်း၊ ဆရာမလောင်းများကို လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်းပြီး အသိပေး ပြောကြားလိုကြောင်း၊ လူတိုင်းပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် နိုင်ငံတော်မှ အဘက်ဘက်က စီစဉ်ဆောင်ရွက်နေချိန်တွင် ဆရာ/ဆရာမများအနေနှင့် ကလေးများကျောင်းနေပျော်၍ စာတော်အောင် စွမ်းဆောင်ပေးကြရန်၊ ကလေးတစ်ဦးချင်းစီ၏ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကျန်းမာရေး အသိပညာရရှိရန် Life Skill ဘာသာရပ်တွင် လေ့ကျင့်သင်ကြားပေးရန်၊ အားကစားနှင့် ရသခံစားနိုင်ရန် ပန်းချီနှင့် ဂီတကို သင်ကြားပေး၍ လိမ္မာယဉ်ကျေးနိုင်ရန် ပြည်သူ့နီတိ၊ လောကနီတိ ပညာရပ်များနှင့်  သဘာဝဘေးအန္တာရယ် သိရှိကြိုတင်ကာကွယ်ရေး ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု အလေ့အကျင့်များရရှိအောင် သင်ကြားပေးရန် လိုကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ မိမိတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်ခွန် ကိုယ့်အားဖြင့် ဆောင်ရွတ်တတ်သည့် စိတ်ဓာတ် အမှုအကျင့်များကို လေ့ကျင့်ပျိုးထောင်ပေးကြရန် ” အတွက်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ လမ်းညွှန်အမှာစကား ပြောကြားသွားသည်။

 

ဆက်လက်၍ နိုင်ငံတော်သီချင်းတီးမှုတ်၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဆရာအတတ်ပညာ ဒီပလိုမာ/လက်မှတ် အပ်နှင်းပွဲ ကျင်းပရခြင်းနှင့် ပက်သက်၍ တောင်ကြီးပညာရေးကောလိပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဖြူဖောင်းမှ ရှင်းလင်းပြောကြားကာ ဆရာအတတ်ပညာဒီပလိုမာ သင်တန်းအောင်မြင်ပြီးမြောက်ခဲ့သည့် ဆရာအတတ်ပညာ သင်တန်းသူများအား ဒီပလိုမာ/လက်မှတ်များကို  ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ဒီပလိုမာဘွဲ့ရ သင်တန်းသူများ၊ မိဘပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်သောအဖွဲ့မှ အခမဲ့ ကျန်းမာရေး ကွင်းဆင်းစောင့်ရှောက်ပေးခဲ့မှု ခရီးစဉ်

တောင်ကြီး   ဖေဖော်ဝါရီ   ၁၅

 

 041

 

ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်လျက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦး၊ လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်ဝင်း၊ လွိုင်လင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွေး၊ အထူးကုဆရာဝန်ကြီးများနှင့် ရာစုသစ် သွေးလှူရှင်များအသင်းတို့မှ ပူးပေါင်းလိုက်ပါလျက် (၁၅-၂-၂၀၁၄)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် မောက်မယ်မြို့သို့ ရောက်ရှိခဲ့ကြပြီး မောက်မယ်ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြပါသည်။ အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု အခမ်းအနားသို့ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံပြည်သူများ လာရောက်ပြသခဲ့ရာ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်များမှ အထွေထွေရောဂါ (၃၁၀)ဦး၊ ခွဲစိတ်လူနာ (၄၆)ဦး၊ အရိုးလူနာ (၁၁၈)ဦး၊ မီးယပ်သားဖွား (၂၅)ဦး၊ ကလေးလူနာ (၃၁)ဦး၊ မျက်စိလူနာ (၁၈၃)ဦး၊ သွားရောဂါ (၂၂)ဦး စုစုပေါင်းလူနာ (၇၃၅)ဦးတို့ကို ဆေးဝါးများပေး၍ အခမဲ့ ကုသပေးခဲ့ကြပါသည်။

 

နံနက်(၁၀:၀၀)နာရီ တွေ့ဆုံပွဲအခမ်းအနားတွင် မောက်မယ်မြို့နယ်ဆေးရုံအတွက် အလှူငွေကျပ် (၁၀)သိန်းနှင့် အခမဲ့ ကျန်းမာရေး ကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းအတွက် ငွေကျပ်(၅)သိန်းတို့ကို လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပေးအပ်လှူဒါန်းခဲ့ရာ မောက်မယ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးမှ လက်ခံရယူခဲ့ပါသည်။

 

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့မှ မိုးနဲမြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး၊ ခိုလမ်ဆေးရုံအုပ်ကြီး ဒေါက်တာယုဝေနှင့် အထူးကုဆရာဝန်များအဖွဲ့တို့ ပူးပေါင်းလိုက်ပါကြလျက် မိုးနဲအထကကျောင်းတွင် မိုးနဲမြို့နယ် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းအဖွဲ့တို့ဖြင့် ဒေသခံပြည်သူများမှ အထွေထွေရောဂါနှင့် မျက်စိလူနာ (၄၇၃)ဦး၊ ခွဲစိတ်နှင့် အရိုးလူနာ (၅၇)ဦး သားဖွားမီးယပ်လူနာ (၃၂)ဦး ကလေးလူနာ (၉၁)ဦး စုစုပေါင်း လူနာ(၆၅၃)ဦးတို့အား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြပါသည်။

 

နေ့လည်(၁:၀၀)နာရီတွင် မိုးနဲမြို့နယ် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိုးနဲပြည်သူ့ဆေးရုံအတွက် အလှူငွေကျပ်(၁၀)သိန်း၊ မိုးနဲမြို့ အခမဲ့ ကျန်းမာရေး ကွင်းဆင်းဆောင်ရွက်မှုလုပ်ငန်းအတွက် ငွေကျပ်(၅)သိန်း တို့ကို လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပေးအပ်လှူဒါန်းခဲ့ရာ မိုးနဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့် မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အသီးသီး လက်ခံရယူပေးခဲ့ကြပါသည်။

 

ဆက်လက်၍ နေ့လည်(၂:၀၀)နာရီတွင် မိုးနဲပြည်သူ့ဆေးရုံ၊ မိုးနဲမြို့နယ် တိုင်းရင်းဆေးကုဌာန၊ မိုးနဲအခြေခံပညာကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှုတို့ကို ဝင်ရောက်စစ်ဆေးပြီး ညနေပိုင်းတွင် တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သတင်းရရှိပါသည်။

 

မြန်မာသက္ကရာဇ် ၁၃၇၅ခုနှစ်၊ ၂၀၁၄ခုနှစ် ၊တောင်ကြီးမြို့ အဋ္ဌမကြိမ်မြောက် မြန့်မာရိုးရာ ထမနဲထိုးပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၁၃

 

039

 

040

 

မြောက်လေသွေး၍ ချမ်းအေးလှသော တပို့တွဲလတွင် အအေးဓါတ်လွန်ကဲ၍ အဆီခြောက်ခမ်းချိန် ဖြစ်သဖြင့် ဆီနိုင်သော ထမနဲကိုစားသုံးခြင်းဖြင့် အသားအရေစိုပြေလာပြီး အပူဓါတ်ရရှိကာ ကျန်းမာရေး ညီညွတ် ကောင်းမွန် စေရန်အတွက်လည်းကောင်း၊ မြတ်စွာဘုရားရှင်နှင့်တပည့်သား သံဃာတော်များအား ယာဂု၊ ထမနဲ ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်း၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြရန်အတွက်လည်းကောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတက်စေရန်အတွက်လည်းကောင်း၊ ထမနဲထိုး ပြိုင်ပွဲများ ကျင်းပခြင်းဖြင့် စည်းလုံး ညီညွတ်မှု၏ အင်အားစည်းလုံးမှု၏ အကျိုးသက်ရောက်မှုများကို သိရှိစေရန် အတွက်လည်းကောင်း ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အဋ္ဌမကြိမ်မြောက်  တောင်ကြီးမြို့၏ ၂၀၁၄ခုနှစ် မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၃)ရက် မွန်းလွဲ(၃)နာရီက အဝေယာကုန်းသာယာမီးပုံးပျံကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လျှပ်စစ်နှင့်စက်လက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြိုင်ပွဲဝင်အသင်းများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ ပြိုင်ပွဲကို စတင်ယှဉ်ပြိုင် စေသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဧည့်သည်တော်များက ပြိုင်ပွဲဝင် အသင်းသား/သူများမှ ပျော်ရွင်စွာ စည်းလုံးမှုရှိစွာ ထမနဲထိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

 

ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်နှင့်အကဲဖြတ်အမှတ်ပေးနေစဉ်အတွင်း ပြန်ကြားရေးဌာနမှ ထမနဲနှင့်ပက်သက် သည့် သိကောင်းစရာများကို ရှင်းလင်းဖတ်ကြားခြင်း ယဉ်ကျေးမှုအဖွဲ့များမှ ကိန္နရီ/ကိန္နရာအကများဖြင့် လည်းကောင်း၊ တိုင်းရင်းသားရိုးရာအကများဖြင့်လည်းကောင်း၊ ဧည့်ခံကပြဖျော်ဖြေခဲ့ကြသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပထမဦးစွာ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးမှ ဂုဏ်ပြုဆုများပေးအပ်၍လည်းကောင်း၊ ဆုရရှိသည့်အသင်း(၂၀)အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျန်(၄၁) သင်းအား ပြိုင်ပွဲဝင်ဆုများချီးမြှင့်ကြကာ ထမနဲထိုးပြိုင်ပွဲသို့ တက်ရောက်လာသည့် ဧည့်သည်တော် များအား ထမနဲများဖြင့် ဧည့်ခံ၍၊ ဒေသခံပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ထမနဲထုပ်များ ဝေငှပေးသည်။

 

ပြိုင်ပွဲတွင် ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ (တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်) တို့မှ ရပ်ကွက်ပြည်သူများပါဝင်ဆင်နွဲကြပြီး ပြိုင်ပွဲဝင်အသင်းပေါင်း (၆၁)သင်းမှ အိုးစည်ဗုံမောင်းအကများဖြင့် တပျော်တပါးပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 141 guests and no members online